Home » » အီတလီ မုန်တိုင်းကြောင့် လူ ၁၈ ဦး သေဆုံး

အီတလီ မုန်တိုင်းကြောင့် လူ ၁၈ ဦး သေဆုံး

Written By Unknown on Wednesday, November 20, 2013 | 8:42 AM

အီတလီနိုင်ငံရဲ့ ​ဆာဒီနီးယား ​ကျွန်းမှာ ​တိုက်ခတ်ခဲ့တဲ့ ​ဆိုင်ကလုန်း ​မုန်တိုင်းကြောင့် ​အနည်းဆုံး ​လူ ​၁၈ ​ဦး ​သေဆုံးခဲ့တယ်လို့ ​အီတလီ ​အစိုးရက ​ထုတ်ပြန်ခဲ့ပါတယ်။

ဆာဒီနီးယား ​ကျွန်း ​မြောက်ပိုင်းမှာ ​တိုက်ခတ်ခဲ့တဲ့ ​ဒီမုန်တိုင်းကို ​ကလီဟိုပက်ထရာ ​ဆိုင်ကလုန်းလို့ ​အမည်ပေးထားပါတယ်။

မုန်တိုင်းကြောင့် ​မိုးသည်ထန်စွာရွာသွန်းခဲ့ပြီး ​မိနစ် ​၉၀ ​အတွင်းမှာ ​၄၅၀ ​မီလီမီတာ ​ပမာဏ ​အထိ ​မိုးများခဲ့ပါတယ်။

တံတားတွေကြိုး၊ ​ကားတွေ ​ရေထဲမျောပါ ​သွားကြသလို ​မြစ်ကမ်း ​ပြိုမှုတွေလည်း ​ရင်ဆိုင်နေ ​ကြရပြီး ​ဆယ်စုနှစ်ပေါင်းများစွာ ​အတွင်းမှာ ​အခုလို ​ဆိုးရွားအဖြစ်မျိုး ​မကြုံ ​ဖူးကြဘူးလို့ ​သိရပါတယ်။

မုန်တိုင်းဖြစ်ပွားရာ ​အဲဒီဒေသကို ​အရေးပေါ်အခြေအနေအဖြစ်ကြေညာထားရပါတယ်။

မုန်တိုင်းကြောင့် ​ရာနီချီတဲ့ ​လူတွေဟာ ​နေအိမ်စွန့်ခွါထွက်ပြေးကြရပြီး ​အားကစားရုံတွေနဲ့ ​ခန်းမဆောင်တွေကို ​ယာယီနေထိုင်တဲ့ ​နေရာအဖြစ် ​ကြက်ခြေနီအဖွဲ့က ​စီစဉ်ပေးနေကြပါတယ်။

ABC Radio Australia