Home » » သမ္မတဦးသိန်းစိန်၏အခါတော်ပေး နိုင်ငံတော်အကြံပေး ဒေါက်တာဖေဉဏ်နှင့် တွေ့ဆုံခြင်း – မောင်ရေစက်

သမ္မတဦးသိန်းစိန်၏အခါတော်ပေး နိုင်ငံတော်အကြံပေး ဒေါက်တာဖေဉဏ်နှင့် တွေ့ဆုံခြင်း – မောင်ရေစက်

Written By Unknown on Tuesday, December 24, 2013 | 10:38 AM

တို့တိုင်းပြည်မှာ အဲလိုပဲ ဘုန်းရှင်ကံရှင် တွေ အများကြီးရှိခဲ့တယ်။ သမ္မတကြီးဦးစိန် လွင်လည်း အဲလိုပဲ။ ဦးစိန်လွင် နဲ့တွေ့တော့  ကျွန်တော်အရင်ဘ၀တွေတုန်းက ဆုပန်တုန်းက မောင်နှမ ခုနှစ်ယောက်ရှိခဲ့တယ်တဲ့ . . .အဲဒီမှာ ၆ ယောက် က ဆုပန်ခဲ့တယ်တဲ့။ ကျွန်တော်က စောင့်နေတာတဲ့ …
 ယခင်အပတ်မှအဆက်
တရားပြတဲ့အဆင့်မျိုး ရောက်အောင် ကျင့်ကြံအားထုတ်မှုပိုင်း ကျတော့ ဘယ်လို မျိုး ကျင့်ကြံအားထုတ်ရမလဲ ဘုရား။
အဲဒါက ၀ိပဿနာဉာဏ်ဆိုတာ ဘယ်ဟာရှု၍ ရသနည်းတဲ့။ ဆိုတော့ စွဲလမ်းနိုင်ရာ ငါးခန္ဓာမှန်စွာ ရှု၍ရသ တည်းတဲ့။ ကြွလှမ်းနိုင်ရာ ငါးခန္ဓာမှန်စွာ ရှု၍ရသတည်း ဆိုတာက ခန္ဓာငါးပါးရှုတာပဲ။ ခန္ဓာငါးပါးဆို တာက အားလုံးနဲ့ ဆိုင်တာပေါ့။ ဥပမာကမ္မဋ္ဌာန်း ၄၀ ကျတော့ အသုဘကမ္မဋ္ဌာန်းဆိုတာ ကလူသေကောင် တွေရှုရတာ ပေါ့နော်။ အမျိုးမျိုးပေါ့။ တချို့ကျတော့  ပုပ်ပွနေတဲ့ဟာတွေ။ တချို့ကျတော့လည်း အရိုးတွေကျန်တဲ့ဟာ တွေ။ အဲဒါတွေရှိတာပေါ့နော်။ နောက်တစ်ခု ကျတော့ နုဿတိတွေပေါ့ ဗုဒ္ဓံနိသတိတို့၊ ဓမ္မံနုသတိတို့။ သံဃံနုဿ တိတို့၊ စာဂါနုဿ တိတို့ — နုဿတိတို့ အဲလို နုဿတိ တွေပေါ့နော်။ တချို့ကျတော့ မေတ်္တကမ်္မ ဋ္ဌာန်းတို့ ပေါ့နော်။ တချို့ကျတော့ခန်္ဓာကိုယ် ၃၂ ပါးသော ကောဋ္ဌာ သကို ပြန်ပြီးတော့ ဆင်ခြင်တဲ့ ကမ်္မဋ္ဌာန်းရှိတယ်။ တချို့ကျတော့ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောရယ်၊ နောက်ပြီးတော့ အဖြူတို့၊ အနီတို့၊အညိုတို့ ရှိတယ်။ ဒါတွေဟာအကုန်လုံးက သမထ တွေလေ။ သမထဆိုတာက များများကြည့် ပြီးတော့ စွဲအောင်မှတ်ရတယ်။ စွဲအောင် မှတ်တော့မှ နိမိတ်တွေ ထင်လာတာပေါ့။ နိမိတ်တွေထင်လာမှ အဲဒီနိမိတ်တွေ စိတ်ပျက် လောက် အောင် လုပ်ပြီးတော့မှ သမ္မာသတိ ယူပြီးတော့ သွားတာ။ ဒါမျိုးကျတော့ ကြာတယ်။ တချို့ကျတော့ တစ်လကြာ ရင်ကြာတယ်၊ တချို့ကျတော့တစ်နှစ်ကြာ ရင်ကြာတယ်။ တချို့လေးငါးနှစ်လောက် ကြာတယ်။ ဒီဟာတွေကတော့ ရှေးရှေး တုန်းကမြတ်စွာဘုရားက ဒီလမ်းက သွား တာနော်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကတော့ ဒီလမ်းသွားတာ အာနာပါနနဲ့ သွား တယ်။ အာနာပါနနဲ့သွားတဲ့အတွက် ၀ိသုဒ်္ဓိမဂ်ထဲမှာ သမထထဲမှာ ထည့်ထားတယ်။ မြတ်စွာဘုရားရှင် သွားတဲ့လမ်းပါပဲ။ အဲဒီ လမ်းကသွားရင်တော့ ဘာဖြစ်လဲဆိုတော့ ခုနပြောတဲ့ ဈာန်အဘိညာဉ်တွေ ရနိုင်တယ်။ ဝေဘူဆရာတော် ဘုရားကြီးတွေ လိုမျိုးပေါ့။ နောက်ပြီးတော့ လယ်တီဆရာတော် ဘုရားကြီးတွေလိုမျိုး။ မိုးကုတ်ဆရာတော်ဘုရား ကြီးတွေလိုမျိုး။ ဈာန်အဘိညာဉ်တွေရ တယ်။ နောက်ပြီးတော့ တကယ့်ကို ဥတ္တမပုရိသလို့ ခေါ်တဲ့ ထိပ်တန်းဉာဏ်ကြီးတွေ အဲလိုမျိုးတွေ အကုန်လုံးဖြစ်တယ်၊ ဖြစ်လည်းဖြစ်နေတယ်။ …တို့လည်း ဖူးရပါတယ် ဝေဘူဆရာတော်ကြီးလည်း ဖူးရပါတယ်။ အဲဒီတော့ ဒီနည်းဟာ ဘာဖြစ်လဲဆိုတော့ ကြာတာပေါ့။ သမထနဲ့သွားနေရင် ကြာ တယ်။ အခုက သက်တမ်းတွေ တိုတယ်၊ အစာအာဟာရကလည်း မကောင်းဘူး၊ အလုပ်များတယ်ဆိုတော့ ၀ိပဿနာနဲ့သွား တာပေါ့နော်။ ၀ိပဿနာက ဘယ်လိုသွားလဲ ဆိုတော့ ခန္ဓာငါးပါးရှိတယ်လေ။ ခန်္ဓာငါး ပါးမှာ ရူပက်္ခကတော့ ရုပ်ပေါ့။ ကျန်တဲ့ခန္ဓာ လေးပါးကတော့ နာမ်ခန္ဓာခေါ်တယ်။ ရုပ်ကတစ်ပါး၊ နာမ်ကလေးပါးအဲဒီခန္ဓာငါးပါး။ ဒီခန္ဓာကိုယ် ထဲမှာ ရှုရတာပဲ။ ၀ိပဿနာဆို သည်မှာ ဘယ်ဟာရှု၍ ရသနည်း၊ စွဲလမ်း နိုင်ရာ ငါးခန္ဓာမှန်စွာရှု၍ ရသတည်း ဆိုတာ။ ဒီခန္ဓာကိုယ်ထဲမှာ ရှုလို့ရတဲ့နည်းပဲဗျ။ အာနာပါနနဲ့ပြတယ် ဆိုရင်တော့ နှာခေါင်းထဲလေ ၀င်လာတာပေါ့။ နှာသီးဖျားရယ်၊ နှလုံးရှိတဲ့ ရင်ဘတ်ရယ်၊ နောက်ပြီးတော့ ချက်ပေါ့။ အဲဒီသုံးခုကိုသေ သေချာချာ မှတ်ရတာ ပေါ့နော်။ မဟာစည် ဆရာတော်ဘုရားကြီးက တော့ ဖောင်းတယ် ပိန်တယ်ဆိုပြီးတော့ ဗိုက်ကြီးကို စိတ်ထဲမှာ ထားတယ်။ ဗိုက်ကြီးက ဖောင်းတက်လာတဲ့ အတွက် ဖောင်းလာတယ်။ ဗိုက်ကြီးက ပိန်ကျသွားရင် ပိန်ကျသွားတယ်။ အဲဒီဟာလေးပဲ ဆရာတော်ကြီးက မှတ်ခိုင်းတယ်။ တစ်ခုတော့ရှိတယ်။ ထင် ရှားတဲ့ဟာ မှတ်ရတယ်။ အဲဒီ ထင်ရှားတဲ့ဟာ မှတ်ရင်းမှတ်ရင်းနဲ့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ ဖောင်းတက် လာတာ ရုပ်ပေါ့နော်။ အဲဒါလေး လိုက်ပေးတာက နာမ်ပေါ့။ ရုပ်ရယ် နာမ်ရယ်ပေါ့။ ပိန်ကျသွားတာလည်း ရုပ်ပေါ့ အဲဒီဟာလိုက်ပေးတာက နာမ်ပေါ့။ မှတ်ရင်းမှတ်ရင်းနဲ့ အဲဒါတွေ အလိုလိုနား လည်လာတယ်။ ဖောင်းလာတာ ကရုပ်ပဲ။ အဲဒါကိုသိလိုက်တာက စိတ်လေးပဲ၊ဒါလေး ကနာမ်လေးပဲ။ ပိန်တာကရုပ်ပဲ သိလိုက်တာက နာမ်ပဲ။ စိတ်လေးပဲ အဲလို မှတ်ရင်းနဲ့ ဒါလေးနှစ်ခုတည်းပဲရှိတယ်၊၀ိညာဉ်ကောင် တို့၊ လိပ်ပြာကောင်တို့ဆိုတာ မရှိဘူး။ မြတ်စွာဘုရား လက်ထက်တုန်းကတော့ ဟိန္ဒူဝါဒ သိပ်ကြီးကျယ်တာကိုး။
