မြောက်ကိုးရီးယားနိုင်ငံက လူတွေကို အံ့သြတုန်လှုပ်စေခဲ့တဲ့ ကွပ်မျက်သတ်ဖြတ်မှုနောက်ပိုင်း မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ ပထမအကြိမ် တွေ့ဆုံစကားပြော ခဲ့ကြပါတယ်။
ကမ္ဘာ့စက်မှုထိပ်သီးအသင်းဝင်နိုင်ငံက အစိုးရကိုယ်စားလှယ်တွေက တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနှစ်နိုင်ငံ ပူးတွဲစက်မှုဇုံကို သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တပတ်က မြောက်ကိုးရီးယားခေါင်းဆောင် Kum Jong-Un က ဦးလေးတော်စပ်သူနဲ့ နိုင်ငံတွင်းမှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဂျန်ဆွန်ထေ့ (Jang Song-Thaek) ကို ကွပ်မျက်ခဲ့တဲ့ အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း စိုးရိမ်မှုဖြစ်နေပါတယ်။
အဲဒီလို ကွပ်မျက်မှုလုပ်ခဲ့တဲ့ မြောက်ကိုးရီးယားနိုင်ငံမှာ နျူးကလီးယား လက်နက် အန္တရာယ်နဲ့ မတည်ငြိမ်မှုတွေဖြစ်လာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနှစ်နိုင်ငံ ပူးတွဲဖွင့်ထားတဲ့ စက်မှုဇုံလုပ်ငန်း ပြန်လည်ဖွင့်လှစ် လည်ပတ်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါတယ်။
အခုတွေ့ဆုံမှုအတွင်းမှာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံအသင်းက ကိုယ်စားလှယ် ၂၅ ယောက်ပါဝင်တဲ့အတွက် မြောက်ကိုးရီးယားအနေနဲ့ နောက်နောင် စက်မှုဇုံပိတ်ချမှုတွေ မလုပ်ဖို့ အကာအကွယ်ဖြစ်လာစေမယ်လို့ တောင်ကိုးရီးယားဖက်က မျှော်လင့်ပါတယ်။
နှစ်နိုင်ငံ စက်မှုဇုံအတွင်း တောင်ကိုးရီးယားနိုင်ငံပိုင် အလုပ်ရုံ ၁၂၀ရှိပြီး အဲဒီထဲမှာ အလုပ်လုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံက အလုပ်သမား ငါးသောင်းသုံးထောင်လောက်ရှိပါတယ်။
ABC Radio Australia
Home »
World News
» မြောက်နဲ့ တောင်ကိုးရီးယား တွေ့ဆုံ စကားပြောခဲ့ကြ