Home » » တောင်​တွင်း​ကြီး​မြို့​လယ် ​စက်​သုံး​ဆီ​အ​ရောင်း​ဆိုင်ေ​ရွှ့​ပေး​ရေး ​ဆ​န္ဒ​ပြ

တောင်​တွင်း​ကြီး​မြို့​လယ် ​စက်​သုံး​ဆီ​အ​ရောင်း​ဆိုင်ေ​ရွှ့​ပေး​ရေး ​ဆ​န္ဒ​ပြ

Written By Unknown on Monday, December 2, 2013 | 3:03 PM

မ​ကွေး​တိုင်း ​တောင်​တွင်း​ကြီး​မြို့​လယ်​ရှိ ​အ​မှတ် ၅၄ ​န​ယူ​ဒေး ​စက်​သုံး​ဆီ​အ​ရောင်း​ဆိုင်​ကို ​မြို့​လယ်​မှာ ​ဆက်​ထား​ရင် ​အ​န္တ​ရာယ်​ရှိ​နိုင်​တဲ့​အ​တွက် ​မြို့​ပြင်​ပြောင်းေ​ရွှ့​ပေး​ဖို့ ​တောင်​တွင်း​ကြီး ​ဒေ​သ​ခံ​တ​ချို့ ​ဒီ​ဇင်​ဘာ​လ ၂ ​ရက်​နေ့ ​က ​စီ​တန်း​လှည့်​လည် ​ဆ​န္ဒ​ပြ​တောင်း​ဆို​ခဲ့​ပါ​တယ်။

ဆ​န္ဒ​ပြ​ရ​တဲ့ ​ရည်​ရွယ်​ချက်​ကို ​ဆ​န္ဒ​ပြ​ရာ​မှာ ​ဦး​ဆောင်​ပါဝင်​တဲ့ ​ဦး​ကျော်​ထွန်း​ဦး​က “​တောင်​တွင်း​ကြီး​မြို့​မှာ ၁၉၈၁ ​ခု​နှစ်​တုန်း​က ​မြို့​လုံး​ကျွတ်​နီး​ပါး ​မီး​လောင်​ခဲ့​ပါ​တယ်။ ​အဲ​ဒီ​အ​ချိန်​တုန်း​က ​ဆီ​ဆိုင်​နေ​ရာ​က​နေ ​ဒီ​ဇယ် ​ပေ​ပါ ၂ ​လုံး ​ပေါက်​ကွဲ​လို့ ​တ​မြို့​လုံး ​မီး​လောင်​ခဲ့​တာ​ပါ။ ​သို့​မ​ဟုတ်​ဆို​ရင် ​ကျ​နော်​တို့ ​အဲ​ဒီ​လောက် ​အ​တိ​ဒု​က္ခ​မ​ရောက်​ခဲ့​ပါ​ဘူး​။ ​အဲ​ဒီ​တုန်း​က ​လူ​နေ​မှု​က ​တော်​တော်​လေး ​ကျဲ​တယ်။ ​ဒါ​တောင်​မှ ​မြို့​လုံး​ကျွတ်​နီး​ပါး ​လောင်​ခဲ့​တယ်။ ​အ​ခု ​အ​နေ​အ​ထား​မှာ​ကျ​တော့ ​လူ​နေ​မှု​က​လည်း ​စိပ်​တယ်။ ​အ​နီး​အ​နား​မှာ​လည်း ​စား​သောက်​ဆိုင်​တွေ​နဲ့ ​အ​နောက်​မြောက်​ဘက် ​ကိုက် ၁ ​ထောင်​လောက် ​အ​ကွာ​မှာ​က ​မြို့​မ ​ဈေး​ကြီး ​ရှိ​တယ်။ ​အ​နောက်​တောင်​ဘက် ​ကိုက် ၁ ​ထောင်​လောက်​မှာ​က ​ပြည်​သူ့​ဆေး​ရုံ​ကြီး ​ရှိ​တယ်။ ​အေ​ရှ့​ဘက် ​ကပ်​လျက်​မှာ ​ရှိ​နေ​တာ​က ​ခြုံ​စည်း​ရိုး​လေး​ပဲ ​ခြား​တယ်၊ ​မြို့​မ ​မူ​လ​တန်း​လွန်​ကျောင်း ​ရှိ​တယ်။ ​အဲ​ဒီ​ဆိုင်​နဲ့ ​ကျောင်း​နဲ့ ​ကပ်​နေ​တဲ့​အ​တွက် ​ကျ​နော်​တို့ ​မြို့​က​လည်း ​ပူ​ပြင်း ​ခြောက်​သွေ့​တဲ့​ရာ​သီ​ဥ​တု ​ရှိ​တယ်။ ​မီး​ဘေး​အ​န္တ​ရာယ်​လည်း ​အ​ရမ်း ​စိုး​ရိမ်​တဲ့​အ​တွက် ​ဒါ​ကို ​မြို့​ပြင်ေ​ရွှ့​ပေး​ဖို့ ​တောင်း​ဆို​တာ​ပါ” ​လို့ ​ပြော​ပါ​တယ်။