အခုမိုးပေါ်မှာ စက်ဝိုင်းလို့ ထင်နေတာ ရှိတယ်လေ။ အမှန်က အကြောင်းရယ် အကျိုးရယ်သိတဲ့ ဉာဏ်ခေါ်တာ ပေါ့နော်။ အကြောင်းအကျိုးသိတဲ့ ဉာဏ်က ပစ္စယ ပဋိပက္ခဉာဏ်လို့ သုံးတယ်။ အမှန်တော့ ဉာဏ်စဉ် ၁၆ပါးမှာ ကျတော့ အခြေခံဉာဏ် လေးတွေပေါ့။ အတန်းအနေနဲ့ပြောရမယ် ဆိုရင်၁၆တန်းမှ ဘွဲ့ရမယ်ဆိုရင်တစ်တန်း နှစ်တန်းပဲရှိသေးတယ်။ တို့တိုင်းပြည်မှာ တရားရှာနေတာ အဲဒီအထဲမှာပဲ လည်နေကြတယ်။ ၁၄-၁၅ ရက်သွား ကြတယ် ဒါပဲပြောတယ်၊ နောက်တစ်ခါ ၁၄-၁၅ ရက်သွားကြတယ်။ ဒါပဲပြောတော့ ပရိ သတ်အတွက် ကျတော့ အရမ်းနစ်နာတယ်။ မခွဲနိုင်ဘူးပေါ့နော် ဉာဏ်ကို။ အမှန်ကတော့ အခြေခံဉာဏ်တွေပေါ့ ဒါတွေက။ လူတိုင်းကို ပြောတာ မဟုတ်ဘူးနော် ““ဆရာတော် ဘုရားကြီးတွေ ကတော့ သူ့ခေတ်နဲ့ သူဟောသွားတာချည်းပဲ။ ဒါပေမဲ့ နောက် ပုဂိ္ဂုလ်တွေကျတော့ ဒါတွေကို အကျယ်ချဲ့ နေကြတာပေါ့နော်။
 ဆရာတော်ကြီးတွေ ဟောခဲ့တာလေ။ အရင်တုန်းက ဖြစ်ပျက်၊ ဖြစ်ပျက်ဆိုပြီး တော့ ပုတီးစိပ်ရတယ်၊ တရားအား ထုတ်ရတယ်။ ဖြစ်တယ်ပျက်တယ်ဆိုတာ ဥတ္တရ ၀ရပြောတာနော်။ ဖြစ်လာတယ်၊ ပျက်စီး သွားတယ်၊ ဖြစ်လာတယ်၊ ပျက်စီးသွား တယ် ဥတ်္တရ၀ရဉာဏ်ထဲကို ရောက်လာတဲ့ အချိန်ကျတော့ ဘယ်လိုဖြစ် သွားလဲဆို တော့ခန္ဓာကိုယ်ထဲမှာ အကုန်လုံးက ပျက် နေတာလေးတွေ တွေ့လာတယ်။ ဒါနည်း နည်းမြင်လာမှ။ ၀င်စားတွေမှာက အဲလိုမဟုတ်ဘူး။ ၀င်စားတာက အရောင်တွေနဲ့ လာတယ်။ တောင်တန်းဆရာတော် ဦး ဥတ္တမသာရ လုံပီးမှာနေတုန်းက တစ်မိုင် နှစ်မိုင်လောက် အလင်းရောင် လေးထွက် တယ်ဆိုတာ အဲဒါ ဥတ္တရ၀ရ အစလေးမှာ ၀င်လာတာ။ နောက် ၀ါဆိုတောင်ဆရာ တော်ကြီး၊ ဆရာတော်ကြီးက ဘယ်လိုပြော လဲဆိုတော့ သူ့ကျောင်းထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကညကြီးပေါ့ မီးပူဇော်ရင် တောင်ဘုရားပေါ်သွားကျတယ်တဲ့။ အလင်းရောင်တွေထွက်နေတဲ့အကြောင်း ပြောတာ။ ဒါကဥတ်္တရ၀ရ အစလေးမှာဖြစ် တာ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဆိုရင်ဥတ္တရ၀ရဉာဏ် ကမ္ဘာလောကတစ် ၀န်းလုံးကို လင်းသွားတာ။ လောကဓာတ် တစ်ခွင်လုံးကိုလင်းပြီးတော့သူ့ရဲ့ပါရမီတော် အရဖြစ်သွားတာ။ တော်တော်များများက ဥတ္တရ၀ရ ဉာဏ်မှာ အရောင်လေး တွေထွက်လာကြတယ်။ တချို့ကျတော့ ဟင်းလင်း ပြင်ကြီးဖြစ်သွားသလိုပဲ ထင်ရတယ်။ အရောင်လင်းတွေ ထွက်လာတာပေါ့နော်။ တချို့ကျတော့လည်း လျှပ်စစ်လက်ရင် အလင်းတန်းကြီး အဲလို ထွက်သွားတာ ရှိတယ်။ အစက ငါတရားတွေ ရနေပြီ ဆိုပြီးတော့ အမှန်ကတော့ စတုတ္ထတန်း ပဲရှိသေးတယ်။ အဲလို ဖြစ်လာတဲ့ အချိန်မှာ ဒါတွေက မဟုတ်သေးဘူးလို့ ဆရာသမား တွေကပြောတယ်ငါထပ်ရှုမယ်ဆိုပြီး ရှုရင်း ရှုရင်းနဲ့ သိပ်နေလို့ထိုင်လို့ ကောင်းတာ။ နောက်တချို့ကျတော့ ကိုယ်ခန္ဓာတွေ မြောက်တက်သွား တတ်တယ်။ မြောက်တက်သွားတာတို့၊ နေလို့ထိုင်လို့ ကောင်းတာတို့၊ ချမ်းသာပြီးတော့ စည်းစိမ်နဲ့နေတာ တို့ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီအချိန်မှာ —— ဖြစ်တတ်တယ်။ မသိတဲ့သူက မဂ်တရားပဲ၊ ဖိုလ်တရားပဲဆို ပြီးတော့ မဂ်ဖိုလ်နဲ့ အထင်မှားသွားတတ်တယ်။ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုတယ် ထင် တတ်တယ်။ အဲဒီမှာယောဂီတွေ တော် တော်များများ ဒုက္ခရောက်တယ်။ အဲဒါ ဥတ္တရ၀ရဉာဏ်မှာ ဖြစ်တာနော်။ ဥတ္တရ ၀ရဉာဏ် ကနေပြီးတော့ နည်းနည်း ရင့်သန် လာတဲ့ အချိန်ကျတော့ တစ်ကိုယ်လုံးမှာ ဆောင်းကာလ နှင်းမှုန်လေးတွေ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ကျသလို ခန်္ဓာတစ်ကိုယ်လုံး ကျ နေတယ်။ အဲဒါလေးတွေ ထင်ထင်ရှားရှား ကြီး ပေါ်လာတယ်။ ဦးဇင်း ၁၄နှစ် ၁၅ နှစ်လောက်က အမေ့ရဲ့ တစ်ဝမ်းကွဲအစ်ကို တော်တာပေါ့နော် —- ဆရာတော် ဆိုတာရှိတယ်။ ထားဝယ်၊ သရက်ချောင်း နားမှာ ရှေးရွာကြီးပေါ့။ — ဆရာတော် ဆိုတာ တစ်ပါးတည်း တောင်ပေါ်မှာနေ တယ်။ အဲဒီဆရာတော်ကြီးက ပြောတယ် ငါကွာတဲ့ လက်လေးတွေ ဒီလိုဆန့်လိုက်ရင် ဖျပ်ဖျပ်ဖျပ်ဖျပ်နဲ့နေတယ်တဲ့။ ဒီလိုပြန်ကွေး ရင်လည်း ဖျပ်ဖျပ်ဖျပ်ဖျပ်နဲ့ နေတယ်တဲ့။ ကြည်တော့ ကြည်ညိုတာပေါ့နော်။သူ ပြောတာ နားမလည် သေးဘူးပေါ့။ကိုယ်အား ထုတ်လာတဲ့အချိန်ကျတော့ ကိုယ်ကလည်း အဲလိုမျိုးဖြစ်လာတော့ သွား လျှောက်တယ်။ ဆရာတော်ကြီးက ရယ်နေတယ်။ အေးဟုတ်တယ် ငါလည်းစိတ် ထင်လိုက် တိုင်း ဖြတ်ဖြတ် ဖြတ်ဖြတ်နဲ့ဖြစ် နေတယ် အဲလိုပြောဖူးတယ်။
နောက်တစ် ခုက ထောက်လှမ်းရေးဗိုလ်မှူးချုပ်တင်ဦး၊ ထောင်ကျသွားတယ် ထောင်ကပြန်ထွက် လာတော့ ကိစ်္စတစ်ခုနဲ့ သူနဲ့ ရင်းနှီးသွားတယ်။ သူသေကာနီးမှာ ပြောတယ် ဆရာကိုဖေဉာဏ်တဲ့ ကျွန်တော် ဗိုလ်ချုပ်ကြီးနေ၀င်းကို သိပ်ကျေးဇူး တင်တာပဲတဲ့။ ဘာဖြစ်လို့ကျေးဇူးတင်တာလဲ ဗိုလ်ချုပ်လို့ တစ်ချိန်တုန်းက နိုင်ငံတော်မှာ အရေးပါတဲ့ ပုဂိ္ဂုလ်ဖြစ်ခဲ့လို့လား ဆိုတော့ အဲဒါကြောင့် မဟုတ်ဘူးတဲ့ ကျွန်တော် ကျေးဇူးတင်တာ ကျွန်တော့်ကို ထောင်ချ လိုက်လို့တဲ့။ ထောင်ချလိုက်တော့ မဟာစည် ဆရာတော်ကြီးရဲ့ တရားစာအုပ်တွေ ကျွန်တော်မှာ ဖတ်တယ်တဲ့။ မှာဖတ်ပြီးတော့ တရားအား ထုတ်တယ်တဲ့ ကျွန်တော်ကျကျ နနတရား အားထုတ်လို့ တရားရသွားတယ်တဲ့။ ဘယ်လောက်ထိ ကျွန်တော် တရားရလဲ ဆိုရင်ကျွန်တော်အခု လက်လေးခြေလေးတွေ လှုပ်ရှားလိုက်ရင် ဖျပ်ဖျပ်ဖျပ်ဖျပ်နဲ့ အကုန်လုံးမြင်နေတယ်တဲ့။ ကျွန်တော်   ( ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦး) မကြာခင် သေမယ်တဲ့ သေရင်ကျွန်တော် ဗြဟ္မာဘုံကို ကျွန်တော် သွားမယ်တဲ့။ သူတစ်ယောက်ပဲ ပြောခဲ့တယ်လို့ ထင်တယ်။ တခြားသူတွေလည်း ပြောရင်ပြောမှာပေါ့ လေ။ အဲလိုပြောပြီးတော့ သူ ၁၀ ရက် လောက်မှာ သေသွားတယ်။ တိုင်းပြည်က