Home » » စ​ဥ့်​ကူး​မြို့ ​ကျောက်​င​နွား​ရွာ ​သောက်​သုံး​ရေ ​အ​ခက်​ကြုံ

စ​ဥ့်​ကူး​မြို့ ​ကျောက်​င​နွား​ရွာ ​သောက်​သုံး​ရေ ​အ​ခက်​ကြုံ

Written By Unknown on Wednesday, December 4, 2013 | 6:51 PM

မ​န္တ​လေး​တိုင်း​ဒေ​သ​ကြီး ​စ​ဥ့်​ကူး​မြို့​နယ် ​ကျောက်​င​နွား​ကျေး​ရွာ​မှာ ​ရွာ​သား​တွေ ​သုံး​စွဲ​နေ​ကျ ​အင်း​ထဲ​က ​ရေ​တွေ ​မ​သန့်​ရှင်း​တဲ့​အ​တွက် ​သောက်​သုံး​ရေ ​အ​ခက်​အ​ခဲ ​တွေ့​နေ​ကြ​ရ​ပါ​တယ်။

ကျောက်​င​နွား​ကျေး​ရွာ​က ​အား​ထား​နေ​ရ​တဲ့ ​သ​ပျော​အင်း​ထဲ​မှာ ​ငါး​ဖမ်း​သူ​တွေ​က ​ငါး​လှန့်​ဆေး​ကို ​သုံး​စွဲ​ပြီး ​ငါး​ဖမ်း​နေ​တဲ့​အ​ပြင် ​ရေ​သေ​အင်း ​ဖြစ်​တဲ့​အ​တွက် ​အ​ခု​လို ​မ​သန့်​ရှင်း​တဲ့​ရေ​တွေ ​ဖြစ်​နေ​တာ​လို့ ​ရွာ​ခံ ​ဦး​ညွန့်​သူ​က ​ပြော​ပါ​တယ်။

“​အဲ​ဒီ​ထဲ​မှာ ​သောက်​ရေ​သုံး ​ရေ​ချိုး​ရေ​တွေ ​ဖြစ်​တယ်။ ​ရေ​သေ​အိုင်​ကြီး​ပေါ့​ဗျာ။ ​အဲ​ဒါ​ကြီး ​သုံး​စွဲ​နေ​ရ​တာ​ပေါ့​။ ​အဲ​ဒီ​မှာ ​အ​သား​၀ါ​တွေ ​မ​ကြာ​ခ​ဏ ​ကျ​နော်​တင်​မ​က​ဘူး​။ ​တော်​တော်​များ​များ ​ဖြစ်​တယ်​ဗျ။ ​အဲ​မှာ ​ကျ​နော်​တို့ ​သက်​ဆိုင်​ရာ ​ဆ​ရာဝန်​တွေ ​သွား​ပြ​တော့ ​ရေ​မ​သန့်​ရှင်း​တဲ့​အ​ချက်​က ​အ​ဓိ​က ​ဖြစ်​နေ​တယ်​လို့ ​ကျ​နော်​တို့​ကို ​သ​တိ​ပေး​လိုက်​တယ်။”

သောက်​ရေ၊ ​ချိုး​ရေ​နဲ့ ​အ၀တ်​လျှော်​ရေ​အ​ဖြစ် ​အ​သုံး​ပြု​နေ​တဲ့ ​သ​ပျော​အင်း​အ​ပြင် ​ကျေး​ရွာ​ထဲ​မှာ ၂၀၀၄ ​ခု​နှစ်​က​တည်း​က ​စ​ဥ့်​ကူး​မြို့​နယ် ​စည်​ပင်​သာ​ယာ​က ​တူး​ဖော်​ပေး​ထား​တဲ့ ​စက်​ရေ​တွင်း ​တ​ခု​လည်း ​ရှိ​နေ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အဲ​ဒီ​ရေ​တွင်း​ဟာ ​အောက်​ကျောက်​သား ​မ​ပေါက်​တဲ့​အ​တွက် ​ရေ​ထွက် ​နည်း​နေ​ပြီး ​ရေ​မ​ရှိ​သ​လောက် ​ဖြစ်​နေ​ပြီ​လို့ ​ပြော​ပါ​တယ်။

ကျောက်​င​နွား​ရွာ​နေ ​ဦး​အုန်း​လွင်​က “​ကျ​နော်​တို့ ​ရေ​ကို ​ကျို​ချက်​ပြီး ​သောက်​သုံး​ကြည့်​ပါ​တယ်။ ​ကျ​နော်​တို့​ရွာ​က ​သ​ပျော​အင်း​ထဲ​က ​ရေ​ရယ်၊ ​တူး​ထား​တဲ့ ​သ​ဘာဝ​ရေ​ရယ် ၂ ​မျိုး​ပေါ့​နော်။ ​တူး​ထား​သော ​ရေ​တွင်း​ရေ​တွေ​က ​ခါး​တော့ ​ရေ​သောက်​လို့ ​ရှိ​ရင် ​မြစ်​ရေ​လို ​မ​ကောင်း​ဘူး​။ ​အဲ​ဒါ ​ကျို​ချက်​ပြီး ​ရေ​နွေး​သောက်​လို့​လည်း ​မ​ရ​ဘူး​။ ​ထ​မင်း​အိုး​တည်​ရင် ​ထ​မင်း​တွေ​လည်း ၀ါ​ကုန်​တယ်။ ​ပြီး​တော့ ​အင်း​ရေ​ကို ​သွား​ခတ်​ပြန်​တော့​လည်း ​အင်း​ရေ​ကျ​တော့ ​ရေ​ကို ​ကျို​ထား​လို့ ​ရှိ​ရင် ​အဲ​ဒီ​ဟာ​က ​အ​ခိုး​အ​ငွေ့​တွေ​လို ​အ​ငွေ့​ပျံ​ပြီး​တော့ ​အ​နံ့​ဆိုး​တွေ​လည်း ​ရ​တယ်​ပေါ့​။ ​အဲ​ဒါ​ကြောင့် ​ကျို​ချက်​လို့ ​မ​ရ​ဘူး​။ ​ဒီ​တိုင်း​ပဲ ​သောက်​နေ​ရ​တယ်” ​လို့ ​ပြော​ပါ​တယ်။

