Home » » Ballon D'or ဆုကို ရော်နားလ်ဒို ဆွတ်ခူး

Ballon D'or ဆုကို ရော်နားလ်ဒို ဆွတ်ခူး

Written By Unknown on Tuesday, January 14, 2014 | 8:59 AM

Real Madrid ဘောလုံးအသင်းရဲ့ ပေါ်တူဂီ ဘောလုံးသမား ခရစ္စတီယာနို ရော်နားလ်ဒိုးဟာ ဖီဖါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၃ ခုနှစ်အတွက် Ballon D'or အကောင်းဆုံး ဘောလုံးသမား ဆုကို ဆွတ်ခူးရသွားပါတယ်။

ဒီဆုဟာ ဘောလုံးအားကစားလောကမှာ တန်ဘိုး အထားဆုံး ဆုတွေထဲက တဆု ဖြစ်ပါတယ်။

ရော်နားလ်ဒိုးဟာ ၂၀ဝ၈ခုနှစ်တုန်းကလည်း ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရခဲ့ပါတယ်။

အဲဒီဆုကို ၄ကြိမ် ရခဲ့ဖူးတဲ့ ဘာဆလိုးနား ဘောလုံးသမား လီယော်နဲလ် မက်ဆီ၊ ဘာယဲန် မြူနစ် ဘောလုံးသမား ဖရန့်ခ် ရစ်ဘာရီ တို့ကို ကျော်ပြီး ရော်နားလ်ဒိုးက ၂၀၁၃ခုနှစ်အတွက် Ballon D'or အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး သွားခဲ့တာပါ။

ဇူးရစ်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီ ဆုပေးပွဲမှာ ၁၉၇၇ခုနှစ်တုန်း ကတည်းက ဘောလုံး လောကကနေ အနားယူ သွားခဲ့တဲ့ နာမည်ကျော် ဘရာဇီးလ် ဘောလုံးသမား ပီလီကိုလည်း Ballon D'or ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)