Home » » ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

ကျိုက်ထီးရိုး ဘုရားဖူးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ကြုံ

Written By Unknown on Thursday, December 12, 2013 | 1:17 PM

ယခုနှစ် ကျိုက်ထီးရိုး တောင်တက် ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များ ထက်ပင် ပိုမိုများပြားလာသော်လည်း ဘုရားဖူးခရီးသည်တို့မှာ အစစအရာ ရာ ဈေးနှုန်းကြီးမြင့် မှုများကြောင့် စရိတ်ပြတ် သည်အထိ အခက်အခဲများ ကြုံတွေ့ခဲ့ရ ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက ပြောသည်။

”ဟိုအညာကနေ တကူးတကဘုရား ဖူးလာခဲ့ရတာပါဗျာ။ ပခုက္ကူ-ရန်ကုန် ကားခတစ်သောင်း၊ ရန်ကုန်- ကင်မွန်း စခန်းက ငါးထောင်ပဲပေးရပါတယ်။ ဒီ လောက်မိုင်တွေ အများကြီး မောင်းရတဲ့ ကားခက ဈေးသက်သာပြီး ကျိုက်ထီးရိုး တောင်ပေါ်တက်တဲ့ကားခက နောက်ခန်း ၂၅ဝဝ၊ ရှေ့ခန်း ၃၅ဝဝ ဖြစ်နေတာတော့ ဈေးကြီးလွန်းနေတယ် ဗျာ၊ တောင်ပေါ်မ တက်ခင် တောင်ခြေထမင်းဆိုင်မှာ ည အိပ်တော့လည်း ညအိပ်ခက သီးသန့် ကျပ်တစ်သောင်းပေးရတယ်။ အရင် တုန်းကသူ့ဆိုင်မှာ ထမင်းစားရင် တည်း ခိုခမပေးရဘူး။ အခုတော့ ထမင်းဆိုင် တွေကလည်း တည်းခိုခတောင်းနေ တယ်။ တောင်ပေါ်ရောက်တော့လည်း ဖျာတစ်ချပ် ငှားခငါးရာဗျာ၊ စပေါ်က တစ်ထော င်ပေးရတယ်။ မျက်နှာသစ်တာ၊ အပေါ့အပါးသွားတာကအစ ပိုက်ဆံပေး မှရတယ်။ဗမာလူမျိုးတစ်ယောက်က ဗမာဘုရားသွားဖူးတာ ဘုရားတောင် သွားမဖူးရဲလောက်ေ အာင်ဖြစ်နေတယ် ဗျာ။ ကျွန်တော့်မှာ မြေးတွေ၊ သမီးတွေ ကလေးငယ်တွေပါတော့ ထမင်းဖိုးတောင် မနည်းချန်ပြီး ပြန်ခဲ့ရပါတယ်ဗျာ”ဟု ပြောသည်။

နေဦးမောင်

Popular Myanmar News Journal