Home » » လယ်သမားများ မြေယာပြဿနာကို ရဲရဲရင်ဆိုင်သင့်ဟုဆို

လယ်သမားများ မြေယာပြဿနာကို ရဲရဲရင်ဆိုင်သင့်ဟုဆို

Written By Unknown on Saturday, January 11, 2014 | 6:55 PM

ရန်ကုန် ၊ ဇန်န၀ါရီ ၁၀ ။ ။ လယ်သ မားများအနေဖြင့် ကြောက်စိတ် များလျှော့ပြီး ကြုံတွေ့နေရသည့် မြေယာပြဿနာများအား ယခု ထက်ပို၍ ရဲရဲရင့်ရင့် ရင်ဆိုင် သင့်ကြောင်း လယ်သမားအရေး ဆောင်ရွက်နေသူများက တိုက် တွန်းပြောကြားလိုက်သည်။

မျှဝေကရုဏာအဖွဲ့မှဦး ဆောင်ကျင်းပသည့် ဆင်းရဲမွဲ တေမှုလျှော့ချရေးနှင့် လယ်ယာ မြေပြဿနာအုပ်ချုပ်မှုကောင်း (မြို့နယ်အဆင့်) အလုပ်ရုံဆွေး နွေးပွဲ တွင်ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ လယ်ယာမြေအရေးဆောင်ရွက် နေသူ ဦးမျိုးသန့်က ““လယ်ယာ မြေပြဿနာတွေ ကို မဖြေရှင်း ပေးသမျှကာလပတ်လုံး ဘယ် လောက်ပဲ အပစ်အခတ်ရပ်စဲ ရေးတွေလုပ်လုပ် တိုင်းပြည်ငြိမ်း ချမ်းမှုရှိမှာမဟုတ်ဘူး။ လယ် ယာမြေပြဿနာ ဟာ နိုင်ငံရေး ပြဿနာဖြစ် တယ်။ လယ်သမား အရေး လုပ်ကိုင်နေကြသူများ အပါအ၀င် လယ်သမားတွေကို ပြော လိုတာကတော့ မကြောက် ပါနဲ့။ တောင်သူ လယ်သမား အားလုံး ညီညွတ်ဖို့လိုတယ်။ လယ်သမားတွေဘက်မှာ ရပ် တည်ပေးမယ့်သူတွေ လိုအပ် သလို လယ်သမားတွေကလဲ စုစည်းဖို့လိုတယ်။ လယ်သမား တွေလဲ အကြောက်နည်းနည်း လျှော့ပါ။ လယ်သမားတွေမညီ ဘဲနဲ့ ဘာမှလုပ်လို့မရဘူး””ဟု ပြောသည်။

လယ်သမားအရေးဆောင် ရွက်နေသည့် ရှေ့နေဦးမြင့်သွင် က ““မြေမတရား သိမ်းခံရရင် စိတ်မပူပါနဲ့။ အစိုးရဖြစ်နေပါ စေတရားစွဲလို့ ရတယ်။ မကြောက် ပါနဲ့။ ဥပဒေရှိတယ်။ လယ်သ မားတွေမကြောက်ပါနဲ့။ အာ ဏာပိုင်၊ ရဲ၊ စစ်တပ်ကခြိမ်း ခြောက်ရင်၊ ကြိမ်းမောင်းရင် မကြောက်ပါနဲ့။ နိုင်ငံသားများ ကာကွယ်စောင့် ရှောက်ရေးဥ ပဒေရှိတယ်””ဟုပြောသည်။

မျှဝေကရုဏာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ယင်းအ လုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့ နယ်အတွင်းရှိ ကျေးရွာ အုပ်စု နှစ်စုအတွင်းမှ လယ်သမားများ ကရင်ဆိုင်နေရ သည့် မြေယာ ပြဿနာ များကို ဆွေးနွေးခဲ့သည်။

ယင်းကျေးရွာများတွင် အဓိကကြုံတွေ့နေရသည့် ပြဿနာများမှာ လယ်ယာမြေအ ချင်းပွားမှုပြဿနာ၊ စားကျက် မြေသိမ်းဆည်းခံရ သည့် ပြဿ နာ၊ ငါးမွေးမြူရေးကန်များ ကြောင့် စိုက်ပျိုးရေတင်ရာတွင် အခက်အခဲရှိသည့်အတွက် သီးနှံအထွက်နှုန်းလျော့ ကျမှု ပြဿနာများဖြစ်သည်။

မျှဝေကရုဏာအဖွဲ့သည် ဆင်းရဲနွမ်းပါးသူများနှင့် နာဂစ် မုန်တိုင်းဒဏ် ခံဒေသများရှိသူ များအား ဘ၀ရှင်သန်ရပ်တည် ရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ် သည့် အကူအညီအထောက် အပံ့များပေးနေသည့် အရပ် ဘက်အဖွဲ့အစည်းတစ်ခုဖြစ် ကြောင်း သိရသည်။

Yangon Media Group