Home » » လိင်တူခြင်း လက်ထပ်တဲ့ ဥပေဒကြမ်းကို ထိုင်ဝမ်လူထု ဆန္ဒပြ

လိင်တူခြင်း လက်ထပ်တဲ့ ဥပေဒကြမ်းကို ထိုင်ဝမ်လူထု ဆန္ဒပြ

Written By Unknown on Monday, December 2, 2013 | 8:58 AM

ထိုင်ဝမ်နိုင်ငံမှာ ​လိင်တူခြင်း ​လက်ထပ်ထိမ်းမြားတဲ့ ​ဥပဒေကြမ်းကို ​ပါလီမာန်က ​အတည်ပြုမှာကို ​မလိုလားတဲ့အတွက် ​သောင်းနဲ့ချီတဲ့လူတွေ ​ဆန္ဒပြခဲ့ကြပါတယ်။

လိင်တူခြင်း ​တရားဝင်လက်ထပ် ​ထိမ်းမြားခွင့်ဥပဒေကြမ်းနဲ့ ​ပတ်သက်ပြီး ​ထိုင်ဝမ်လွှတ်တော်မှာ ​ဆွေးနွေးနေကြတာဖြစ်ပြီး ​အကယ်လို့ ​အဲဒီဥပဒေကြမ်းကို ​အတည်ပြုဖြစ်မယ်ဆိုရင် ​အာရှတိုက်မှာ ​ထိုင်ဝမ်နိုင်ငံက ​လိင်တူလက်ထက်ထိမ်းမြားတာကို ​တရားဝင်ခွင့်ပြုတဲ့ ​ပထမဆုံးသော ​နိုင်ငံ ​ဖြစ်လာမှာ ​ဖြစ်ပါတယ်။

ကောက်တမ်းတွေမှာ ​ပြသချက်အရ ​လိင်တူခြင်းလက်ထပ် ​ထိမ်းမြားတာကို ​လိုလားသူတွေ ​များပြားသလို ​ဆန့်ကျင်သူတွေလည်း ​ရှိကြောင်း ​ပြသထားပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ ​လိင်တူခြင်းလက်ထပ် ​ထိမ်းမြားခွင့်ပေးဖို့အရေး ​ဆွေးနွေးနေချိန်မှာပဲ ​Croatia ​နိုင်ငံမှာတော့ ​လိင်တူခြင်း ​တရားဝင် ​လက်ထပ်ထိမ်းမြားခွင့် ​ပြုတဲ့ဥပဒေကို ​ပြန်ပြောင်းဖို့အတွက် ​လူထုဆန္ဒခံယူပွဲတွေ ​ပြုလုပ်နေပြီး ​အစောပိုင်း ​ရလဒ်တွေအရ ​မဲပေးသူ ​သုံးပုံ ​နှစ်ပုံက ​လက်ထပ်ခွင့်မပေးတော့ဖို့  ​ဆန္ဒရှိနေပါတယ်။

လက်ထပ်ထိမ်းမြားခွင့် ​ဥပဒေကို ​ဆန့်ကျင်သူတွေများပြားရင်း ​Croatia ​နိုင်ငံမှာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ပြီး ​လိင်တူခြင်း ​လက်ထပ်ထိမ်းမြားမှုကို ​တရားမဝင် ​အဖြစ် ​သတ်မှတ်တော့မှာ ​ဖြစ်ပါတယ်။

လူ့အခွင့်အရေး ​လှုပ်ရှားသူတွေနဲ့ ​နာမည်ကြီး ​ပုဂ္ဂိုလ်တွေကတော့ ​လိင်တူလက်ထပ်ထိမ်မြားခွင့်ကို ​ဆက်လက် ​ထားရှိဖို့ ​တိုက်တွန်းနေပေမယ့် ​အဲဒီအဆိုကို ​ထောက်ခံသူ ​၃၀ ​% ​ကျော်သာ ​ရှိကြောင်း ​သိရပါတယ်။

ABC Radio Australia