Home » » တောင်ဥက္ကလာတွင် Beauty Spa မီးလောင်မှုဖြစ်

တောင်ဥက္ကလာတွင် Beauty Spa မီးလောင်မှုဖြစ်

Written By Unknown on Tuesday, December 17, 2013 | 10:35 AM

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။ ။ တောင် ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အတွင်းရှိ သုံးရာသီ Beauty Spa မီးလောင်မှုဖြစ် ပွားခဲ့ရာ ၁၈နှစ် အရွယ် အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ပြီး တန်ဖိုးငွေကျပ်၂၃သိန်းခန့် ဆုံးရှုံးမှုရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ဒီဇင်ဘာ ၁၆ရက် မွန်းလွဲ ၁၂နာရီ ၁ဝမိနစ်ဝန်းကျင်က တောင်ဥက္က လာပမြို့နယ် (၁၂)ရပ်ကွက် သုမင်္ဂ လာလမ်းအမှတ် ၁၅၃ သုံးထပ်ခွဲ တိုက်၊ ဒုတိယထပ် ဒါဘာနှစ်ခန်းတွဲ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ် ဦးစီးဌာန ၏ မှတ်ချက်အရ ပေါ့ ဆမီးဖြစ်ကြောင်း၊ သေဆုံးသူအမျိုး သမီးမှာ မီးခိုးမွှန်သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ သတင်းရ တာက မွန်းလွဲ၁၂နာရီမိနစ်၂ဝက ပါ။ ရောက်ရောက်ချင်း ချက်ချင်း ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးငြိမ်း သွားတာက မွန်းလွဲ ၁၂နာရီ မိနစ် ၅ဝမှာငြိမ်းပါတယ်။ ဆိုင်ရဲ့ တာဝန်ခံမန်နေဂျာကိုတော့ အခု ထိ မတွေ့သေးပါဘူး။ အများ ပြောတာတော့ ထွက်ပြေးသွားပြီ လို့ပြောပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှုအတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် မီးသတ်ယာဉ် ၂၈စီး၊ အထောက် အကူပြု ယာဉ်ခြောက်စီး၊ အုပ်ချုပ် မှုယာဉ်သုံးစီး၊ ကြက်ခြေနီယာဉ် တစ်စီး၊ နာရေးကူညီမှုယာဉ်နှစ်စီး တို့အပြင် ဆီးဂိမ်းလုံခြုံရေးအတွက် တာဝန်ကျနေသည့်ရဲတပ်ဖွဲ့၊ ကြက် ခြေနီတပ်ဖွဲ့များက လာရောက် ကူညီခဲ့ကြောင်း သိရသည်။

''သေတဲ့အမျိုးသမီးက အိမ် အကူသဘောမျိုးပါ။ အသက်က ၁၈နှစ်ပါ။ ရေချိုးခန်း အိမ်သာတွဲ လျက်အခန်းထဲမှာ ထွက်ပေါက် ပိတ် မီးခိုးမွှန်ပြီး သေသွားတာပါ။ တခြားဒဏ်ရာတော့ မရှိပါဘူး။ လျှပ်စစ်မီးဖိုပေါ်မှာ ထမင်းအိုး တည်ထားရာက အနားမှာ လူမရှိ လို့ ပေါ့ဆပြီးလောင်တယ်လို့ မီး သတ်တပ်ဖွဲ့က ယေဘုယျသတ် မှတ်ထားပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တပ် ခွဲမှူးဦးဇော်ထွန်းက ပြောသည်။ ယင်း Beauty Spa ဖွင့်လှစ် ထားသည်မှာ နှစ်လကျော်ခန့် သာ ရှိ သေးကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်၂၃သိန်းတွင် သိန်း၂ဝမှာ အ ဆောက်အအုံတန်ဖိုးဖြစ်ပြီး ကျပ် သုံးသိန်းဖိုးမှာ ပစ္စည်းတန်ဖိုးဖြစ် ကြောင်း သိရသည်။

ရပ်ကွက်တွင် နေထိုင်သူတစ် ဦးက ''ကျွန်တော်တို့က လက်ဖက် ရည်သောက်နေကြတာ။ အဲဒီတိုက် က မီးခိုးတွေ ထွက်လာတာတွေ့ တော့ မသင်္ကာလို့ သွားကြည့်တာ။ မီးလောင်နေတာ တွေ့ရတော့ သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပါတယ်။ မီးသတ်ယာဉ်တွေက အကြောင်းကြားပြီး သိပ်မကြာဘူး ရောက်လာပါတယ်''ဟု ပြောသည်။ မီးလောင်မှုဖြစ်စဉ်အတွက် သက်ဆိုင်ရာဌာနမှ အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်သက်ကို -  Yangon Media Group