Home » » ထိုင်းသွားမည့် မြန်မာလုပ်သား ၆,၀၀၀ ကျော် မြ၀တီတွင် သောင်တင်နေ

ထိုင်းသွားမည့် မြန်မာလုပ်သား ၆,၀၀၀ ကျော် မြ၀တီတွင် သောင်တင်နေ

Written By Unknown on Wednesday, December 18, 2013 | 11:46 AM

ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၃ ခုနှစ်

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၆,၀၀၀ ခန့် မြ၀တီတွင် စောင့် ဆိုင်းနေရဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ Joint Action Committee for Burmese Affairs (JACBA) မှ ဦးမိုးကြိုးက ပြောသည်။

“မြ၀တီမှာ မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကနေ နာမည်ကျော်တဲ့ ကုမ္ပဏီတော်တော်များ များဟာ လူသိုလှောင်ပါတယ်။ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှား ခန့်မှန်းတွက်ချက်မှု စာရင်းအရဆိုရင် မြ၀တီမှာ စောင့်ဆိုင်းနေတဲ့ အလုပ်သမား ၆,၀၀၀ လောက်ရှိတယ်”ဟု ပြောသည်။

ယင်းကဲ့သို့သော မြန်မာလုပ်သားများကို ၀န်ဆောင်ခအဖြစ် ကျပ် ၁၀၀,၀၀၀ သာ ကောက်ခံခွင့်ပြုထား သော်လည်း ပွဲစားများက ကျပ် ၇၀၀,၀၀၀အထိ တောင်းယူပို့ဆောင်ပေးနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ဆိုသည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံသို့ လုပ်သားပို့ဆောင်မည့် အေဂျင်စီများအား လုပ်သားခေါ်စာမရရှိဘဲ မြ၀တီမြို့သို့ လုပ်သားပို့ဆောင်ခြင်းမပြုရန် ညွှန်ကြားထားသည်။

ရဲလင်းထွဋ် - Mizzima - News in Burmese