ကြားရင် ဒီလောက် ရက်စက် ကြမ်းကြုတ်တဲ့ သူကြီးကို ဒီဦးဇင်းကြီးက ဘာဖြစ်လို့ ပြောသလဲဆိုပြီးတော့ ထင်ဦးမယ်။ ဒါပေမဲ့ ကိုယ်ပြောတဲ့ စကားက အမှန်ဖြစ်တယ်။ တို့တိုင်းပြည်မှာ အဲလိုပဲ ဘုန်းရှင်ကံရှင်တွေ အများကြီးရှိ ခဲ့တယ်။ သမ္မတကြီး ဦးစိန်လွင်လည်း အဲလိုပဲ။ ဦးစိန်လွင်နဲ့ တွေ့တော့ဘာ ပြောလဲဆိုတော့ ကျွန်တော်အရင်  ဘ၀တွေ တုန်းက ဆုပန်တုန်းက မောင်နှမခုနှစ် ယောက်ရှိခဲ့တယ်တဲ့။ အဲဒီမှာ၆ ယောက်က ဆုပန်ခဲ့တယ်တဲ့။ ကျွန်တော် ကစောင့်နေ တာတဲ့။ အဲဒီမှာဘယ်သူတွေ ပါလဲဆိုတော့ မဟာစည်ဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန် ပြုပြီး နောက်ပိုင်းမှာ ရွှေတောင်ကုန်း။ ရွှေတောင်ကုန်းနှင့် ဦးပွင့်ကောင်းတို့နဲ့ ပြဿနာတက်ပြီး နောက်ပိုင်းမှာ ပုသိမ်မှာ သဒ္ဓမ္မသီတဂူ ဆရာတော်ကြီးဆိုတာ ရောက်လာပြီး ထိန်းပေးတယ်။ သဒ္ဓမ္မသီတဂူဆရာ တော်ကြီးက ရွှေတောင် ဘုန်းကြီးထက် ပိုပြီးတော့ဝါကြီးတယ်။ သဒ္ဓမ္မသီတဂူ ဆရာ တော်ကြီးကနေနေတဲ့အချိန်မှာ ဆရာတော် ဦးပဏ္ဍိတက ထွက်သွားပြီးတော့ မဟာစည် ဆရာတော်ဘုရားကြီးက ပျံလွန်တော်မူပြီး တော့၁၂နှစ် အကြာမှာ ဦးထွန်းသာဆိုတဲ့ ပုဂိ္ဂုလ်ကြီးက ကန့်ဘလူမှာရှိတယ်။၁၃၀၇ ခုနှစ်က ဆရာတော်ကြီး တရားပြ တုန်းက မြေတိုင်း အင်စပတ်တာ ဦးထွန်းသာ တရားလာ အားထုတ်တယ်။ ကန့်ဘလူးမှာတော့ ဆရာတော်ကြီး ပျံလွန်တော် မူပြီးတော့ အရိုးတော်တွေစု ပုလင်းလေးနဲ့ သိမ်းထားတယ်။ စနေနေ့ကျတော့ သန့်ရှင်းရေးလုပ် တာပေါ့။ ၀ါဆိုလပြည့်နေ့ ထင်တယ်။ သူက၀မ်းသာ အားရ ရန်ကုန်ကဆင်းလာတာ။ ဆရာတော်က အိပ်ရာထဲ လဲနေပြီ။ သာသနာရေးဦးစိန်လွင် ရဟန်းဝတ်ပြီး တရားအားထုတ်တယ်။ မဟာစည်ဆရာတော် ကြီး ဓာတ်တော် မကျဘူးလို့ ပြောလာ နိုင်တယ်။ ရှင်းလို့ရအောင် အဲလိုမျိုးဓာတ်ပုံ ရိုက်ခိုင်းထားတာ။
အဲဒီအချိန်မှာ မဟာစည်မှာရှိတဲ့ တချို့ ဘုန်းကြီးတွေတောင်မှ သိပ်လက်မခံချင်ဘူး။ သဒ္ဓမ္မသီတဂူ ဆရာတော်ကြီး ကိုယ်တိုင်ကပြောတယ်။ သူကရယ်နေတယ်။
မင်းတို့ အကုသိုလ်ဖြစ်မှာစိုးလို့ ငါ မပြောတာတဲ့။ သေးသေးလေးအလုံးတွေ အများကြီးပဲတဲ့။ ငါဘုရားဌာပနာထဲ ထည့်ထားတယ်တဲ့။ သူရယ်ပြီးပြောတာ။ ဗိုလ် ချုပ်စန်းကြည်ဆိုတာ ဦးကြည်လွင်ဒုတိုင်း မှူးဘ၀တုန်းက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဆရာပေါ့။
ကျွန်တော်  (ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦး)မကြာခင်သေမယ်တဲ့ သေရင်ကျွန်တော် ဗြဟ္မာ့ဘုံကို ကျွန်တော် သွားမယ်တဲ့။ သူ တစ်ယောက်ပဲ ပြောခဲ့တယ်လို့ ထင်တယ်။ တခြားသူတွေလည်း ပြောရင် ပြောမှာ ပေါ့လေ။
အဲလိုပြောပြီးတော့ သူ ၁၀ ရက် လောက်မှာ သေသွားတယ် . . .
