Home » » လားရှိုးတွင် အနုကြမ်းစီး

လားရှိုးတွင် အနုကြမ်းစီး

Written By Unknown on Tuesday, December 31, 2013 | 12:10 PM

လားရှိုး ၊ ဒီဇင်ဘာ ၃၀ ။     ။ လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၂) အောင်သပြေလမ်း ဘတ်စကက်  ဘောကွင်း မြောက်ဘက်အနီး ရှိ အိမ်တစ်အိမ်အား ဒီဇင်ဘာ ၃ဝရက် မွန်းလွဲ၂နာရီတွင် အနု ကြမ်းစီးရန် ကြံစည်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း နယ်မြေရဲတပ် ဖွဲ့မှ  သိရသည်။ အခင်းဖြစ်ချိန်က အဆို ပါနေအိမ်တွင် အိမ်ရှင်တစ်ဦး မှမရှိဘဲ စာရေးမတစ်ဦး၊ အိမ် အကူအမျိုးသမီးနှစ်ဦးနှင့် ခြံ စောင့် ယောကျာ်းလေးတစ်ဦး သာရှိကြောင်း သိရသည်။

အဆိုပါအိမ်မှာ အစေ့ ထုတ်ပြောင်းဖူး ရောင်းဝယ်ခြင်း၊ တင်ပို့ခြင်းလုပ်ငန်း လုပ်ကိုင် ပြီး နေအိမ်၌ ရုံးခန်းဖွင့်ထား ခြင်းဖြစ်ကြောင်း သိရသည်။  ဖြစ်ပွားပုံနှင့်ပတ်သက်၍ ''လူသုံးယောက် အိမ်ထဲဝင်လာ တယ်။ တစ်ယောက်က အိမ်ထဲ မဝင်ဘဲ အပြင်မှာ စောင့်တယ်။ တစ်ယောက်ဝင်လာပြီး ဘောက် ချာနှစ်ရွက်ပြတယ်။ ပြောင်း၃၄၅ အိတ်အတွက် ငွေတောင်းခံလို့ ကျွန်မစားပွဲပေါ်မှာငုံ့ပြီး စာရင်း တွက်နေတုန်း ကျွန်မလည်ပင်း ကို ပလတ်စတစ်ကြိုးအဝါရောင် နဲ့ချည်ပြီး ညှစ်တယ်။ ပိုက်ဆံတွေ အကုန်ပေးဆိုပြီး သေနတ် ထုတ်ပြတယ်။ သေနတ်ကအ စစ်လား၊ အတုလား သမီး မသိ ပါဘူး။ ငွေထားတဲ့အိပ်ခန်းကို အတင်းသွားခိုင်းတယ်။ ကျွန်မ ရုန်းကန်နေတာကို ခြံတံခါးစောင့် ကလေးက မြင်ပြီး လူဆိုးတွေ လာနေတယ်လို့ အော်တယ်။ မီးဖိုခန်းမှာရှိတဲ့အိမ်အကူ မိန်း ကလေးကို ပြေးပြေးလို့အော် ပြောတယ်''ဟု စာရေးမလေး က ပြောသည်။

''မီးဖိုက အိမ်ရဲ့အရှေ့ဘက် မှာရှိပေမယ့် ဧည့်ခန်းထဲဝင်သွား သူ့ကိုမမြင်ရပါဘူး''ဟု အိမ် အကူမိန်းကလေးက ပြောသည်။ ''အိမ်အကူမိန်းကလေး အော်သံကြားလို့ ထွက်ကြည့် တော့ လူတစ်ယောက် သူတို့ အိမ်ထဲကထွက်ပြေးလာလို့ ကျွန် တော်လိုက် တော့ အိမ်တစ်အိမ် ရဲ့ အုတ်တံတိုင်းကျော်ပြီး ဝင် သွားတာ။ သူ့ကို ခွေးတွေဝိုင်း ကိုက်တယ်။ သူက အိမ်နောက် က အုတ်တံတိုင်းကိုထပ်ကျော် ပြီး တစ်ဖက်လမ်းထဲ ဝင်ပြေး တယ်။အိမ်ထဲမှာရှိတဲ့လူနှစ် ယောက်က ဆိုင်ကယ်နဲ့ပြေး သွားတယ်'' ဟု ပြောသည်။

အိမ်ရှင်၏ အိမ်တွင်တပ် ထားသော စီစီတီဗွီကင်မရာမှ ゞင်းအနုကြမ်း စီးလာသူသုံး ဦး၏ပုံများကိုမြင်ရသော်လည်း ဦးထုပ်များ ငိုက်ဆောင်းထား ခြင်းကြောင့် မျက်နှာမမြင်ရ ကြောင်း သိရသည်။ အခင်းဖြစ်နေရာသို့ နယ် မြေခံတပ်မ တော်တပ် ရင်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးပြီး အနုကြမ်း စီးရန် ကြံစည်သူတို့အားဖော် ထုတ်နိုင်ရေးဆောင်ရွက်ခဲ့ သော်လည်း အိမ်ရှင်က မိမိထံ မှ ငွေကြေးတစ်စုံတစ်ရာပါမ သွားပဲ မိမိမှာ လူအများနှင့်ဆက် ဆံသော လုပ်ငန်း လုပ်ရ ခြင်း ကြောင့် အနုကြမ်းစီးသူများ ကို အရေးယူလိုသောဆန္ဒမ ရှိသဖြင့် အမှုမဖွင့်လိုကြောင်း ပြောသဖြင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိ ကြောင်း မြို့မရဲစခန်းမှသိရ သည်။

ဇင်ဝေနွယ်

Yangon Media Group