Home » » ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် ကျန်းမာရေးမူဝါဒမတ်လတွင် NLD အပြီးသတ်ရေးမည်

ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် ကျန်းမာရေးမူဝါဒမတ်လတွင် NLD အပြီးသတ်ရေးမည်

Written By Unknown on Thursday, November 14, 2013 | 10:29 AM

ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်

NLD အမျိုးသားကျန်းမာရေး ကွန်ရက်မှရေးဆွဲနေသော အမျိုးသားကျန်းမာရေးမူဝါဒကို လာမည့် ၂၀၁၄ ခုနှစ်မတ်လတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားပြီး ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲသည့် မူဝါဒဖြစ်အောင် ရေးဆွဲထားသည်ဟု အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်းက နိုဝင်ဘာ ၁၃ ရက် တွင် မဇ္ဈိမကိုပြောသည်။

NLD ကရေးဆွဲနေသော ကျန်းမာရေးမူဝါဒမှာ ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲခြားသော အားလုံးအတွက်ပြီး ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံထားသည်ပာုလည်း ၎င်းကဆိုသည်။

“(NLD က) လောလောဆယ်အတိုက် အခံပါတီဆိုတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအစရှိတဲ့ မူဝါဒတွေရှိရပါတယ်။ ဘာလို့မတ်လမှာအပြီးသတ်ဖို့ ရည်မှန်းပြီး ရေးဆွဲရတာလည်းဆိုရင် အဲဒီမူဝါဒကို လွှတ်တော်ကိုလည်း တင်ချင်သေးလို့ပါ” ဟုပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်းမာရေးမူဝါဒရေးဆွဲရာတွင် အမျိုးသားကျန်းမာရေးကွန်ရက်မှ ဆရာဝန်များ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တွင် လုပ်ခဲ့ဖူးသည့် ပညာရှင်များ စုစုပေါင်းပညာရှင်၂၀ခန့် ပါဝင်ရေးဆွဲထားခြင်း ဖြစ်သည်။

ကျန်းမာရေး အခြေခံအဆောက်အ အုံများဖြစ်သည့် တိုက်နယ်ကျန်းမာရေး ဆေးခန်းစသည်နှင့်ပတ်သက်၍ ငွေကြေးထောက်ပံ့ပေးနိုင်မည့် မူဝါဒများကိုလည်း ယင်းအပြင် နိုဝင်ဘာ၃၀တွင် ကမ်္ဘာ့ဘဏ် မှ လာရောက်ရှင်းပြမည်ဟုလည်း ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။

“သူတို့က အစိုးရကို မူဝါဒလာရောက် ရှင်းပြရင်းနဲ့ ဆရာတို့ကိုပါ သူတို့ရဲ့မူဝါဒ လာရောက်ချပြတဲ့ သဘောပါ” ဟု ဆိုသည်။ သည် အမျိုးသားကျန်းမာရေး ကွန်ရက်ကိုလည်း ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလက စတင်တည်ထောင်ခဲ့သည်။ လက်ရှိအချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့်ဦးရေမှာ တစ်သိန်းနီးပါးရှိပြီဟု ကွန်ရက်က ထုတ်ပြန်သည်။

ယုဝေ - Mizzima - News in Burmese