Home » » မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမှာ တည်ငြိမ်မှု မရှိသေးကြောင်း ဝန်ကြီး ဦးစိုးသိန်းထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမှာ တည်ငြိမ်မှု မရှိသေးကြောင်း ဝန်ကြီး ဦးစိုးသိန်းထုတ်ဖော်ပြောဆို

Written By Unknown on Thursday, November 21, 2013 | 1:42 PM

နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းသည် မြန်မာနိုင်ငံ ၏ နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တည်ငြိမ်မှုမရှိသေး ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ တွင် စီးပွားရေး လုပ်ငန်း ရှင်များ၏ အကျိုးအမြတ်အတွက် မြေယာများ သိမ်းယူမှုများကို ဟန့်တားနိုင် ခဲ့ပြီး သောင်းနှင့်ချီသော မြေယာရှင် များ၏ မြေယာပိုင်ဆိုင်မှုကို အာမခံ ချက်ပေးနိုင်ခြင်းတို့ကြောင့် ပြည်သူတို့ ၏ ထောက်ခံမှုကို တဖြည်း ဖြည်း ရရှိ လာသော်လည်း တည်ငြိမ်မှုမရှိသေး သကဲ့သို့ များစွာဆောင်ရွယ်ဖွယ်ရာ များ ကျန်ရှိနေသေးသည်ဟု ဆိုသည်။ ဝန်ကြီးဦးစိုးသိန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး တွင် တည်ငြိမ်မှုရရှိရန်အတွက် ပြည် သူများ၏ ယုံကြည် ထောက်ခံမှု ရရှိရန် လိုအပ်သည်ဟုဆိုသည်။

ဦးစိုးသိန်းက လာမည့်နှစ်တွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတွင်း လူဦးရေထူထပ်သော မြို့နယ် ၃၃၀ သို့လှည့်လည်ကာ ဒီမိုကရေစီလမ်း စဉ် ဖော်ဆောင်ရာတွင် အရေးကြီးသော အရာများကို ပြည်သူများသို့ ရှင်းလင်း ပြောကြား သွားမည်ဟု ဆိုသည်။ ဝန်ကြီးဦးစိုးသိန်းသည် လွန်ခဲ့ သော သောကြာနေ့ စထရိတ်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးပြုလုပ်ရာ တွင် ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်း သား ၁၀၀ ကျန်ရှိနေမှုကို ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ကျန်ရှိ နေ သော အကျဉ်းသားများ တွင် ရာဇဝတ်မှု ကျူးလွန်ခဲ့သူများကို ပြန်လည်စိစစ်ရန် ကျန်ရှိနေပြီး မကြာ ခင်အချိန်အတွင်း လွတ်မြောက်ရန် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ဦးရေကို ထုတ်ပြန် ကြေညာ မည်ဟုဆို သည်။

ဝန်ကြီးဦးစိုးသိန်းက ကျန်ရှိနေ သေးသော နိုင်ငံရေးအကျဉ်းသားကိစ္စ ကိုဆောင်ရွက်ရန် ဒီဇင်ဘာ ၃၁ ရက် ကို ရည်မှန်းထားပြီး ကတိမပျက်စေရန် ကြိုးပမ်းသွားမည်ဟုဆိုသည်။ ထို့အ ပြင် မြန်မာအစိုးရအနေဖြင့် တပ်မ တော်အတွက် နိုင်ငံတော် ဘတ်ဂျက် သုံးစွဲငွေကို လျှော့ချသွားမည်ဖြစ်ပြီး လူမှုရေးကဏ္ဍများတွင် တိုးမြှင့်သုံးစွဲ သွားမည်ဟုဆိုသည်။

ဝန်ကြီးဦးစိုးသိန်းက ဘတ်ဂျက် ငွေသုံးစွဲမှုတွင် ပညာရေးနှင့် ကျန်းမာ ရေးကဏ္ဍတွင် ယခင် ၂ ဒသမ ၃ ရာ ခိုင်နှုန်းမှ ယခု ရ ရာခိုင်နှုန်းသို့ လည်း ကောင်း၊ တပ်မတော်၏ ယခင်ဘတ် ဂျက်ငွေ ၂၉ ရာခိုင်နှုန်း သုံးစွဲမှုမှ ၁၃ ရာခိုင်နှုန်းသို့ ပြင်ဆင် သတ်မှတ်ထား သည်ဟုဆိုသည်။ ဝန်ကြီးဦးစိုးသိန်းက မိမိတို့အနေဖြင့် အပြောင်းအလဲများ ပြုလုပ်ရာတွင် ရုတ်ခြည်းပြောင်းလဲမှု ထက် တဖြည်းဖြည်း ကွာဟမှုများကို လျှော့ချ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြား ခဲ့သည် ဟု သိရ သည်။

Ref: Straits times
The Yangon Times