ဗိုလ်မှူးစန်းကြည်ရဲ့ အမတစ်ဦး။ သဒ္ဓမ္မ သီတဂူဆရာတော်ကြီးက ရဟန္တာဖြစ် သွားပြီလေ။ သဒ္ဓမ္မသီတဂူ၊ ဗိုလ်မှူးကြီးစန်း ကြည်အစ်မ၊ ဗိုလ်ချုပ်ကြည်လွင်ရဲ့ အမိ ကျန်တာ လေးဦးကတော့ ကျွန်တော်မသိ ဘူး။ ဗိုလ်ချုပ်ကြည်လွင် ၂၀၀၄မှာဆုံးသွား တဲ့အချိန်မှာ ရေဝေးကိုပါသွားတယ်။ သူ့ သွားကိုင်တယ်။ပျော့ပျော့လေး။ ထိုင်လို့ထ လို့ရတယ်။ ဆိုလိုတာက ရဟန္တာဖြစ်သွား တယ်လို့ ယူဆလို့ရတယ်။ ဦးစိန်လွင်က လူ့ဘ၀နဲ့ ဆုံးသွားတာ။ ၅လ၊ ၆လလောက် ရဟန်းဝတ် သွားတယ်။ ကျန်းမာရေးအတွက် စင်ကာပူတို့ကို ဆေးသွား ကုလိုက်သေးတယ်။ အိမ်မှာဆုံးတယ်။ မြန်မာပြည်ဆိုတာ ဗုဒ္ဓသာသနာနောက်ဆုံးကျန်တဲ့တိုင်းပြည်။တိုင်း ပြည်မှာ လာဖြစ်တဲ့ အကြီးအကဲတွေက ဘုန်းရှင်၊ ကံရှင်တွေဖြစ်ကြတာ။ မုန်းတဲ့ လူလည်းရှိမှာပဲလေ။ ဘယ်သူမဆို ကျေနပ် အောင်လုပ်ပေးဖို့ဆိုတာ မလွယ်ဘူးလေ။ တန်းခိုးကြီးတဲ့ ဘုရားတွေတို့တိုင်းပြည်မှာ အများကြီးလေ။ ဓာတ်တော်၊ မွေတော်တွေလည်း အများကြီးလေ။ ဗုဒ္ဓဘာသာအနေနဲ့ ကြီးကျယ်စရာ၊ ဂုဏ်ယူစရာ မရှိဘူးလေ။ ဘုန်းကြီးတဲ့ ပုဂိ္ဂုလ်တွေ အကြောင်း ပြောပြ တာ။ ဥဒယဉာဏ်၊ ဘင်္ဂဉာဏ်၊ အဘိ န၀ဉာဏ်၊—သင်္ခရုပက္ခဉာဏ်၊ သူတို့က အနုရောပဉာတ် တိုင်အောင် အကုန်ပြန် လေ့လာရတယ်။ ကမ္ဘာကြီးမှာ လည်း ပေါ်လာပြီး ပျောက်ပျောက်သွားတယ်။ ပေါ်လာ လိုက်၊ ပျောက်သွားလိုက်။ဝန်ကြီးချုပ်ဦးနု ကစွန်းလွန်း ဆရာတော်ကို မေးတယ်။ အရှင် ဘုရား နိဗ္ဗာန်ရောက် ကြောင်းဘယ်လိုလုပ် ရလဲ။ မင်းဘင်္ဂဉာဏ်လှူပါတဲ့။
နိဗ္ဗာန်ဆိုတာ ဘုံဗိမာန်ကြီးတွေနဲ့ ချမ်းချမ်းသာသာ နေရမယ်လို့ ထင်တာပေါ့။ နိဗ္ဗာန်ဆိုတာ အဲဒီလိုမျိုး မဟုတ် ဘူး ပေါ့နော်။ အခု ဒုက္ခခပ်သိမ်းတွေ ငြိမ်းသွားတာကို နိဗ္ဗာန်လို့ခေါ်တယ်။ အေးတယ်လို့ သုံးလို့မရဘူး။ သို့သော် ငြိမ်းအေးတယ်လို့ တော့သုံးတယ်။  တချို့ ဆရာတော်ကြီးတွေ ပြောတယ်။ ယောဂီတွေဆိုရင် မသာ ခဏခဏ ပေါ်တယ်တဲ့။ ကိုက်တယ်၊ နာတယ်၊ ကျဉ်တယ်။ အဲဒီဉာဏ်တွေ ပျောက်သွားရင် နေရတာ သိပ်ကိုကောင်း သွားတယ်။ တော်ရုံတန်ရုံ နှလုံးရောဂါလည်း ပျောက်တယ်။ အကုန် ပျောက်တယ်။ အဲဒါ သင်္ခရုပက္ခ ဉာဏ်တဲ့။ အဲဒီဉာဏ်က နိဗ္ဗာန်ကို တံခါးပေါက်သွားတာ။ အဲဒါကို မဟာစည်ဆရာတော်က စာလေးစီ ထားတယ်။ ကျောင်းကန် — ကင်းရှင်လေသည်။ ချမ်းသာ၊ ဆင်းရဲထင်မြဲ တူညီ။ ကြောင့်ကြမပြု မှန်းရှု လေသည်။ — ကြောက်တဲ့ စိတ်လည်း မရှိတော့ဘူး။ သောကလည်း မရှိတော့ဘူး။ နှစ်သက်ခြင်း လည်းမရှိ တော့ဘူး။ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ လောကဓံဒဏ်ကို ခံနိုင်သွားတယ်။ အဲဒီအချိန်မှာ တမင်ရှု စရာမလိုတော့ဘူး။ နေပြည်တော်ကို ကားကောင်းကောင်းလေး၊ လမ်းကောင်း ကောင်းလေးနဲ့ သွားသလိုပေါ့။ ဇိမ်နဲ့သွားသလိုပဲ။ ငြိမ်ပြီးသွား နေတယ်။ ကြာကြာ နေလည်းခိုင်မြဲတယ်။ တခြားစိတ်လည်း မရောက်တော့ဘူး။ ဆားတောင်ဆရာ တော်ဘုရားကြီးကိုလည်း ဖူးဖူးတယ်။ပြင်း ပြင်း ရှုလိုက်တယ်။ ပြီးရင် သိမ်သိမ် မွေ့မွေ့လေးဖြစ်အောင် ပြန်ရှုရတယ်။ ရှုတာ လောက်နဲ့ နိဗ္ဗာန်ရောက်မယ်ထင်တယ်။ မဟုတ်ဘူး။ ၀င်စားသွားတယ်။ အသက် ရှူမှန်းတောင်မသိတော့ဘူး။ သိမ်မွေ့လေ သည်ဆိုတာ အရမ်းအရေး ကြီးတယ်။ပြင်းပြင်းရှုလို့မရဘူး။ ပြင်းပြင်းရှု ရင်မှားနေပြီလို့ သိရမယ်။ သိမ်မွေ့အောင်ကို နေရတာ။ အဲဒါ သင်္ခရုပက်္ခဉာဏ်။ အဲဒီ ကြားထဲမှာ နှစ်ဉာဏ်ရှိသေးတယ်နော်။အဲဒါ အနုလော မဉာဏ်၊ ဘောတ— ဉာဏ်ရယ်ရှိ တယ်။ အနုလောမဉာဏ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့် လဲဆိုတော့ ကျီးလေးတစ်ကောင် ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်မှာ နားရောက်လို့ ရောက်မှန်းမသိ ပျံသွားတယ်။ ကမ်းမ ရောက်ရင် ပြန်လာတယ်။ တက်လိုက်ကျ လိုက်သွားနေတယ်။ ရိုးရိုးသွားတာမဟုတ် ဘူး။အရှိန်လေးနဲ့ သွားနေတာ။ကလေးတွေ ကို ပွဲခင်းနားခေါ်သွား သလို ပြေးသွားသလို အရှိန်လေးနဲ့ပြေးဝင်မှရတယ်။ တရားထိုင် ရင် အချိန်တွေကြာသွားတယ်။ ဘာမှမ သိဘူးဆိုရင် မဟုတ်ဘူး။ သိကိုသိရမယ်။ အရှိန်နဲ့ပြေးဝင်ရတယ်။ အဲဒါကို အနုလော မဂ်ဉာဏ်လို့ခေါ်တယ်။ မဂ်ဉာဏ်ကျပြီးတော့ တစ်ခါ ဖိုလ်ဉာဏ်ဖြစ်တယ်။ အဲဒီတော့မှ နိဗ်္ဗာန်ဖြစ်သွားတယ်။ ပစ္စ၀က္တုဏဉာဏ်ဆို တာ ပြန်ပြီးတော့ ပြင်ဆင်တယ်။
အနုလောမဉာဏ်၊ — မဂ်ဉာဏ်၊ ဖိုဂ်ဉာဏ်၊ — တစ်စက်္ကန့်အတွင်းမှာဖြစ်တာ တဲ့။ စိတ်စွမ်းအားအရမ်းမြန်တယ်။ အဲဒီ အချိန်မှာ သမာဓိအားကောင်းတဲ့လူကျ တော့ ၁၀မိနစ်၊ ၂၀မိနစ်၊ နောက်မိနစ် ၃၀ပေါ့။ တစ်နာရီ၊ နှစ်နာရီ အဲလိုမျိုးရ လာတာ။ သမာဓိကြီးကျယ်လာတဲ့အခါကျ တော့ သမ်္မထနဲ့သွားတဲ့ပုဂိ္ဂုလ်တွေရှိတယ်။ အဲဒါကျတော့ ရဟနဩ်္တာပဲရတယ်။ နောက် အဘိဉာဏ်ရတဲ့ပုဂိ္ဂုလ်တွေပဲရတယ်။ ရိုးရိုး ပုဂိ္ဂုလ်တွေက အဲဒီလိုမျိုးမကျဘူး။ အဲဒီ ဆိုရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ်္ဗာန်ဉာဏ်ကို သွားတာလေ။ လက်တွေ့မှာ ခုနှစ်ရက်နဲ့ ရတဲ့ပုဂိ္ဂုလ်တွေ လည်းရှိ တယ်။
