Home » » ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လူဇင်ဘတ်က ယူရိုငါးသန်း ကူညီမည်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လူဇင်ဘတ်က ယူရိုငါးသန်း ကူညီမည်

Written By Unknown on Monday, December 30, 2013 | 11:44 AM

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။  ။မြန်မာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ကဏ္ဍဍသုံးခုအား လူဇင် ဘတ်နိုင်ငံမှ ယူရိုငါးသန်းတန် ဖိုးရှိအကူအညီများနှင့် နည်းပ ညာအထောက်အပံ့များပေး နိုင်ရန် သုတေသနလုပ်ငန်းများ စတင်ပြု လုပ်နေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါကဏ္ဍဍသုံးခုမှာ ပြည်နယ် အစိုးရ၊ တိုင်းအစိုးရ များနှင့်ပတ်သက်သောကဏ္ဍဍ များ၊ တက္ကသိုလ်ပညာရေးများ တွင် ခရီးသွားနှင့်ပတ်သက်သော ကဏ္ဍဍများ သင်ကြားပေးနိုင်ရန် နှင့် မြန်မာ့ခရီးသွားနှင့်ပတ် သက်သော ပုဂ္ဂလိကများ စသည့် ကဏ္ဍဍ သုံးရပ်တွင် ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်များပြုလုပ်ပေး နိုင်ရန်အတွက်ဖြစ်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌဌ ဦးအောင် မြတ်ကျော်ကပြောသည်။

မြန်မာ့ခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌဌ ဦးအောင် မြတ်ကျော်က''လူဇင်ဘတ်အ စိုးရရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်က နေပြီးတော့ ယူရိုငါးသန်းဖိုးကို သူတို့က အစီအစဉ်တွေချပေး သွားမှာ။ ပညာရှင်တွေ၊ သင် တန်းတွေ၊ ခရီးသွားပညာရေး ကျောင်း တွေချ ပေးသွားမှာ။ လက်ရှိမှာ သုတေသနတွေပြု လုပ်နေပြီ''ဟု ရန်ကုန်တိုင်းမ် သို့ပြောသည်။

အဆိုပါ ကဏ္ဍဍသုံးခုဖွံ့ဖြိုး ရေးအစီအစဉ်များပြုလုပ်ပေး ခြင်းဖြင့် သက်ဆိုင်ရာပြည်နယ် အစိုးရ၊ တိုင်းအစိုးရများမှ ခရီး သွားလုပ်ငန်းအား ဖွံ့ဖြိုးတိုး တက်ရန်လုပ်ဆောင်နေကြ သောအဖွဲ့အစည်းများမှာ လုပ် နိုင်ကိုင်နိုင်စွမ်းများမြင့်တက် လာနိုင် ကြောင်း၊ မြန်မာ့ခရီးသွား နှင့်ပတ်သက်သော ခရီးသွား လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ် ငန်းရှင်များ၊ ယင်းလုပ်ငန်းများ နှင့်ပတ်သက်နေသောဝန်ထမ်း များ နိုင်ငံတကာနှင့်ယှဉ်ပြိုင် လာနိုင်ကြောင်း၊ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုး တက်လာ သော ဒေသများ မှဒေသခံများ ပိုမိုဝင် ငွေတိုးတက်၍ လူနေမှုအဆင့် အတန်းများမြင့်တက်လာနိုင် ကြောင်း၊ မြန်မာနိုင်ငံရှိ တက္က သိုလ်ပညာရေးများ ဖွံ့ဖြိုးတိုး တက်လာနိုင်ကြောင်း ယင်းက ဆက်လက်ပြောသည်။

မြန်မာ့ခရီးသွားလုပ်ငန်း မှ စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍဍာရေးနှစ်တွင် ပြည် ပခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၁ဒသမ ၉သန်းအထိမြင့်တက် လာခဲ့ရာ ယခင်နှစ်ပြည်ပခရီး သွားဝင်ရောက်မှုနှုန်းထက် ရာခိုင်နှုန်း၉၀ မြင့်တက်လာခဲ့ ကြောင်း သိရသည်။

စိုးချစ်ချစ်ပိုင် / Yangon Media Group