Home » » ရန်ကုန်မြို့ အတွင်း ယာဉ်မရပ်ရ နေရာများတွင် ယာဉ်များ ရပ်နားပါက အရေးယူ သွားရန်ရှိ

ရန်ကုန်မြို့ အတွင်း ယာဉ်မရပ်ရ နေရာများတွင် ယာဉ်များ ရပ်နားပါက အရေးယူ သွားရန်ရှိ

Written By Unknown on Tuesday, November 12, 2013 | 4:28 PM

ရန်ကုန်မြို့ အတွင်း ယာဉ်မရပ်ရ နေရာများတွင် ယာဉ်များ ရပ်နားပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အရေးယူ သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို သတ်မှတ်ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှလည်း မည်သူကမှ ကော်မတီက သတ်မှတ် ထားတဲ့ နေရာမှအပ အခြား မည်သည့် နေရာတွင်မျှ ယာဉ်ရပ်နားခြင်း မပြုရန်နှင့် အများပြည်သူ ဆိုင်ရာ လမ်းနယ်နိမိတ်များ မှလည်း ယာဉ်များ အကြောင်းမဲ့ ကြာမြင့်စွာ ရပ်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းများ မပြုရ ဟုလည်း ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်မရပ်ရ နယ်မြေ အတွင်း ယာဉ်ရပ်နားခြင်း ပြုလုပ်ပါက ရပ်နားသည့် ယာဉ်ကို ဆွဲယာဉ်ဖြင့် သတ်မှတ်ထားသော ယာဉ်ရပ်နား စခန်းသို့ သယ်ဆောင် သွားမည့် အပြင် ယာဉ်ပိုင်ရှင် အနေနဲ့လည်း သတ်မှတ်ထားတဲ့ ဆွဲယာဉ်ခကို ပေးဆောင်ရမယ့် အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို သတ်မှတ် ထားတဲ့ ယာဉ်မရပ်ရ နေရာတွေ ကတော့ တောင် မြောက်လမ်းများ ဖြစ်တဲ့ ပြည်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှ မင်းဓမ္မလမ်း အတိုင်း ပါရမီလမ်းဆုံ အထိနဲ့ အင်းစိန် ဘူတာရုံ လမ်းနဲ့ အင်းစိန် လမ်းဆုံ (ဘီအိုစီ) မှတ်တိုင် အနီး၊ အင်းစိန်လမ်း အတိုင်း လှည်းတန်း လမ်းဆုံ အထိ အစရှိတဲ့ လမ်းတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အရှေ့အနောက် နယ်မြေများ ဖြစ်တဲ့ လှည်းတန်း လမ်းဆုံမှ လှည်းတန်းလမ်း အတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်း အထိ ဟံသာဝတီ အ၀ိုင်းမှ ဟံသာဝတီ လမ်းတိုင်း ကျွန်းတော လမ်းဆုံ၊ ဗဟို လမ်းဆုံမှ တစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားလမ်း အစရှိတဲ့ လမ်းများ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ယာဉ်မရပ်ရ နယ်မြေကို ၂၁ နေရာ သတ်မှတ် ထားတာ ဖြစ်ပြီး ယာဉ်ရပ်နား ပါကလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4