Home » » OIC ရုံးမစိုက်ရေးအတွက် လူအင်အား ၁၀၀၀နီးပါး ဆန္ဒထုတ်ဖော်

OIC ရုံးမစိုက်ရေးအတွက် လူအင်အား ၁၀၀၀နီးပါး ဆန္ဒထုတ်ဖော်

Written By Unknown on Friday, November 15, 2013 | 9:29 PM

ရန်ကုန်၊ နိုဝင်ဘာ ၁၅။

ရှရီရာဥပဒေ(အစ္စလာမ်မစ်ဥပဒေ)ကို တပြေးညီ လိုက်နာသည့် ကမ္ဘာ့နိုင်ငံ ၅၇နိုင်ငံဖြင့် ဖွဲ့စည်းထား
သော အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) ကို မြန်မာနိုင်ငံတွင် လာရောက်ရုံးအခြေ မစိုက်
နိုင်ရေးအတွက် နိုဝင်ဘာလ ၁၅ရက်နေ့က ကြေးသွန်း ဘုရားကြီးရှေ့မှ ဆူးလေဘုရားရှေ့သို့ လူအင်အား ၁၀၀၀ နီးပါးခန့်ဖြင့် ယနေ့ နေ့လယ် ၂နာရီအချိန်ခန့်က ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

OIC ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ရဟန်းသံဃာ ၂၅၀ကျော်နှင့် လူထုအင်အား ၅၀၀ကျော်ခန့်
တို့က ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ် ပြီး၊ လက်ရှိတွင် OIC အဖွဲ့ဝင် ၇ဦးသည် ရခိုင်ပြည်နယ်သို့ရောက်ရှိနေ
ကာ ရုံးခွဲဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း မကွေးကျောင်းတိုက်
ဆရာတော် ဦးပါမောက္ခကမိန့်ကြားသည်။

“သူတို့နိုင်ငံဥပဒေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေက ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေက နိုင်ငံသားတွေကို ကာကွယ် ပေးနိုင်မှုမှာ အားနည်းနေတယ်။ ကျွန်တော်တို့နိုင်ငံကို ဗုဒ္ဓဘာ
သာနိုင်ငံ အဖြစ် ကြွေးကြော်နိုင်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှ သာ ဖြစ်နိုင်မယ်”ဟု
အမျိုးသားဘာသာသာ သနာစောင့်ရှောက်ရေး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ရှေ့နေဦးအေးပိုင်က
ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်၍ ပြည်တွင်းရေးကို OIC နိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခြင်း ရုံးစိုက်ရန် ကြိုးစားခြင်း များကို မြန်မာပြည်သူများက လုံးဝလက်မခံကြောင်း၊
OIC နိုင်ငံများမှ လက်ခံကျင့်သုံးနေသော ရှရီရာဥပဒေ (အစ္စလာမ်မစ် ဥပဒေ) ကို မြန်မာနိုင်ငံတွင် သွတ်သွင်းကျင့်သုံး ရန်ကြိုးပမ်းမည့်အရေးကို လုံးဝလက်မခံကြောင်း၊ အစ္စလာမ်ဘာသာဝင်များအကျိုးကိုအကြောင်းပြပြီး မြန်မာ နိုင်ငံအတွင်း အထူးသဖြင့် ရခိုင်ဒေသတွင် OIC အခြေစိုက်၍ နယ်မြေသိမ်းယူမည့်အခြေအနေမျိုးကို မြန်မာပြည်သူများမှ လုံးဝလက် မခံသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ပြန့်ပွားရေးနှင့် လူဦးရေပြန့် ပွားရေးဆောင်ရွက်မည့်အခြေအနေများကို မြန်မာပြည် သူများက လုံးဝလက်မခံကြောင်းနှင့် နိုင်ငံတော် သမ္မတမှာ မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် ခွင့်မပြုဟူသော ကြေညာချက်ကို မြန်မာ ပြည်သူများက ထောက်ခံကြောင်း တို့ကို ထုတ်ပြန်ခဲ့ကြသည်။

OIC နိုင်ငံများဝင်ရောက်စွက်ဖက်မှုကို လုံးဝလက်မခံရန် နိုင်ငံတော်အစိုးရအား တောင်းဆိုခြင်း၊ မြန်မာ တိုင်းရင်းသား ရခိုင်ဒေသတွင် ရခိုင် တိုင်းရင်းသားများ စိုးရိမ်ကြောင့်ကျစွာ နေထိုင်နေရမှုကို ရနိုင်သည့်နည်းလမ်းဖြင့် လုံခြုံရေး အပြည့် အ၀ ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အ တွက် ဘာသာပြန့်ပွားရေး လူဦးရေတိုးပွားရေးကို အစီအစဉ်ချ၍ အဓမ္မဆောင်ရွက်
နေမှုကို ဥပဒေ နှင့်အညီ ကာကွယ်ပေးရန်၊ နိုင်ငံအတွင်းသို့ ဥပဒေမဲ့ခိုးဝင်လာသူများကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် အညီတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးအရေးယူခြင်း မူရင်းနိုင်ငံသို့ပြန်ပို့ခြင်းများကို စီမံချက်ဖြင့် ဆောင်ရွက်ပေးရန်နှင့် ဥပဒေမဲ့ခိုးဝင်လာသည့် အစ္စလာမ် ဘာသာဝင်များကို ပြန်ခေါ်သွားရန် OIC အား တောင်းဆိုခြင်းဟူ၍ တောင်းဆိုချက် ၅ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၁၆ရက်၊ နံနက် ၇နာရီ မိနစ် ၃၀အချိန်မှ နေ့လယ် ၁၁နာရီအချိန်ထိ မင်္ဂလာဒုံလေဆိပ်တွင်
ဆက်လက် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး၊ ပြည်တွင်း၌ OIC ရုံးမစိုက်ရေးနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ ၁၅ရက်နေ့က တစ်နိုင်ငံလုံးနီးပါး ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

ရေးသားသူ-သက်သက်မိုးသူ၊ ကြည်ပြာ
တည်းဖြတ်-အိမွန်ကျော်

People power