Home » » ဧရာဝတီမြစ်ကူး ရတနာပုံတံတား လုံခြုံရေး ရဲဝန်ထမ်းတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံး

ဧရာဝတီမြစ်ကူး ရတနာပုံတံတား လုံခြုံရေး ရဲဝန်ထမ်းတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံး

Written By Unknown on Monday, December 2, 2013 | 7:16 PM

ဒီဇင်ဘာ ၂

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအား ဆက်သွယ်ဖောက်လုပ်ထားရှိသည့် ဧရာဝတီမြစ်ကူး ရတနာပုံ တံတားကြီးပေါ်တွင် တံ တားလုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက ယခုလ ၁ ရက်နေ့ ည ၁၁ နာရီ ခွဲ အချိန်တွင် အမှုရေးဖွင့်ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမ သို့ ပြောသည်။

တံတားလုံခြုံရေး ရဲဝန်ထမ်းတစ်ဦး မန္တလေးဘက်မှ မောင်းနင်းလာသည့် ဂျာလင်းဒို ဆိုင်ကယ် အမျိုးအစား ယာဉ်အမှတ် ၂၀ယ/ ၃၀၉၉၀ သည် အရှိန်မထိန်းနိုင်ဘဲ တံတားသံဘောင်အား ၀င်ရောက်တိုက်မိရာ မျက်နှာ၊နဖူး၊ ဦးခေါင်းအက်ကွဲ( မျက်နှာ တခြမ်းက တံတားပေါ်မှာပဲ့ကျကျန်ခဲ့ခြင်းဖြစ်တယ်)ဒဏ်ရာများဖြင့် ထိုနေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တံတားအသုံးပြုခ ကောက်ခံရေး ဂိတ်စခန်းမှ ပြောသည်။

သေဆုံးသူ ရဲဝန်ထမ်းမှာ ယခင် ဧရာဝတီ မြစ်ကူး အင်းဝ တံတားကြီး၏ မန္တလေးဘက်အခြမ်း တံတာလုံခြုံရေး တာဝန်ထမ်း ဆောင်နေသူ ကိုယ်ပိုင်အမှတ် လ/ ၂၃၆၁၆၂ ရဲတပ်သား ကျော်သူရ အသက်(၂၃) နှစ်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း အမရပူရ ရဲစခန်တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်း၏ ယာဉ်တိုက်မှု မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်ဟု ၎င်းရဲစခန်းက မဇ္ဈိမ သို့ အတည်ပြုပြောသည်။

၎င်း မှတ်တမ်းများတွင် သေဆုံးသူရဲဝန်ထမ်းအား စစ်ကိုင်းမြို့မရဲစခန်းက ယာဉ်(ပ) ၉၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄(က) အရ အမှု ရေးဖွင့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်အနည်းခန့်က နိုဝင်ဘာ ၃၀ ရက်နေ့က နေပြည်တော်၊ မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၃/၄နှင့် ၃၃၃/၅ အကြားနေရာတွင် ယာဉ်အရှိန်မထိန်းနိုင်သည့်အတွက် ရဲဝန်ထမ်းများလိုက်ပါသည့် ဂျစ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ရဲဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပြီး ရဲသုံးဦး အပြင်းအထန်ဒဏ်ရားများရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။ ထိုမျှမ က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ၏ နေအိမ်ကားအား လိုက်ပါမောင်းနင်းပေးသူ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှ ဒုရဲအုပ် လင်းထက်ဦး ဆိုသူသည် အောက်တိုဘာလ နောက်ဆုံးသီးတင်းပတ်ခန့်က ၎င်းမောင်းနှင်လာသည့်ယာဉ်သည် လမ်းဘေးတမာပင်အား ၀င်ရောက်တိုက်မိခဲ့သည့်အတွက် သေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သတင်းမှတ်တမ်း များအရသိရှိရသည်။

သတင်း၊ ကိုတိုးကြီး (မဇ္ဈိမ)