Home » » ဖုန်းအားသွင်းရာက မီးလောင် အိမ်ငါးလုံးလောင်ကျွမ်း

ဖုန်းအားသွင်းရာက မီးလောင် အိမ်ငါးလုံးလောင်ကျွမ်း

Written By Unknown on Saturday, December 28, 2013 | 11:39 AM

နေပြည်တော် ၊ ဒီဇင်ဘာ ၂၇ ။ ။ ဖုန်း အားသွင်းစက် အပူချိန်လွန်ကဲ ရာမှ နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့တွင် အိမ် ငါးလုံးမီးလောင် ခဲ့ကြောင်း နေ ပြည်တော်ပျဉ်းမနားမြို့နယ် အ မှတ်(၁)မီးသတ်စခန်းမှ သတင်း ထုတ်ပြန် ချက်အရ သိရသည်။

ယနေ့နံနက် ၅နာရီ ၅၀ မိနစ်တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ ရန်အောင် (၂)ရပ်ကွက် နယ်မြေ(၁၇) ဘု ရားလမ်း၊ အိမ်အမှတ် ၁၇၊ ၁၄ (က)နေ ပိုင်ရှင် ဦးအောင်တင် ခိုင်၏ ရှယ်ရိုစီ ခေါက်ဆွဲဆိုင်မှ စတင်ပြီး မီးလောင်ခဲ့ပြီး ဘေး ဝန်းကျင်အိမ်များ မီးကူးစက်ခဲ့ သောကြောင့် ၅ဝ*၅ဝပေ သွပ် မိုး၊ တိုက်ခံပျဉ်ထောင်၊ ပျဉ်ခင်း တစ်လုံး၊ ၄ဝ*၄ဝပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းတစ်လုံး၊ ၃၀*၄ဝပေ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းတစ်လုံး၊ ၃ဝ*၂ဝပေ သွပ်မိုး၊ ထရံ ကာမြေစိုက် ခေါက်ဆွဲဆိုင် တစ်ဆိုင်၊ ၁ဝ*၁ဝပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် လက်ဖက်ရည်ဆိုင်တစ်ဆိုင် စုစုပေါင်းအိမ်ငါးလုံးမီးလောင် ကျွမ်းခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၂,၇ဝဝ,ဝဝ၀ (ကျပ် သိန်းသုံး ရာနှစ် ဆယ့် ခုနစ်) ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရှိရသည်။

''မီးစလောင်ချိန်မှာထဲက မီးကိုကြိတ်သတ်နေတဲ့ သဘော ရှိတယ်။ မီးမနိုင်မှ မီးသတ်အ ကြောင်းကြားတော့ မီးကမ နိုင်တော့ဘူး။ မီးရှိန်ကမြင့်တယ်။ လေကလည်း ငြိမ်နေတာရယ်။  မီးသတ်ကားအင်အား၊ မီးသတ် ဝန်ထမ်း အင်အား များများ သုံး ပြီး ငြှိမ်းနိုင်လို့၊ အိမ်ငါးလုံးနဲ့ တင်ပြီးသွားတာ။ မီးလောင်တဲ့ ဝန်းကျင်အားလုံးမှာရှိတဲ့ အိမ် တွေက မီးလောင်လွယ်တဲ့ပျဉ် ထောင်အိမ်တွေ၊ ထရံကာအိမ် တွေများတယ်''ဟု ရပ်ကွက် နေသူတစ်ဦးမှ ပြောကြားခဲ့သည်။

မီးစတင်လောင်ကျွမ်းချိန် မှာ ၅နာရီ ၅ဝခန့်ဖြစ်ပြီး ပျဉ်း မနားအမှတ်(၁)မီးသတ်စခန်း သို့ ဖုန်းသတင်းရရှိချိန်မှာ ၅နာ ရီ ၅ရမိနစ်ခန့်ဖြစ်ကာ နေပြည် တော်ကောင်စီနယ်မြေမြို့နယ် များမှ မီးသတ်ယာဉ် ၂၉စီးဖြင့် အချိန်နှင့်တစ်ပြေးညီ မီးသတ် တပ်ဖွဲ့ဝင်(သန္ဓေ-၁၁၅)ဦး၊ အ ရန်တပ်ဖွဲ့ဝင် ၃ဝဦး၊ ရပ်ကွက် အတွင်း ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော်များနှင့် ရပ် ကွက်အတွင်းမှ အများပြည်သူ များ ငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၆နာရီ ၃၅မိနစ် တွင် မီးလုံးဝ ငြိမ်းခဲ့ကြောင်း သိရှိရသည်။

ယင်းမီးလောင်နေစဉ် ကာလအတွင်း နေပြည်တော် ကောင်စီဝင်ဗိုလ်မှူးကြီးမြင့် အောင်သန်း၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းကျော် ကျော်၊ ဒုတိယညွှန်ကြားရေး မှူးဦးအောင်မြင့်၊ လက်ထောက် ညွှန်ကြားရေးမှူးဦးဝင်းမြင့်၊ ပျဉ်း မနားမြို့ နယ် မီးသတ်ဦးစီးမှူး များ၊ ပျဉ်းမနားမြို့နယ် အုပ် ချုပ်ရေးမှူး ဦးဆန်းမော်တို့ ကိုယ်တိုင် ဦးစီးကြီးကြပ်မီးငြှိမ်း သတ်ခဲ့ကြောင်း သိရှိရသည်။  မီးလောင်ကျွမ်းမှုနှင့်ပတ် သက်ပြီး ပိုင်ရှင်ဦးတင်အောင် ခိုင်အား ပျဉ်းမနားမြို့ နယ် ရဲ တပ်ဖွဲ့ မှ အမှုအမှတ် (ပ) ၈၀၁၊ ၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မဂ၂၈၅ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရှိရသည်။

မောင်ပိုင် / Yangon Media Group