Home » » မြန်မာ ထိုင်း အမျိုးသမီးပွဲ ဒိုင်လူကြီးဆုံးဖြတ်ချက်များ မကျေနပ်၍ အာရှဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားမည်

မြန်မာ ထိုင်း အမျိုးသမီးပွဲ ဒိုင်လူကြီးဆုံးဖြတ်ချက်များ မကျေနပ်၍ အာရှဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားမည်

Written By Unknown on Thursday, December 19, 2013 | 3:25 PM

မြန်မာနှင့် ထိုင်းအမျိုးသမီးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များ မျှတမှုမရှိသည့်အတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တိုင်ပင်ကာ အာရှဘောလုံးအဖွဲ့ ချုပ်(AFC)ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးဘောလုံးအသင်း နည်းပြက ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၈ ရက်က မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့သော အိန္ဒိယအမျိုးသမီး ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များသည် မျှတမှုမရှိသည့်အတွက် အဖွဲ့ချုပ်နှင့် တိုင်ပင်ကာ တိုင်ကြားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ကုမဒါက ပြောသည်။
““နည်းပြတစ်ယောက်တည်းနဲ့တော့ ဆုံးဖြတ်လို့မရဘူး။ အဖွဲ့ ချုပ်နဲ့တိုင်ပင်ပြီး ဆက်လုပ်သွားပါမယ်””ဟု ၎င်းကပြောသည်။

အာရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားမည်ဖြစ်သော်လည်း ပွဲစဉ်ရလဒ် ပြောင်းလဲမှုထက် ဒိုင်လူကြီးကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန်သာ မျှော်လင့်ကြောင်း ၎င်း၏စကားပြန်က ပြောသည်။

ပွဲချိန် ၁၂ မိနစ်တွင် မြန်မာအသင်း သွင်းယူသော ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့် ပွဲချိန် ၁၉ မိနစ်တွင် ထိုင်းအသင်း သွင်းယူခဲ့သော ဂိုးမှာ လူကျွံဘောဖြစ်နေသော်လည်း ဂိုးပေးခဲ့ခြင်းတို့ကို အဓိက မကျေနပ်သည့်အတွက် တိုင်ကြားရန် ကြိုးစားခြင်းဖြစ်ကြောင်း ကုမဒါကပြောသည်။
““ဒီအရည်အချင်းလောက်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ခရာမှုတ်တာ မဖြစ်သင့်ဘူး”” ဟု ၎င်းက ပြောကြားသည်။
မြန်မာအမျိုးသမီးအသင်းနည်းပြက ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်ဟု ပြောသော်လည်း ထိုင်းအသင်းနည်းပြက ကွင်းလယ်ဒိုင်သည် အကောင်းဆုံးကိုင်တွယ်သွားသည်ဟု ပြောသည်။ သို့သော် မြန်မာအသင်းကို အနိုင်ရခဲ့ခြင်းမှာ ကံကောင်း၍ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း အကောင်းဆုံးကြိုးစားခဲ့ကြောင်း ထိုင်းအသင်းနည်းပြက ဆက်လက်ပြောသည်။

အာဆီယံဒေသတွင်းရှိ ဒိုင်လူကြီးများ၏ အရည်အချင်းသည် ညံ့ဖျင်းလွန်းကြောင်း၊ ပြီးခဲ့သည့် မြန်မာ-ဗီယက်နမ်ပွဲတွင်လည်း ဒိုင်၏ပွဲစဉ်အပေါ် ကိုင်တွယ်မှုညံ့ဖျင်းခဲ့ပြီး ဆုံးဖြတ်ချက်အမှားများ ချမှတ်ခဲ့ကြောင်း လက်ရှိ အာဆီယံဒိုင်များ၏အရည်အချင်း တိုးတက်အောင်မလုပ်နိုင်လျှင် အာဆီယံဘောလုံးအသင်းများ၏ အရည်အချင်းသည်လည်း တိုးတက်လာမည်မထင်ကြောင်း မြန်မာအသင်းနည်းပြကပြောသည်။

7day Daily