Home » » သီရိလင်္ကာ ငါးဖမ်းစက်လှေနှစ်စင်း ကျောက်ဖြူ ရေလုပ်ငန်းသို့ လွှဲအပ်

သီရိလင်္ကာ ငါးဖမ်းစက်လှေနှစ်စင်း ကျောက်ဖြူ ရေလုပ်ငန်းသို့ လွှဲအပ်

Written By Unknown on Sunday, November 10, 2013 | 4:05 PM

ကျောက်ဖြူ၊ နိုဝင်ဘာ-၉

မြန်မာ့ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးများဖမ်းဆီးနေ သည့် သီရိလင်္ကာနိုင်ငံမှ ငါးဖမ်းရေယာဉ်နှစ်စင်းအား ဓည၀တီရေတပ် စခန်းစစ်ရေယာဉ်များအုပ်စုမှ တစ်ဆင့်ကျောက်ဖြူ ရေလုပ်ငန်းဦးစီးဌာန သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရေပိုင်နက်သို့ ၀င်ရောက်လာသော သီရိလင်္ကာနိုင်ငံသား ၁၂ ဦးပါ ဖိုင်ဘာအမျိုးအစား ငါးဖမ်းလှေနှစ်စင်းကို မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်မိုင် ၁၅၀ ခန့်အကွာ ပင်လယ်ပြင်၌ လွန်ခဲ့သော အောက်တိုဘာ၂၃ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဓည၀တီရေတပ် စခန်း ဌာနချုပ်သို့ လူနှင့်လှေများကိုပါ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငါးဖမ်းစက်လှေနှစ်စင်းအား ရေလုပ်ငန်းဌာနမှ ရေလုပ်ငန်း အက်ဥပဒေလုပ်ထုံးလုပ်နည်းများအရ မြန်မာ့ရေပိုင်နက်သို့ ၀င်ရောက်လာခြင်းနှင့်ပတ်သက်၍ အဆင့်ဆင့်စစ်ဆေး
ဆောင်ရွက်နေကြောင်း ကျောက်ဖြူ ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းတင်က ပြောဆိုသည်။

" ငါးဖမ်းလှေနှစ်စင်းက ကျွန်တော်တို့ ဌာနဆိုင်ရာအဖွဲ့ဖွဲ့ပြီး လက်ခံမှု အောက်မှာ ထိန်းသိမ်းထားပါတယ်။ လူတွေကိုတော့ လ၀ကရုံးမှာယာယီ သဘောနဲ့ထားပါတယ်။ သီရိလင်္ကာ နိုင်ငံကို ဘယ်အချိန် လွှဲ ပြောင်းပေးဖို့ အစီအစဉ်ရှိလည်း ဆိုတာက ပြောလို့ မရသေးဘူး။ ပြည်နယ်အစိုးရကို တင်ပြထားပါတယ်" ဟု လှေနှစ်စင်းကို လက်ခံထားသည့်အဖွဲ့တွင်အဖွဲ့ဝင် အဖြစ်ပါဝင်သည့် ခရိုင်ငါးလုပ်ငန်းဦးစီး မှူး ဦးထွန်းတင်ကပြောကြားသည်။

ငါးဖမ်းသမား၁၂ ဦးနှင့်အတူငါးဖမ်းလှေနှစ်စင်းသီရိလင်္ကာနိုင်ငံသို့ နှစ်နိုင်ငံ ပြန်လည်လွှဲပြောင်းရယူရန် အတွက် သီရိလင်္ကာနိုင်ငံမှရေလုပ်ငန်းနှင့် သက်ဆိုင်သည့် အရာရှိနှစ်ဦး နေပြည်တော်သို့ ရောက်ရှိနေပြီး တစ်ပတ်အတွင်းပြန်လည်လွှဲပြောင်း ပေးအပ်ဖွယ်ရှိကြောင်း သိရသည်။

အာရကန်ကိုကို-မောင်တော (မြစ်မခ)

စံတော်ချိန် နေ့စဉ်သတင်းစာ