ကျောက်​င​နွား​ကျေး​ရွာ​မှာ ​နာ​မ​ကျန်း​သူ​တွေ​ကို ​မုံ​ရွာ​ချစ်​သူ​များ ​ပ​ရ​ဟိ​တ​အ​ဖွဲ့​က ​သွား​ရောက် ​ဆေး​ကု​သ​ပေး​ခဲ့​ပြီး ​ကျေး​ရွာ​က ​ခံ​စား​နေ​ရ​တဲ့ ဝေ​ဒ​နာ​တွေ​ဟာ ​သောက်​သုံး​ရေ ​မ​သန့်​တဲ့​အ​တွက် ​ဖြစ်​ကြောင်း​နဲ့ ​သက်​ဆိုင်​ရာ ​တာဝန်​ရှိ​သူ​တွေ​က ​သွား​ရောက်​စစ်​ဆေး​ပြီး ​သောက်​သုံး​ရေ ​ရ​ရှိ​ရေး ​ကူ​ညီ​ပေး​သင့်​တယ်​လို့ ​ပြော​ပါ​တယ်။

မုံ​ရွာ​ချစ်​သူ​များ ​ပ​ရ​ဟိ​တ​အ​ဖွဲ့​၀င် ​ဒေါက်​တာ​သီ​ဟ​က “​ကျ​နော် ​တွေ့​ရှိ ​စစ်​ဆေး​ရ​သ​လောက်​က​တော့ ​ရေ​ကောင်း​ရေ​သန့် ​မ​ရ​ရှိ​လို့​ပါ​ပဲ။ ​ဘာ​ဖြစ်​လို့ ​ရေ​ကောင်း​ရေ​သန့် ​မ​ရ​ရှိ​လဲ​ဆို​တော့ ​ရေ​က ​စီး​ဆင်း​မှု​မ​ရှိ​ဘဲ ​ရေ​သေ​အင်း​ကြီး​ထဲ​မှာ ​ရွာ​သား​တွေ​က ​ချက်​ကြ ​ပြုတ်​ကြ ​စား​သောက်​ကြ​ပေါ့​။ ​ဒီ​ရေ​ကို ​အ​သုံး​ပြု​ပြီး​တော့​။ ​အဲ​ဒီ​အ​ခါ​မှာ ​မ​လို​အပ်​တဲ့ ​နာ​တာ​ရှည်​ရော​ဂါ​တွေ ​ဖြစ်​ကြ​ပါ​တယ်။ ၀မ်း​ပျက်ဝမ်း​လျှော​တွေ၊ ​အ​သည်း​ကြီး​တဲ့ ​ရော​ဂါ​တွေ​နဲ့ ​အ​သည်း​ရောင် ​အ​သား​၀ါ​တွေ ​ဖြစ်​ကြ​တယ်။ ​ဒါ​လည်း ​ဆ​ရာဝန်​ကြီး​တွေ​ရဲ့ ​မှတ်​ချက်​မှာ ​ပါ​ပါ​တယ် ​ခင်​ဗျ။ ​အဲ​ဒါ​ကြောင့် ​ဒီ ​ရေ​ကောင်း​ရေ​သန့် ​ရ​ရှိ​ဖို့​က ​အ​ဓိ​က ​ဖြစ်​နေ​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

အိမ်​ထောင်​စု​ပေါင်း ၁၇၃ ​စု​နဲ့ ​လူ​ဦး​ရေ ၈၀၀ ​ကျော် ​ရှိ​နေ​တဲ့ ​အဲ​ဒီ ​ကျေး​ရွာ​သား​တွေ​က​တော့ ​သောက်​သုံး​ရေ ​ရ​ရှိ​ဖို့ ​စက်​ရေ​တွင်း​ကို ​အောက်​ခံ​ကျောက်​သား ​ပေါက်​အောင် ​ခေတ်​မီ​စက်​နဲ့ ​တူး​ဖော်​နိုင်​ရင် ​ရ​လိမ့်​မယ်​လို့ ​ယုံ​ကြည်​ကြောင်း​နဲ့ ​တာဝန်​ရှိ​သူ​တွေ၊ ​တ​ခြား​အ​လှူ​ရှင်​တွေ ​သောက်​သုံး​ရေ​အ​တွက် ​ကူ​ညီ​ပေး​စေ​ချင်​တယ်​လို့ ​ဒီ​ဗွီ​ဘီ​ကို ​ပြော​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