Home » » ကရင်ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့နေသည့်အဖွဲ့ ၂၀၁၄ မှစ၍ ထောက်ပံ့မှုလျှော့ချမည်ဟုဆို

ကရင်ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့နေသည့်အဖွဲ့ ၂၀၁၄ မှစ၍ ထောက်ပံ့မှုလျှော့ချမည်ဟုဆို

Written By Unknown on Tuesday, November 5, 2013 | 8:35 PM

ကရင်ဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာထောက်ပံ့နေသည့် The Border Consortuim အဖွဲ့သည့် လာမည့် ၂၀၁၄ ခု နှစ်မှ စတင်၍ ထောက်ပံ့မှုများ လျှော့ချရန်ရှိကြောင်း ဒုက္ခစခန်းအချို့မှ သတင်းရရှိသည်။

ထောက်ပံ့မှုများ လျှော့ချမည်ကို ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည်စခန်းများသို့ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။
““လာမယ့်နှစ်ကျရင် ရိက္ခာလျှော့ပေးတော့မယ်။ အရင်လိုမရတော့ဘူး။ လုံးဝဖြတ်တောက်လိုက်တာတော့ မဟုတ်ပါဘူး””ဟု မဲဟောင်ဆောင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူ မနန်းခမ်းမြိုင်ကပြောသည်။ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်သည့် အိမ်ထောင်စုများကို စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချခြင်းဖြစ်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးမလုပ်နိုင်သည့် ဒုက္ခသည်များအား နဂိုအတိုင်း ထောက်ပံ့မည်ဖြစ်သည်။ တစ်နိုင်စီးပွားရေးလုပ်ဆောင်နိုင်ရန်အတွက် အဆိုပါအဖွဲ့က ၂၀၁၂ ခုနှစ်မှ စတင်ပြီး ကြက်၊ ၀က်မွေးမြူးရေး နှင့် အထည်အလိပ်လုပ်ငန်းများ လုပ်ကိုင်ရန် သင်တန်းများပေးခြင်းနှင့် ငွေကြေးစိုက်ထုတ်ကူညီခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ထိုင်း- မြန်မာ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်း ၁၀ ခု အတွင်းရှိ ဒုက္ခသည်တစ်သိန်းခြောက်သောင်းအား နှစ်စဉ် စားနပ်ရိက္ခများ ထောက်ပံ့လျက်ရှိသည်။ ပဋိပက္ခဖြစ်ပွားသည့်ဒေသများမှ ထွက်ပြေးတိမ်းရှောင်သူများ နေရပ်ပြန်နေရာချထားရေးကို ၂၀၁၃ ခုနှစ်တွင် အဓိကဦးစားပေး လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို ၂၀၁၇ ခုနှစ်အထိ နှစ်အလိုက် အကောင်အထည်ဖော်သွားမည်ဟု TBC ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့အစည်း၏ ကောက်ယူချက်အရ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်သူ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် ၅၂ ရာခိုင်နှုန်းခန့်သာ စာရင်းသွင်းနိုင်သည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသ နှင့် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း ၁၆ ခုတွင် ဒုက္ခသည် နှစ်သိန်းငါးသောင်းကျော်ရှိသည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် ကယန်းလူမျိုးအများစုနေထိုင်ပြီး ကရင်နီ၊ ဗမာ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ချင်းနှင့် ကချင်တိုင်းရင်းသားများနေထိုင်သည်။

7DAY DAILY