Home » » ဆော်ဒီ နိုင်ငံသူ Huda နဲ့ ယီမင်သားတို့ အကြောင်းပါ

ဆော်ဒီ နိုင်ငံသူ Huda နဲ့ ယီမင်သားတို့ အကြောင်းပါ

Written By Unknown on Monday, November 25, 2013 | 8:24 AM

ယီမင် နိုင်ငံသား ချစ်သူ ဖြစ်သူက ဆော်ဒီ နိုင်ငံသူ မိန်းကလေးကို ယီမင်ကို ခိုးပြေးခဲ့ပြီးတဲ့နောက် အဲဒီမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တဲ့ ဒီမိန်းကလေးကို ကုလသမဂ်ဂ က ခွင့်ပြုခဲ့ပါတယ်။

Huda ဆိုတဲ့ ဆော်ဒီ နိုင်ငံသူ မိန်းကလေးဟာ ဒုက္ခသည် အဖြစ် လျှောက်ထားခဲ့တယ် ၊ သူမရဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာကို လက်ခံရေး မခံရေး စဉ်းစားနေချိန်မှာ သူ့ကို ပြန်လွှတ်လို့ မရပါဘူးလို့ ဘီဘီစီကို ယီမင်က UNHCR ကုလသမဂ်ဂ ဒုက္ခသည်များဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

သူမကို နေရပ် ဖြစ်တဲ့ ဆော်ဒီကို ပြန်ပို့ရင် မိဘတွေရဲ့ လက်ထဲမှာ နှိပ်စက်ခံရနိုင်ပြီး သေဆုံးတဲ့ အထိ ဖြစ်လာနိုင်တာကြောင့် သူမလျှောက်လွှာကို လက်ခံ အတည်ပြုကောင်း ပြုနိုင်တယ်လို့ UNHCR အရာရှိတွေက ပြောပါတယ်။

ဒီကိစ္စကို ယီမင်က လူအများအပြားက စိတ်ဝင်စားခဲ့ကြပြီး ခေတ်သစ် ရိုမီယိုနဲ့ ဂျူးလီးယက်လို့ တင်စားပြောဆို နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)