Home » » ကျပ် ၅၀၀၀ တန်အတု သုံးစွဲခဲ့သည်ဟုဆိုကာ ကုန်စုံဆိုင်ပိုင်ရှင်ကို ရဲကအမှုဖွင့်

ကျပ် ၅၀၀၀ တန်အတု သုံးစွဲခဲ့သည်ဟုဆိုကာ ကုန်စုံဆိုင်ပိုင်ရှင်ကို ရဲကအမှုဖွင့်

Written By Unknown on Tuesday, December 17, 2013 | 12:54 PM

အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်

မင်္ဂလာဒုံမြို့နယ်တွင် ၅၀၀၀ တန် ငွေစက္ကူအတုများ သုံးစွဲခဲ့သည့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ တွင် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၃ ရက်က အမှတ် ၄၇၊ ပိတောက်လမ်းနေ (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဈေးအတွင်းတွင် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ အတုဟုယူဆရသော ငွေစက္ကူခြောက်ရွက်တို့ကို သိမ်းဆည်းရ မိထားသည်။

ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဦးက “ငါးထောင်တန်အတုကို ၀က်သားသည်ဆီမှာ အကြွေလဲခိုင်းရာကနေ စသိခဲ့တာပါ၊ ၀က်သားသည်က ပိုက်ဆံတွေကို မသင်္ကာလို့ မသန်းဌေးကို ပြန်ပြောတော့ ညတွင်းချင်း ချက်ချင်းပြန်လဲပေးတယ်။ နောက် နေ့မနက်ကြတော့ မသန်းဌေးက အဲဒီပိုက်ဆံတွေကို အကုန်လုံးကို ဈေးဝယ်ပစ်တယ်” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ ငွေစက္ကူများမှာ (Color Printer) ရောင်စုံပုံနှိပ်စက်ဖြင့် ထုတ်လုပ်ထားသော အတု များဖြစ်သည်ဟု မှုခင်းရဲတပ်ဖွဲ့က ကနေဦးအနေဖြင့် မှတ်ချက်ပြုထားကြောင်းနှင့် ငွေစက္ကူ အတုသုံးစွဲ သူဟု သံသယရှိခံထားရသူ မသန်းဌေးကလည်း ယင်းပိုက်ဆံများမှာ အရောင်းအ၀ယ်ပြုလုပ်ရာမှာရရှိ ထားသော ပိုက်ဆံများဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဦးက ပြောပြ သည်။

လက်ရှိတွင် သံသယရှိခံထားရသူ မသန်းဌေးတို့ ဇနီးမောင်နှံနှစ်ဦးအနက် ယောက်ျားဖြစ်သူ ဦးစိုးသီဟ အား ရဲတပ်ဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သော်လည်း မသန်းဌေးကို ဖမ်းဆီးစစ်ဆေးနေသည်ဟုလည်း ဦးတင်ဦးက ဆက်ပြောပြခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်နိုင်ဝင်းကလည်း မသန်းဌေးအား ငွေစက္ကူအတုများသုံးစွဲမှုဖြင့် အရေးယူ ပေးရန် စွပ်စွဲတိုင်တန်းထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese