Home » » အိမ်ခြံမြေအရောင်းအ၀ယ် အခွန်ဆောင်ပြီးသူများကိုသာ မှတ်ပုံတင်ပေးမည်

အိမ်ခြံမြေအရောင်းအ၀ယ် အခွန်ဆောင်ပြီးသူများကိုသာ မှတ်ပုံတင်ပေးမည်

Written By Unknown on Thursday, November 7, 2013 | 4:30 PM

စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က စပြီး အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ ပတ်သက်ရင် အခွန်ဆောင်ပြီးသူတွေကိုသာ မှတ်ပုံတင်ပေးတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီအတွက် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်လိုသူတွေဟာ ပထမအဆင့် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဆီကို သွားရပါတယ်။

ကိုယ် ရောင်းဝယ်လိုတဲ့ အိမ်ခြံမြေ တန်ဖိုးကို အဲဒီအဖွဲ့က တန်ဖိုး စိစစ် သတ်မှတ်ပေးမှာ ဖြစ်ပြီး အဲဒီ သတ်မှတ်ချက်အတိုင်း ပြည်တွင်းအခွန်ရုံးမှာ အခွန်သွားဆောင်ရမှာ ဖြစ်ပါတယ်။

အခွန်ဆောင်ပြီးကြောင်း လက်မှတ်ပါလာမှသာ စာချုပ်စာတမ်းရုံးက မှတ်ပုံတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အခု စတင်လိုက်တဲ့ အခွန်ဆောင်ပြီးမှ တရားဝင်စာချုပ်စာတမ်းရုံးကနေ မှတ်ပုံတင် ပေးမယ်ဆိုတဲ့ စနစ်ကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ် အေးသွားနိုင်တယ်လို့ အကျိုးဆောင်တွေက ပြောဆိုနေကြပါတယ်။

by ဒီဗွီဘီ