Home » » ထိုင်း ဆန္ဒပြမှုမှာ လူ ၄ဦးသေဆုံး

ထိုင်း ဆန္ဒပြမှုမှာ လူ ၄ဦးသေဆုံး

Written By Unknown on Monday, December 2, 2013 | 8:36 AM

ထိုင်းနိုင်ငံက ​အစိုးရရုံးတွေနဲ့ ​ရဲဌာနချုပ်ကို ​၀င်ရောက်စီးနင်းခဲ့တဲ့ ​အစိုးရဆန့်ကျင်ဆန္ဒပြတဲ့သူထဲက ​လေးဦးသေဆုံးခဲ့ပါတယ်။

အစိုးရကို ​ဆန့်ကျင် ​ဆန္ဒပြတဲ့ ​လူထုအုံကြွမှု ​အဖွဲ့ခေါင်းဆောင်က ​Suthep ​Thaugsuban ​ကလည်း ​၀န်ကြီးချုပ်ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​မြို့တော် ​ဘန်ကောက်မြို့ ​လူထုဆန္ဒပြပွဲကြီးမှာ ​မိန့်ခွန်းပြောကြားစဉ် ​တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ ​အစိုးရရုံး ​၁၀ခုကို ​၀င်ရောက် ​စီးနင်းခဲ့သလို ​အစိုးရသတင်းဌာန ​PBS ​ရုံးကိုလည်း ​၀င်ရောက် ​ဆီးနှင်းခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ​ဆန္ဒပြသူတွေနဲ့ ​အစိုးရကြားမှာ ​အခြေအနေတွေ ​အတော်တင်းမာနေသလို ​ဆန္ဒပြတဲ့လူအုပ်ကြီးကိုလည်း ​အစိုးရဖက်က ​မျက်ရည်ယိုဗုံးနဲ့ ​မီးသတ်ပိုက်တွေသုံးပြီး ​ဖြိုခွင်းခဲ့ပါတယ်။

ဒါပေမယ့် ​ဆန္ဒပြသူတွေဖက်ကတော့ ​၀န်ကြီးချုပ် ​Yingluck ​Shinawartra ​နဲ့ ​သူမရဲ့ ​အစိုးရ ​ရာထူးကနေ ​ဆင်းပေးတဲ့အထိ ​ဆက်လက် ​ဆန္ဒပြသွားမယ်လို့ ​ဆန္ဒပြတဲ့အဖွဲ့ခေါင်းဆောင်က ​ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ​အခြေအနေကို ​ထိန်းချုပ်နိုင်ဖို့အတွက် ​စစ်သားအယောက်ပေါင်း ​၂၇၀၀ ​ကိုလည်း ​ဘန်ကောက်မြို့မှာ ​လုံခြုံရေးချထားတယ်လို့သိရပါတယ်။

ABC Radio Australia