Home » » NLD ပါတီ၏ နေပြည်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဆန္ဒခံ ယူပွဲ ခွင့်ပြုမိန့်ရရှိရန် ဆက်လက်ညှိနှိုင်းနေရဆဲ

NLD ပါတီ၏ နေပြည်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဆန္ဒခံ ယူပွဲ ခွင့်ပြုမိန့်ရရှိရန် ဆက်လက်ညှိနှိုင်းနေရဆဲ

Written By Unknown on Saturday, November 16, 2013 | 5:36 PM

NLD ပါတီမှ နေပြည်တော်ဇမ္ဗူသီရိမြို့ နယ်တွင်ပြုလုပ်မည့် ၂၀၀၈ဖွဲ့စည်း ပုံနှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲ အတွက် ခွင့်ပြုမိန့်ရရှိရန် သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ၁၈ရက်တွင် နေ ပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင် ဇမ္ဗူရပ်ကွက် (လက်ပံခါးလှကျေး ရွာ)၌ပြုလုပ်မည့် ယင်းအခမ်းအ နားတွင်NLD ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည် တက်ရောက် မည်ဖြစ်ပြီး နိုဝင်ဘာ၁၄ရက်က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်မပြုကြောင်း အကြောင်းကြား စာပြန်လည်ပေးပို့ခဲ့ကြောင်း သိ ရသည်။

ယင်းနှင့်ပတ်သက်၍ ပုဗ္ဗ သီရိမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးဇေယျာသော်က ''ကျွန် တော်တို့ အခုဆက်ပြီး ညှိနှိုင်းနေ ပါတယ်။ သူတို့က ငှားရမ်းထား တဲ့ကွင်းကို ခွင့်ပြုကြောင်းချမပေး တာ။ ဒီကွင်းက အများပြည်သူ ပိုင်မဟုတ်ဘူး။ ပုဂ္ဂလိကပိုင်ကိုငှား ရမ်းထားတဲ့အတွက် ငြိမ်းစုစီကို တင်စရာမလိုဘူး။ ကျွန်တော်တို့ က ညီညွတ်မှု၊ ငြိမ်းချမ်းမှုကို ပြချင် တဲ့အတွက်တင်ခဲ့တာ။ ဒါကြောင့် အခုခွင့်ပြုမိန့်အတွက် ညှိနှိုင်းနေ ဆဲဖြစ်တယ်''ဟုပြောသည်။
သက်ဆိုင်ရာမှ ခွင့်ပြုမိန့် ရရှိခြင်းမရှိပါကလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ငြိမ်းစုစီလျှောက် ထားရာ တွင် ငြိမ်းချမ်းစွာစုဝေးခွင့်ပြု ရန် လျှောက်ထားခြင်းပုံစံ(၁)ပါ အ တိုင်း အချက် အလက်ပြည့် စုံမှုမရှိ ခြင်း၊ ကျင်းပမည့် အချိန်နှင့်နေရာ ဒေသ သည် ရုံးဖွင့် ရက်ဖြစ်သော ကြောင့် ကားလမ်း များပိတ် ဆို့ကာ အများပြည်သူသွားလာမှု အခက် အခဲဖြစ်စေခြင်း စသည့်အကြောင်း အရာများကြောင့် ခွင့်ပြုမိန့်မချ ပေး နိုင်ကြောင်း အကြောင်းကြား စာတွင် ဖော်ပြထားသည်။

လက်ပံခါးလှကျေးရွာတွင် ပြုလုပ်မည့် ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသ ဘောထားရယူရေး လူထုဟော ပြောပွဲအခမ်းအနားကို နံနက်၈ နာရီမှ ၁၂နာရီ အထိ ပြုလုပ်သွား မည်ဖြစ်ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ် အမှုဆောင်ဦးဝင်းမြင့်၊ ဗဟိုကော် မတီဝင် ဦးအောင်ကြည် ညွန့် တို့ က ၂၀၀၈ဖွဲ့စည်းပုံနှင့်ပတ်သက် ၍ လူထု ကိုဟောပြော သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေရည်မဉ္ဇူ - Yangon Media Group