Home » » နိုင်ငံတော်သံဃမဟာနာယကို ပီနန်ဆရာတော်ကြီးက တရားစွဲဆိုသွားမည်

နိုင်ငံတော်သံဃမဟာနာယကို ပီနန်ဆရာတော်ကြီးက တရားစွဲဆိုသွားမည်

Written By Unknown on Wednesday, November 6, 2013 | 8:03 PM

ရန်ကုန် ၊နိုဝင်ဘာ ၆

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယ အဖွဲ့အားတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသက နိုဝင်ဘာ ၆ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

ဆရာတော်အနေဖြင့် ယင်းကိစ္စအား သည်းခံလာသည်မှာ ၁၀နှစ်ကျော်လာပြီးဖြစ်ကြောင်း ပိုင်ဆိုင်မှုအထောက်အထား အပြည့်စုံရှိနေသည့်အတွက် တရားဥပဒေကြောင်းလမ်းအရ စကားပြောသွားမည်ဖြစ်ကြောင်း၊ ပိုင်ရှင်မသိဘဲလှူဒါန်းသည်မှာ အလှူအထမမြောက်ကြောင်း ယင်းပြင် ကျောင်းအား ၁၉၉၉ ခုနှစ်ကတည်းက ရေစက်ချလှူဒါန်းသည့်အတွက် နောက်တစ်ကြိမ် ရေစက်ချလှူဒါန်းသည်ဟုဆိုသည်မှာ ရယ်မောဖွယ်ရာဖြစ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

သံဃများအကြား အချင်းကိစ္စကြီးငယ်ပေါ်ပေါက်ပါက သံဃမဟာနာယက သံဃဝိနစ္ဆယအဖွဲ့ဖွဲ့ကာခုံရုံးတင် စစ်ဆေးလေ့ရှိကြောင်း သို့ရာတွင် ယခုမှ အဆိုပါအဖွဲ့နှင့် တိုက်ရိုက် ဖြစ်ပွားသည့် အတွက် ဥပဒေကြောင်းလမ်းအရ တရားရုံးတွင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်ကဆိုသည်။

“ဦးခင်ညွှန်က ရေစက်ချပြီးသံဃမဟာနာယ ကို ကျောင်းအပ်တယ်ဆိုတာ တရားမ၀င်ဘူး။ သံဃမဟာနာယက ကဒီကိစ္စမှာ ကိုယ်တိုင်ဆုံးဖြတ်လို့မရပါဘူး”ဟု တရားလွှတ် တော်ရှေ့နေ ဦးထင်ကျော်က ပြောသည်။

ယင်းကျောင်းတော်ကြီးအား ဗုဒ္ဓသာသနာပြုမှုနှင့်ဆိုင်သော Training Center အဖြစ် ရည်ရွယ်တည် ဆောက်ခဲ့ပြီး ပီနန်- စင်္ကာပူကျောင်းဆရာတော်ဆိုသည်မှာ နာမည်ဖြင့်အခွန်ကင်းလွတ်စာချုပ်နှင့် သာသနာမြေ စာချုပ်နှစ်ခုကို ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့ကြောင်း ၁၉၉၉ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဦးသန်းရွှေ၊ ဦးမောင်အေး နှင့် ဦးခင်ညွှန့်တို့က ရေစက်ချလှူဒါန်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဦးခင်ညွှန့်၏ ညွှန်ကြားချက်အရဆိုကာ သံဃမဟာ နာယကအဖွဲ့သို့ကျောင်းတော်ကြီးကို လွှဲအပ်လိုက်သည်ဆိုသည့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း ယင်း ကျောင်းထုတ်ပြန်ချက်မှ သိရသည်။

ဝေလင်း
People power