Home » » ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူသုံးစွဲ ခေါင်းပုံဖြတ်ခြင်း လူကုန်ကူးမှုတွင်ပါဝင်၍ ထိရောက်စွာ ပြစ်ဒဏ်ပေးနိုင်

ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူသုံးစွဲ ခေါင်းပုံဖြတ်ခြင်း လူကုန်ကူးမှုတွင်ပါဝင်၍ ထိရောက်စွာ ပြစ်ဒဏ်ပေးနိုင်

Written By Unknown on Sunday, December 8, 2013 | 3:28 AM

ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူသုံးစွဲ ၍ ခေါင်းပုံဖြတ်သည့်အမှု ယခင်နှစ်ကဖြစ်ခဲ့၍ ယခုနှစ်တွင် မပေါ်ပေါက်စေရန် လူကုန်ကူးမှု တားဆီးရေး ပညာပေးမှု၌ ကဏ္ဍတစ်ခုအနေ ဖြင့် ထည့်သွင်းပေးနေရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူး ကြီး ဦးခင်မောင်လှက ပြောသည်။

”လူကုန်ကူးမှုမြောက်တဲ့ ခေါင်းပုံဖြတ်တဲ့ အမျိုးအစား ၁ဝ မျိုးထဲမှာပါတယ်။ ဒါက ထိ ရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ခံရနိုင်တယ်။ ဒီလို ထည့်ပြောနေပါတယ်” ဟု ၄င်းက Popular News သို့ ပြောသည်။

ပြီးခဲ့သောနှစ်တွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းထုတ်ယူသော အမှုတစ်ခုကို လက်ရှိတွင် တရားရုံးတော်က ပြစ်ဒဏ်စီရင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံသို့ အလားတူအမှုမျိုး တိုင်ကြားမှု လက်ရှိအချိန်အထိ မရှိသေးဟု ဒုတိယရဲမှူး ကြီးခင်မောင်လှက ဆက်ပြောသည်။

”ဒီကိစ္စဆိုတာမျိုးက ကြိတ်ပြီးလုပ်ကြတာ။ မကျေနပ်တော့မှ အသံထွက်ပြီး တိုင်ကြ တော ကြတာ။ ဒါ ကြောင့် ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းရှာ ဖွေဖော်ထုတ်ရတာခက်ပါတယ်။ တိုင်တန်းအမှု ဖွင့်မှသိရတာ။ သို့ပေမယ့်လည်း သွေးကိုတောင် မှ ကာယကံရှင်သဘောမတူရင် ထုတ်ယူလို့မရ ပါဘူး။ ဒါကြောင့် ကိုယ်အင်္ဂါအစိတ် အပိုင်းနဲ့ ပတ်သက်လို့ အနိုင်ကျင့်ခံရရင် တိုင်တန်းနိုင်ပါ တယ်” ဟု ¤င်းက ထပ်လောင်းဆိုသည်။

အိမ်နီးချင်းနိုင်ငံအချို့၌ ကိုယ်အင်္ဂါအ စိတ်အပိုင်းနှင့်ပတ်သက်၍ မတရားထုတ်ယူသုံး စွဲမှုပြဿနာ ရှိနေသည့်အပြင် မြန်မာနိုင်ငံတွင် လည်းဖြစ်ခဲ့၍ သတိထားသင့်သော ကိစ္စရပ် တစ်ခုအနေဖြင့် ရဲတပ်ဖွဲ့ကသတ်မှတ်ထား ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ ထပ်မံသိရသည်။

Popular Myanmar News Journal