Home » » လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ပုလင်းကွဲအချွန်ဖြင့် လည်ပင်းကိုထိုး၍ တစ်ဦးသေဆုံး

လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ပုလင်းကွဲအချွန်ဖြင့် လည်ပင်းကိုထိုး၍ တစ်ဦးသေဆုံး

Written By Unknown on Friday, November 15, 2013 | 9:59 PM

အောင်ဇေယျတံတားပေါ်တွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားပေါ်တွင် နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီ၌ အမျိုးသားသုံးဦးသည် ဆယ်ကျော်သက်လူငယ်ခြောက်ဦးဖြင့် စကားများကာ ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ထိုသို့ ခိုက်ရန်ဖြစ်ပွားစဉ် ခြောက်ယောက်အဖွဲ့မှ အသက် (၁၈)နှစ်အရွယ် လူငယ်က ပုလင်းအားရိုက်ခွဲပြီး ပုလင်းကွဲအချွန်ဖြင့် သုံးယောက်အဖွဲ့မှ အသက် (၂၀)အရွယ် လူငယ်၏ လည်ပင်းကို ထိုးသွင်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် အထိုးခံရသူ ဖြိုးကိုသည် လည်ပင်းဒဏ်ရာရရှိကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပုလင်းကွဲဖြင့်ထိုးသော လူငယ်အပါအ၀င် လူငယ်ခြောက်ဦးအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂/၁၁၄အရ လူသတ်မှုဖြင့် နိုဝင်ဘာ ၁၄ ရက် ၌ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ရန်ပွဲမှ ခြောက်ယောက်အဖွဲ့အား သက်ဆိုင်ရာတာဝန်ရှိသူတို့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

7day Daily