Home » » ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွား

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွား

Written By Unknown on Monday, December 30, 2013 | 1:56 PM

ကွတ်ခိုင် ၊ ၃၀-၁၂-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ် ၊ မုံးစီးကျေးရွာ ၏ အရှေ့ မြောက်ဘက် ဝေဠုဝန် ဘုန်းတော်ကြီး ကျောင်းနှင့် ၀ိန်းခေါင် ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ် ခန့်က ကြွပ်ကြွပ်အိတ် ဖြင့် ထုပ်ပြီး အ၀တ်ဖြင့် ပတ်ထားသော အထုပ် တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီး ကျောင်းမှ ကိုရင် နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင် တစ်ပါးမှ ကောက်ယူသဖြင့် အဖော် ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန် ပြော၍ ပြန်ချခဲ့ရာ ၄င်းနေရာတွင် ပင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ကြောင့် ကိုရင် ရှင်နေ၀ိန္ဒ သည် ဦးခေါင်း မိုင်းစထိမှန် ၍ ဦးခေါင်းခွံကွဲ ၊ ဦးနှောက်ထွက် ၊ ညာလက်ဖျံ ၊ ညာရင်အုံ တို့တွင် မိုင်းစ ထိမှန် ဒဏ်ရာများ ဖြင့် နေရာတွင်ပင် ပျံလွန် တော်မူ ခဲ့ပြီး ကိုရင် ရှင်စိဏ္ဏာ သည် ညာတံတောင်ဆစ် ၊ ညာဘက် လက်ကောက်ဝတ် ၊ ဘယ်ရင်အုံ မိုင်းစ ထိမှန် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာ ရရှိသော ကိုရင် ရှင်စိဏ္ဏာ သည် မုံးစီး တိုက်နယ် ဆေးရုံတွင် ဆေးရုံ တက်ရောက် ကုသလျက် ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များမှ ဖြစ်စဉ် ဖြစ်ပွားရသည့် အခြေအနေ အသေးစိတ် အား စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

Myawady Daily Myawady