Home » » နိုင်ငံရေးအကျဉ်းသားတွေကို ဒီလအတွင်း ထပ်မံလွှတ်ပေးဖို့ရှိ

နိုင်ငံရေးအကျဉ်းသားတွေကို ဒီလအတွင်း ထပ်မံလွှတ်ပေးဖို့ရှိ

Written By Unknown on Thursday, November 7, 2013 | 6:47 AM

မြန်မာနိုင်ငံက ​ထောင်တွေထဲမှာ ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေးအကျဉ်းသားတွေကို ​ဒီလ ​အတွင်းမှာ ​ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ​နိုင်ငံရေးအကျဉ်းသားများ ​စိစစ်ရေးကော်မတီအဖွဲ့ကပြောပါတယ်။

သမ္မတ ​ဦးသိန်းစိန်ဟာ ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ​ဒီနှစ်အကုန်မှာ ​လွှတ်ပေးမယ်လို့ ​အရင်တုန်းက ​ကဓိပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ​စိစစ်ရေးကော်မတီအဖွဲ့ရဲ့ ​အာမခံချက်အရ ​လောလောဆယ်မှာတော့ ​နိုင်ငံရေးအကျဉ်းသား ​၆၃ ​ယောက်လောက်ကို ​လွှတ်ပေးဖို့ရှိတယ်လို့ ​ဆိုပါတယ်။

ဒါပေမယ့် ​လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ​လွှတ်ပေးဖို့အတွက် ​အခုချိန်ထိ ​သမ္မတ ​ဆီကနေ ​ညွှန်ကြားချက်တစုံတရာမရရှိသေးဘူးလို့ ​လူဝင်မှုကြီးကြပ်ရေးဌာနက ​အဆင့်မြင့်အရာရှိတဦးက ​Reuters ​သတင်းဌာနကိုပြောပါတယ်။

လက်ရှိမှာ ​နိုင်ငံရေးအကျဉ်းသား ​အယောက်ပေါင်း ​၁၅၀ ​လောက် ​အကျဉ်းထောင်တွေထဲမှာ ​ကျန်ရှိနေပြီး ​တခြား ​အယောက်ပေါင်း ​၂၃၀ ​ကျော်လောက်ဟာလည်း ​နိုင်ငံရေးလှုပ်ရှားမှုနဲ့ ​အမှုရင်ဆိုင်နေရဆဲ ​ဖြစ်တယ်လို့ ​နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း ​(မြန်မာနိုင်ငံ) ​ကဆိုပါတယ်။

ပြီးခဲ့တဲ့ ​အောက်တိုဘာလ ​၈ ​ရက်နေ့က ​အကျဉ်းသား ​၅၆ ​ယောက် ​လွှတ်မြောက်လာခဲ့ပြီး ​များသောအားဖြင့် ​တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ ​အဖွဲ့ဝင်တွေဖြစ်ပါတယ်။

ABC Radio Australia