Home » » မလေးရှားက သင်္ဘာကျင်း လုပ်သားတချို့  ပြည်တော်ပြန်လာ

မလေးရှားက သင်္ဘာကျင်း လုပ်သားတချို့  ပြည်တော်ပြန်လာ

Written By Unknown on Thursday, January 9, 2014 | 6:17 AM

မလေးရှားနိုင်ငံ ဆာရာဝပ် သင်္ဘာကျင်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား (၆၉)ယောက် ဟာ ဒီကနေ့မှာ Air Asia လေကြောင်းလိုင်းနဲ့ (၂)သုတ်ခွဲပြီး မြန်မာနိုင်ငံကို ပြန်လာပါတယ်။

ဒါပေမယ့် အဲဒီထဲက အလုပ်သမား (၄)ယောက်ကတော့ ကွာလာလမ်ပူ လေဆိပ်မှာ ထွက်ပြေးသွားခဲ့တာကြောင့် မြန်မာလုပ်သား (၆၅) ယောက်ပဲ ရောက်ရှိခဲ့တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုများအဖွဲ့ချုပ် ဦးကျော်ထင်ကျော်က ပြောပါတယ်။

ဇန္နဝါရီ ၉ ရက်နေ့မှာတော့ နောက်ထပ်အလုပ်သမား အယောက် (၂၀)ကတော့ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။

ပြန်လာတဲ့သူတွေဟာ လေယာဉ်လေမှတ်ဖိုးနဲ့ ကုမ္ပဏီကို levy ကြေး ပေးဆောင်ရမှာ ဖြစ်ပေမယ့် ပေးဖို့မရှိသူတွေကို တော့ အလုပ်အကိုင်အေဂျင်စီ ဘက်က ပေးလျော်ခဲ့ရတယ်လို့ ဦးကျော်ထင်ကျော်က ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၃)ရက်နေ့က ဆာရာဝပ် သင်္ဘာကျင်းမှာ မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှားအလုပ်သမားတွေ ခိုက်ရန်ဖြစ်ပွားတာကြောင့် သင်္ဘာကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား (၉၈)ဦးထဲက (၈၉)ဦး ပြန်လာပေမယ့် (၄)ဦးကတော့ လေဆိပ်မှာပဲ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ကျန်တဲ့ လုပ်သား (၉)ဦးကတော့ မြန်မာနိုင်ငံကို ပြန်မလာသေးဘဲ သင်္ဘာကျင်းမှာ အလုပ်ဆက်လုပ်ဦးမယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)