Home » » ရန်ကုန်-မှော်ဘီ ခရီးသည်တင်ယာဉ် တိမ်းမှောက် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက်

ရန်ကုန်-မှော်ဘီ ခရီးသည်တင်ယာဉ် တိမ်းမှောက် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက်

Written By Unknown on Saturday, December 14, 2013 | 5:44 PM

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ

ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ ဒီယာဉ်မတော် တဆမှုဖြစ်စဉ်မှာ မြန်မာဘီယာကုမ္ပဏီက ကုန်ကြမ်းလို့ ယူဆရတဲ့ ဖွဲနုတွေကြောင့် ဖြစ်သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က အခု ဖွဲနုတွေကိုယူပြီး စမ်းသပ်စစ်ဆေးနေ ပါပြီ။ အတည်ပြုချက်ရတာနဲ့ မြန်မာဘီယာ ကုမ္ပဏီကို ဥပဒေကြောင်းအရ အရေးယူ သွားမှာပါ” ဟု မင်္ဂလာဒုံမြို့နယ် စည်ပင် သာယာရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေး မှူးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ် တွက် ဦးကျော်သင်း အသက် (၅၁) နှစ်နှင့် မအေးအေးလှိုင် အသက် (၂၃) နှစ်တို့မှာ အခင်းဖြစ်သည့်နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး ကျန်ရှိသည့် လူနာ ၁၁ ဦးအား အင်းစိန်ဆေးရုံတွင် အရေးပေါ်ကုသနေရ ကြောင်း မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ကျရဲတပ်ကြပ်က အတည်ပြု ပြောကြားသည်။

ခုံးကျော်တံတားမှ ရထားသံလမ်း ပေါ်သို့ ထိုးကျခဲ့သည့် ခရီးသည်တင်ယာဉ် မှာ ပ/---- ရန်ကုန်-မှော်ဘီ ခရီးသည် တင်ယာဉ်ဖြစ်ပြီး အရှေ့မှ စလစ်ဖြစ်နေ သော အဲလ်ကမ္ဘောဇကားအားရှောင်လိုက် ရာမှ တံတားသံဘောင်များအား ဝင်တိုက် ဖြတ်ကျော်ကာ အမြင့်ပေ ငါးဆယ်ကျော် ရှိသော ရထားသံလမ်းပေါ်သို့ ထိုးကျသွား ခြင်းဖြစ်ကြောင်း သိရသည်။

ဤကဲ့သို့ ယာဉ်များတိမ်းမှောက်မှု မဖြစ်ခင် နှစ်ရက်၊ သုံးရက်ပိုင်းတွင် အဆိုပါ ဖွဲနုများကြောင့် ယာဉ်များလမ်းလျော်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ယာဉ်တိုက်မှုအား လာရောက်ကြည့်ရှုသူများက ဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)