Home » » အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်၏အမှု ကို တရားခံများ အမြန်ဖော်ထုတ် အရေးယူပေးရန် မကွေးမြို့သီလရှင်များမှ တောင်းဆို

အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်၏အမှု ကို တရားခံများ အမြန်ဖော်ထုတ် အရေးယူပေးရန် မကွေးမြို့သီလရှင်များမှ တောင်းဆို

Written By Unknown on Saturday, December 14, 2013 | 4:32 PM

ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၂)နာရီတွင် မကွေးမြို့ မြသလွန်ကုန်းတော်ပေါ်ရှိ ခေမာသီရိ သီလရှင် စာသင်ကျောက်တိုက်၌ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲအဖြစ် သီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲတွင် မကွေးတိုင်း ဒေသကြီး သီလရှင် ဥက္ကဋ္ဌ ဒေါ်ကာရုဏိ ကာ၊ မြို့နယ်ဥက္ကဋ္ဌ သီရိစန္ဒာရုံတိုက်အုပ် ဒေါ်စန္ဒာသီရိ၊ သာသနာ့ဂုဏ်ရည်တိုက်အုပ် ဒေါ်သုစိန္တီ၊ သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ နှင့် လက်ထောက်တိုက်အုပ်များ စုစုပေါင်းသီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက်ကြောင်းသိရသည်။

သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲတွင် ခေမာသီရိသိလရှင်စာသင်ကျောင်းတိုက် လက်ထောက်တိုက် အုပ် ဒေါ်နန္ဒမာလာ မှ ဒီဇင်ဘာ(၉)ရက်နေ့ညနေ မကွေးမြို့ မြို့ရှောင်လမ်းတွင်ဖြစ်ပွားခဲ့သည့် အမျိုးသား နှစ်ယောက်က သီလရှင်တစ်ပါးအား ဓါးထောက်ခြိမ်းချောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသောအမှုကို တရားခံများ အမြန်ဖော်ထုတ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာတရားဥပဖြေင့်အရေးယူပေးရန် နှင့် အရေးယူ ဆောင်ရွက်မှုအား သတင်းမီဒီယာများမှတဆင့် ပြန်လည်ရှင်းလင်းပေးပါရန် လျှောက်ထားကြောင်း၊ ထို့နောက် သာသနာဂုဏ်ရည်တိုက်အုပ်မှ အခင်းဖြစ်ပွားသော မြို့ရှောင်လမ်းသို့ သီလရှင်များ တစ်ပါးတည်းမသွားကြရန်၊ အချိန်မတော်သွားလာခြင်းမပြုကြရန်၊ အများပြည်သူများ အကြည်ညိုပျက်အောင် မလုပ်မိစေရန်လျှောက် ထားခြင်း။ သီရိစန္ဒာရုံလက်ထောက်တိုက်အုပ် ဒေါ်သိင်္ဂ၀တီ မှ သီလရှင်များ တစ်ဇွန်းဆန်သာ အလှူခံကြရန်၊ တစ်ပါးလျှင်(၂)ပါးစာအတွက် အလှူမခံရန်၊ ဆိုင်ကယ် ကယ်ရီများအား မိမိနှင့်မသိရှိဘဲ စီးနင်းလိုက်ပါခြင်း မပြုကြရန်လျှောက်ထားကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်တစ်ပါး၏ကျောင်း သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ မှ တရားလို သီလရှင်အား တရားရုံးတရားခွင်တွင် သီလရှင်ဝတ်ဖြင့် တရားရင်ဆိုင်နိုင် ရေးကို တောင်းဆိုလျှောက်ထားကြောင်း သတင်းရရှိသည်။

ဝိုင်းကြည်အောင်

by Thit Htoo Lwin