ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။ ။ ဆီးဂိမ်း မြန်မာဘောလုံးအသင်း ပွဲစဉ် လက် မှတ်များရောင်းချမှုတွင် မှောင်ခို ဈေးကွက် ကြီးမားစွာဖြစ်ပေါ်နေ ပြီး မြန်မာ-ထိုင်းဘောလုံးပွဲလက် မှတ်များကို ရှစ်ဆခန့် ဈေးနှုန်း တင်၍ ရောင်းချမှုများရှိနေကြောင်း မြန်မာပရိသတ်များထံမှ သိရသည်။
ဒီဇင်ဘာ၁၃ရက်တွင် နံနက် ၁ဝနာရီမှစတင် ၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ အောင်ဆန်း ကွင်းနှင့်စလင်းကွင်းတို့တွင် အထူး တန်း၊ ရိုးရိုးတန်းလက်မှတ်များကို ရောင်းချပေးရာတွင် မှောင်ခိုပြန် လည် ရောင်းချမည့်သူများသည် မှတ်ပုံတင်များကို အထပ်လိုက် ကိုင်ဆောင်ကာ ရှေ့ဆုံးမှတန်းစီ ဝယ်ယူကာ ရိုးရိုးတန်း ကျပ်၂၀၀၀ ကို ကျပ်၁၀၀၀၀၊ အထူးတန်း ကျပ် ၄ဝဝဝကို ကျပ်၃၀၀၀၀ စသည် ဖြင့် လက်မှတ်တန်းစီနေသည့်နေ ရာတွင်ပင် ပြန်လည်ရောင်းချနေ ကြောင်း သိရသည်။
မြန်မာ-ထိုင်းပွဲစဉ်လက် မှတ်ကို လာရောက်တန်းစီနေသူ ကိုကျော်ရဲလင်းက ''ကျွန်တော် တို့ နံနက်၉နာရီထဲက လာတန်းစီ နေတာတောင် ကျွန်တော်တို့ရှေ့ မှာ လူ ၂ဝဝကျော်လောက်ရှိတယ်။ အဲဒီ ၂ဝဝကျော်မှာ မှောင်ခိုက ၁ဝဝကျော် လောက် ပါနေတယ်။ ပြီးတော့ အဲဒီမှောင်ခိုရောင်းတဲ့ သူတွေက မှတ်ပုံတင်တွေအထပ် လိုက်ကိုင်ပြီး ရှေ့ဆုံးကနေ နံနက် အစောကြီးထဲက လာတန်းစီပြီး ဝယ်နေပါတယ်။ ကျွန်တော်တို့ အလှည့်လဲရောက်ရော ကုန်သွား တယ်''ဟု ပြောသည်။
ဘောလုံးပွဲလက်မှတ်များ ကို မှောင်ခိုပြန်လည်ရောင်းချသူ များက မြန်မာ-ကမ္ဘာဒီးယားပွဲ စဉ်တွင် အထူးတန်းကို ကျပ်၆၀၀၀၊ ရိုးရိုးတန်းကို ကျပ်၃ဝဝဝနှင့်လည်း ကောင်း၊ မြန်မာ-တီမောပွဲစဉ်တွင် အထူးတန်းကို ကျပ်ရ၀၀၀၊ ရိုးရိုး တန်း ကို ကျပ်၃ဝဝဝတို့ဖြင့် ရောင်း ချခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာ၁၄ရက်တွင် ယှဉ် ပြိုင်မည့် မြန်မာ-ထိုင်း ပွဲစဉ်ကို အားပေးမည့် မြန်မာပရိသတ်များ ပိုမိုများလာသဖြင့် မှောင်ခိုရောင်း ချသူများသည် လက်မှတ်ဈေးနှုန်း ကို အဆမတန်မြှင့်တင်ကာ ပြန် လည်ရောင်းချကြခြင်းဖြစ်သည်။ မြန်မာနှင့် ထိုင်း အသင်းတို့ ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ၁၄ရက် ည၆နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘော လုံးကွင်းတွင် ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ဘက်က ရောင်းနိုင်တဲ့ပမာဏအတိုင်း ရောင်းချပေးပါတယ်။ မိသားစု အလိုက် အများကြီးလာတန်းစီ ပြီး ဝယ်ယူတာတွေတော့ တွေ့ပါ တယ်။ ဒီဇင်ဘာ၁၄ရက် မြန်မာ -ထိုင်းဘောလုံးပွဲနေ့မှာ မှောင်ခို တွေ ရောင်းချတာတွေ့ရင် ဖမ်းဆီး အရေးယူသွားမှာဖြစ်ပါတယ်။ လူတစ်ဦးကို မှတ်ပုံတစ်ခုနဲ့ လက် မှတ်တစ်စောင်နှုန်းရောင်းချပေး မှာပါ''ဟု လက်မှတ်အရောင်း တာဝန်ခံတစ်ဦးက ပြောသည်။
သက်သှျိုင်းသူ
Yangon Media Group