Home » » ၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု လာရီဒိုင်းမွန်း ပြောကြား

၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု လာရီဒိုင်းမွန်း ပြောကြား

Written By Unknown on Tuesday, December 31, 2013 | 1:10 PM

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ။       ။လာ မည့် ၂၀၁၅ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု စတန်းဖို့ဒ်တက္ကသိုလ် မှ နိုင်ငံရေးသုတေသနပညာ ရှင် ပါမောက္ခလာရီဒိုင်းမွန်းက ပြောသည်။ ဒီဇင်ဘာလ ၂၉ရက်က Orchid  ဟိုတယ်၌ ပြုလုပ် သည့် 'မြန်မာ့ဒီမိုကရေစီ အ သွင်ကူးပြောင်းရေး၊ နိုင်ငံရေး ပဋိညာဉ် မရှိခြင်းအန္တရာယ်'ဆွေး နွေးပွဲတွင် ယင်းသို့ ပြောကြား ခြင်းဖြစ်သည်။

ပါမောက္ခလာရီဒိုင်းမွန်း က ''၁၉၉ဝပြည့်ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ကြည့်မယ်ဆိုရင် အပြတ်အသတ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ထား တယ်။ ၂၀၁၅ရွေးကောက်ပွဲ ဖြစ်လာမယ်ဆိုရင်လဲ ဒီအနေ အထားမျိုးပဲ အနည်းနဲ့အများ ပြန်ဖြစ်ဖို့ရှိတယ်''ဟု ပြောသည်။ ဒီမိုကရေစီ လှုပ်ရှားမှုများ တွင် ဖိနှိပ်မှုများရှိပါက အရင်း အနှီး အဆုံးအရှုံးကြီးနိုင်သည့် အတွက် အုပ်ချုပ်သူများဘက် ကလည်း ၂၀၁၅ရွေးကောက်ပွဲ သည် ယခုအတိုင်း သာဖြစ် မည် ဆိုပါက တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်တွင် ကယ်ရာကယ်ပေါက်တစ်ကွက် အနေဖြင့် ချန်ထားခြင်းဖြစ်ကြောင်း သူ၏အမြင်ကို ပြောခဲ့သည်။

အတိုက်အခံ များဘက်မှ လည်း အုပ်ချုပ်သူအာဏာပိုင် များသည် အသွင်ကူးပြောင်းရေး ကို စေ့စပ်ညှိနှိုင်းခြင်းမဟုတ်ဘဲ ယင်းတို့သဘောထားကို တစ် ဖက်သတ် သွတ်သွင်းခြင်းဆို သည့် သဘောထားကို လုပ်နိုင် သော်လည်း ယခုထိ မလုပ် ဆောင်သေး ကြောင်း ယင်းက ဆက်လက်ပြောသည်။ အသွင်ကူးပြောင်းသည့် နိုင်ငံများကို ကြည့်မည်ဆိုပါက ဒီမိုကရေစီအင်အားစုများတွင် နိုင်ကွက်တစ်ခုရှိကြောင်း၊ ယင်း တို့သည် လူထုအင်အားကို ဆွဲ တင်လှုံ့ဆော်နိုင်ကြောင်း၊ နိုင်ငံ တကာ၏ အမြင်ကို ပြောင်းလဲ နိုင်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြင့်က ရဟန်းရှင်လူ ပြည်သူလူထုများသည် ၁၉၈၈ ခုနှစ်ကတည်းကပင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးရှိရန် တိုက် ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အမျိုး သားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ သည်လည်း ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ် မှုများကြားမှ လုပ်ဆောင်နေ သည့်အတွက် လူထုကထောက် ခံနေခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ယခုအချိန် တွင် အတိုက် အခံများအနေဖြင့် တစ်ဦး ကောင်း တစ်ယောက်ကောင်း အနေဖြင့် မလုပ်ဆောင်သင့် ဘဲ အချင်းချင်း ကြားထဲတွင် ညီညွတ်ခြင်းနည်းဖြင့် လုပ် ဆောင်သွားရန် လိုအပ်ကြောင်း လည်း အကြံပြုပြောကြားခဲ့ သည်။

ရွှေရည်မဉ္ဇူ၊ နန်းသီတာဝင်း

Yangon Media Group