Home » » အနေမခက် အသေခက်ရသော ကျိုက္ခနာကျေးရွာ၏ ဒုက္ခ

အနေမခက် အသေခက်ရသော ကျိုက္ခနာကျေးရွာ၏ ဒုက္ခ

Written By Unknown on Tuesday, January 21, 2014 | 10:28 AM

ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာ အုပ်စုရှိ  ကျိုက္ခနာရွာသူ ဒေါ်ခင်သန်း၊ အသက်(၇၆)နှစ် ကွယ်လွန်၍ ၁၇.၁.၂၀၁၄ ရက်နေ့ က ကျိုက္ခနာ-သီတာအေး သုဿာန်သို့  အသုဘချရန် တာလမ်းကိုဖြတ်၍ ကွန်ကရစ်တံတားကို ဖြတ်မည်ပြုသောအခါ လူတစုက တားမြစ်ခဲ့ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

ဇွန်လ(၁၇)ရက်နေ့ က  ကျိုက္ခနာရွာသူ ဒေါ်ခင်သန်း၊ အသက်(၇၆)နှစ်၏ အသုဘကို တားဆီးခဲ့သူတွေမှာ ကွင်းအမှတ် (၃၂၈)တွင် တည်ရှိသော ရှမ်းစုကျေးရွာမှ ဦးအောင်ဇေယျာမင်း (ဘ) ဦးကျော်ညွန့် ဦးဆောင်သော လူဦးရေ(၅၀)ခန့်ရှိ ရှမ်းစုကျေးရွာသူ/သားများ ဖြစ်ပါတယ်။

ကွန်ကရစ်တံတားပေါ်မှာ ဦးကျော်ညွှန့် (ဘ) ဦးစံလှိုင် ပိုင်ဆိုင်သော ထော်လာဂျီဖြင့် ပိတ်ဆို့ရပ်တန့်၍ အမျိုးသမီးများအား ရှေ့မှ တားဆီးစေပြီး အမျိုးသားများမှ နောက်မှ အားဖြည့်ကာ အသုဘရုပ်ကလာပ်အား သယ်ဆောင် ဖြတ်သန်းခွင့် မပေးဘဲ ပိတ်ဆို့တားဆီးခဲ့တာဖြစ်ပါတယ်။

နေ့လည်(၁၂)နာရီမှ ချလာသော အလောင်းသည် ညနေ(၃)နာရီ ထိ ဆက်လက်မသွားနိုင်ဘဲ နေပူထဲတွင် အသုဘပို့ဆောင်သူများပါ ဒုက္ခခံခဲ့ရပါတယ်။ မြို့နယ်မှူး၊ ရဲမှူး၊ မြို့နယ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့များမှ လာရောက်ညှိနှိုင်းပေးသော်လည်း ပြေလည်မှုမရခဲ့ဘူးလို့ ဆိုပါတယ်။

တဖက်နှင့် တဖက်ခိုက်ရန် ဒေါသ မဖြစ်ပွားစေရန်နှင့် လတ်တလော ပြေလည်မှု ရရှိစေရန်အတွက် မြို့နယ်မှူးနှင့် ရဲမှူးတို့၏ မေတ္တာရပ်ခံချက်အရ မြောင်းထဲရှိ ရွှံ့များထဲမှ (ဓာတ်ပုံပါအတိုင်း) အခေါင်းအား ခက်ခက်ခဲခဲသယ်ဆောင်၍ ဖြတ်သန်း သွားခဲ့ရပါတယ်။

ကျိုက္ခနာ-သီတာအေး သုဿာန်သည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀)ကျော်ခန့်မှစ၍ ကျိုက္ခနာကျေးရွာသူ/သားများ သေဆုံး သည့်အခါတိုင်း ပို့ဆောင်သင်္ဂြိုလ်ခဲ့သော သုဿာန်ဖြစ်ပါတယ်။

ရှေးဘိုးဘွားစဉ်ဆက်ကတည်းက ကွင်းအမှတ်(၃၂၄)တွင်ရှိသော  သချိုင်းမြေနှင့် သာသနာ့မြေ သည် ကျိုက္ခနာရွာအပိုင် ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့သည် (၁၉၇၃) ခုနှစ်က ထန်းတပင် ကားလမ်းဖောက်သည့်အခါ ကျိုက္ခနာရွာပိုင် ကွင်းအမှတ်(၃၂၄)သည် ကားလမ်း၏ တဖက်တချက်စီ (၂)ပိုင်းကွဲသွားခဲ့ပါတယ်။ ထန်းတပင်ကားလမ်း ဖောက်ပြီး နှစ်ပေါင်း(၄၀)ကျော် ဆက်လက်၍ တာလမ်းကိုဖြတ်ပြီး သုဿာန်သို့သွားရာလမ်းကို နာရေး ဖြစ်သည့်အခါတိုင်း ဆက်လက်အသုံးပြုခဲ့ကြတာဖြစ်ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

By Thit Htoo Lwin