ဓာတ်​ဆီ​ဂါ​လန် ၁ ​သောင်း​ကျော် ​သို​လှောင်​ထား​တဲ့ ​မြို့​လယ်​ရှိ  ​စက်​သုံး​ဆီ​အ​ရောင်း​ဆိုင်​က ​မီး​ဘေး​လုံ​ခြုံ​မှု​အ​ရ ​စ​နစ်​တ​ကျ​မ​ရှိ​ဘဲ ​အော့​တိန်း​(​ဓာတ်​ဆီ)​ခံ ​အ​ပြား​မ​လုံ​ပဲ ​အ​ငွေ့​မ​လုံ​တာ​တွေ ​တွေ့​ရ​ပြီး ​ဓာတ်​ဆီ​ကန်​တွေ​က ​သာ​မန်​အုတ်​ကန်​တွေ​အ​ဖြစ် ​တည်​ဆောက်​ထား​တယ်​လို့ ​ဆို​ပါ​တယ်။

မြို့​လယ်​ရှိ ​ဓာတ်​ဆီ​ဆိုင်​ကို ​ပြောင်းေ​ရွှ့​ရေး ​လက်​မှတ်​ထိုး ​တောင်း​ဆို​တဲ့ ​ကျောင်း​ပေါင်း ၄၀ ​ကျော်​နဲ့ ​ဒေ​သ​ခံ ​ပြည်​သူ​လူ​ထု ၁၅၀ ​ကျော်​ရှိ​ကြောင်း ​ဒေ​သ​ခံ ​ဦး​ကျော်​ထွန်း​ဦး​က ​ပြော​ဆို​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​မတ်​လ​က ​ခ​ရိုင်​စစ်​ဆေး​ရေး​အ​ဖွဲ့​တွေ ​စက်​သုံး​ဆီ​ဆိုင်​ကို ၀င်​ရောက်​စစ်​ဆေး​ခဲ့​ပြီး ​ဒေ​သ​ခံ​ကို ​စစ်​ဆေး​ချက်​တွေ ​အ​ကြောင်း​ပြန်​မယ်​လို့ ​ပြော​ဆို​ပေ​မယ့် ​ဒီ​နေ့​အ​ထိ ​တ​စုံ​တ​ရာ ​အ​ကြောင်း​မ​ပြန်​သေး​ဘူး​လို့ ​သိ​ရ​ပါ​တယ်။

နိုဝင်​ဘာ​လ ၇ ​ရက်​နေ့​က ​မြို့​လယ်​ရှိ ​န​ယူ​ဒေး ​စက်​သုံး​ဆီ​အ​ရောင်း​ဆိုင် ​ပြောင်းေ​ရွှ့​ဖို့ ​တ​ကိုယ်​တော် ​ဆ​န္ဒ​ပြ​ခဲ့​သူ ​ဦး​ပြည့်​မိုး​ကို ​ခွင့်​ပြု​မိန့်​မ​ကျ​ဘဲ ​စီ​တန်း​လှည့်​လည်​ခဲ့​တာ​ကြောင့် ​တောင်​တွင်း​ကြီး​ရဲ​စ​ခန်း​က ​ပုဒ်​မ ၁၈ ​နဲ့ ​တ​ရား​စွဲ​ဆို​ထား​ပါ​တယ်။

By ​ကို​ဈာန် (ဒီဗွီဘီ)