မိုးတွင်းတုန်းကအသက်၇၀ရှိတဲ့ မော် ကျွန်းကအဘွားကြီးတစ်ယောက်ရောက် လာတယ်။ အဘွားကြီးက ငယ်ငယ်တည်း က သိမ်မွေ့တဲ့ဟန်ရှိတယ် ထင်ပါတယ်။ စင်္ကြံကိုတော့ အဓိကထားတယ်။ ရှင် မဟာမောက်က လန် ခုနှစ်ရက်နဲ့ ရဟန်္တာ ဖြစ်တဲ့ သုံးရက်လုံးလုံး စင်္ကြံလျှောက်တယ်။ ညီတော်အာနန်္ဒာလည်း စင်္ကြံလျှောက် ပြီးတော့ ပထမသောတာပန်လေ။ မြတ်စွာ ဘုရား ပရိနိဗ်္ဗာန်ပြုရာ သံဃာတင်တာ တစ်ညလုံးဇင်းကြံ လျှောက်တာ။ တချို့ကျ တစ်နာခွဲ၊ နှစ်နာရီခွဲ၊ သုံးနာရီခွဲ။များ များ သွားခိုင်းလိုက်။ စင်္ကြံကတော်တော် တန် ဖိုးရှိတယ်။အဲဒီလိုပြောရင်းနဲ့၁၇ရက်အကြာ မှာမဂ်ဖိုလ်ကိုမျက်မှောက်ပြုခဲ့တယ်။ သီလ သမာ ပတ်ဝင်စားတာ ပေါ့။ အဲဒီလိုမျိုးတွေ တခြားလူတွေလည်းရှိပါတယ်။ ၄၄နှစ်အား ထုတ်လာတဲ့တရားဆိုတာ နည်းတာမဟုတ် ဘူးလေ။  ကိုယ့် စိတ်ထဲမှာ သင်္ကန်းကိုက ကြည်ညိုတယ်။ ရိုသေတယ်။
တရားပြမယ်ဆိုရင် ဘယ်လိုနည်းလမ်း နဲ့ အဓိက ပြမလဲဘုရား။
ဘယ်လိုနည်းနဲ့ ပြမလဲဆိုတော့ မဟာစည်ဘုရားကြီးကတော့ ဘာပြောလဲ ဆိုတော့ ခုခေတ်မှာ လူတွေဟာ သက် တမ်းတွေတိုတယ်တဲ့။အာဟာရတွေလည်း ရှေးတုန်းကလို မပြည့်စုံဘူးပေါ့။ ရှေးတုန်း ကဆိုရင် သလေးစပါး တစ်ခုတည်းနဲ့ အားလုံးစားလို့ရတယ်ပေါ့။ မြေဆီမြေသြ ဇာ တွေရှိတယ်ပေါ့နော်။ ခုကျတော့ အာ ဟာရလေးတွေလည်း သိပ်ပြီးတော့မပြည့် စုံဘူးပေါ့နော်။ သက်တမ်းတွေလည်း တို တယ်တဲ့။ နောက်ပြီးတော့ ခုခေတ်မှာ လူ တွေအကုန်လုံးကစားဝတ်နေရေးနဲ့ လုံး ပန်း နေကြတာလေ။ အချိန်တွေက သိပ် မပေးနိုင်ကြ ဘူး။ အဲဒီ အချိန်တိုတိုလေးမှာ တရားရနိုင်တဲ့နည်းပေါ့နော် ဥပမာ ပကိ္ခယတရားတော်မှာတော့ ၇ ရက်၊ ၁၅ ရက်၊ တစ်လ၊ နှစ်လပေါ့လေ အများဆုံး ၇ လပေါ့။ အဲလိုမျိုးတော့ပြတာပေါ့နော်။ မြန်မာပြည်မှာ အားထုတ်တဲ့ ပုဂိ္ဂုလ်တွေ ကတော့ နှစ်လလောက်ဆိုရင် နေရာကျ သွားတာများတယ်။ တချို့ကျတော့ မဂ် တရား၊ ဖိုလ်တရား မျက်မှောက်ပြုသွား တာပေါ့နော်။ သောတပန်ဖြစ်သွားတာပေါ့ ရိုးရိုးပြောမယ်ဆိုရင်တော့။ သုဒ္ဓ၀ိပဿနာ ဉာဏ်ဋီကာ လို့လည်း ၀ိပဿနာ စစ်စစ်နဲ့ ပဲ ပြဖို့ စိတ်ကူးမရှိပါဘူး။
ဆက်လက်ဖော်ပြပါမည်။

မောင်ရေစက်

မြန်မာသံတော်ဆင့်