Home » » တအာင်းတွင် ဘိန်းစိုက်ဧက သုံးထောင်ကျော်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဖျက်ဆီး

တအာင်းတွင် ဘိန်းစိုက်ဧက သုံးထောင်ကျော်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဖျက်ဆီး

Written By Unknown on Tuesday, January 14, 2014 | 5:47 PM

ရန်ကုန် ၊ ဇန်နဝါရီ ၁၃။ ။ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) သည် တအာင်းဒေသ၌ ဘိန်း စိုက်ဧက သုံးထောင်ကျော်ကို ၂၀၁၃ခုနှစ်အတွင်း ဖျက်ဆီးခဲ့ ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ဗဟို ကော်မတီမှ သိရသည်။

တအာင်းဒေသအတွင်း ဘိန်းစိုက်ဧက တစ်သောင်းကျော် ရှိသည့်အနက်မှ ယခုကဲ့သို့ သုံး ထောင်ကျော်ကို ဖျက်ဆီးနိုင်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ်အတွင်း တွင် ကျန်ရှိနေသေးသည့် ဘိန်း စိုက်ခင်းများကို ထပ်မံဖျက်ဆီး နိုင်ရန် စီစဉ်နေကြောင်း သိရ သည်။

အဆိုပါဒေသကို ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရန် ရည်မှန်းချက် ဖြင့် ဆောင်ရွက်လျက်ရှိသော် လည်း ယင်းဆောင်ရွက်ချက် များကို မိမိတို့တစ်ဦးတည်း အစီ အစဉ်ဖြင့်သာ လုပ်ဆောင်ကြောင်း PSLF/TNLA မှ ပြန် ကြားရေးတာဝန်ခံ ဦးမိုင်းအိုက် ကျော်က ရန်ကုန်တိုင်းမ်သတင်း စာသို့ ပြောသည်။

ဦးမိုင်းအိုက်ကျော်က““၂၀၁၃ ခုနှစ်အတွင်းမှာ ဘိန်းခင်းသုံး ထောင်ကျော်ကို ဖျက်ဆီးနိုင် ခဲ့တယ်။ ဘိန်းဖြူ ၂၃ဒသမ၂၅ ကီလို၊ ဘိန်းဖြူခဲ ၂၅ကီလို၊ ယာမ ဆေးပြား ၄၆၀၀၀ ဖမ်းမိခဲ့တယ်။ မနေ့ကလုပ်တဲ့ တော်လှန်ရေး နေ့က မီဒီယာတွေအပြင် အား လုံးရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်””ဟု ဆက် သွယ်မေးမြန်း မှုကို ဖြေ ကြားသည်။

ဘိန်းစိုက်ခင်းများကို ဖျက် ဆီးရာတွင် ယင်းတို့အနေဖြင့် လက်လှမ်းမီပြီး ဝင်ရောက်နိုင် သည့် ဒေသများတွင်သာ ဖျက် ဆီးနိုင်ခဲ့ခြင်းဖြစ်သဖြင့် လက်ရှိ ဖျက်ဆီးရန် ကျန်ရှိနေသေးသည့် ဧက၅ဝဝခန့်ကို ၂၀၁၄ခုနှစ်အ တွင်း ဘိန်းစိုက်ရာ သီများတွင် ဖျက်ဆီးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဘိန်းအများဆုံးစိုက် ပျိုးသည့်နေရာများမှာ မန်တုံ၊ မိုးကုတ်နှင့် ကွတ်ခိုင်မြို့နယ်များ တွင်ဖြစ်ပြီး မူးယစ်ဆေးဝါးအများ ဆုံးဖမ်းဆီးရရှိသည့်နေရာမှာ လည်း ကွတ်ခိုင် မြို့နယ်တွင် ဖြစ် ပြီး ဖမ်းဆီးရမိမှု၏ ၁ဝရာခိုင် နှုန်းမှာလည်း ပန်ဆေးပြည်သူ့ စစ်ရှိသည့်နေရာများတွင်ဖြစ် ကြောင်း ယင်းက ပြောသည်။

ဦးမိုင်းအိုက်ကျော်က ဆက် လက်၍ ““မူးယစ်ဆေးဝါးဖမ်း ဆီးဖို့ ကျွန်တော်တို့က ရွေ့လျား ပုံစံ(Mobile Team)လုပ်တယ်။ တစ်နေရာတည်း မရှိဘူး။ တစ် ခါတလေ တိုက်ပွဲဖြစ်ပြီး ကျန် ခဲ့တဲ့ပစ္စည်းတွေ သိမ်းဆည်းရ တာရှိတယ်။ မူးယစ် ဆေး တွေ က ပန်ဆေးပြည်သူ့စစ်ဘက်ရှိ တဲ့ဒေသက ဝင်လာတာများ တယ်။ ၂၀၁၃ခုနှစ်အတွင်းမှာ အကြိမ် ၅ဝလောက် ဖမ်းမိ တယ်။ လူဦးရေ ၃ဝလောက် ဖမ်းမိတယ်””ဟု ပြောသည်။

ဘိန်းစိုက်ခင်းများကို ဖျက် ဆီးသကဲ့သို့ ဒေသတွင်း ဘိန်း အစားထိုးသီးနှံစိုက်ပျိုးနိုင်ရန် ကူညီပေးခြင်းများလုပ်ပြီး တောင် သူများ စိုက်ပျိုးရန်ဆန္ဒရှိသည့် အစားထိုးသီးနှံများကို ကူညီ ပေးလျက်ရှိကြောင်း၊ မူးယစ် ဆေးဝါး မသုံးစွဲရန် နယ်မြေ အလိုက် စည်းရုံးခြင်း၊ လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာဆိုင်းဘုတ်များ စိုက်ထူ ခြင်းများလုပ်ကြောင်း၊ ဖမ်းဆီး ရရှိသည့်လူများနှင့် သုံးစွဲသူများ ကိုလည်း သတိပေးခြင်း၊ ရပ်ရွာ များတွင် လမ်းဖောက်ခြင်းလုပ် ငန်းများ အပါအဝင် လူမှုရေးလုပ် ငန်းများတွင် ပါဝင်စေခြင်းဖြင့် အပြစ်ပေးအရေးယူကြောင်း ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး ဗဟိုကော်မတီမှ သိရ သည်။


ကောင်းမြတ်ကျော်
Yangon Media Group