Home » » မြန်မာနိုင်ငံတွင် အမည်ပျက် စာရင်းဝင်နေသေးသည့် ဆရာဝန် ၅၅၅ ဦးခန့် ကျန်ရှိနေ

မြန်မာနိုင်ငံတွင် အမည်ပျက် စာရင်းဝင်နေသေးသည့် ဆရာဝန် ၅၅၅ ဦးခန့် ကျန်ရှိနေ

Written By Unknown on Tuesday, November 19, 2013 | 2:09 PM

မြန်မာ နိုင်ငံတွင် အမည်ပျက်စာရင်းဝင် နေသေးသည့်ဆရာဝန် ၅၅၅ဦး ခန့် ကျန်ရှိနေသေးကြောင်း သိရ သည်။အဆိုပါဆရာဝန်များမှာ ဌာနမှကင်းကွာနေသောဆရာ ဝန်များ၊ အကြောင်းတစ်စုံတစ်ရာ ကြောင့် လျော်ကြေးငွေပေးဆောင် ရမည်ဟု အမိန့်စာထုတ်ပြန်ခြင်း ခံရသူများဖြစ်ကြောင်း သိရသည်။''အဲဒီဆရာဝန်တွေထဲမှာ လျော်ကြေးငွေပေးလျော်ဖို့ လိုအပ် တဲ့သူတွေဆိုရင် ပေးလျော်ရမယ်။ အဲဒီဆရာဝန်တွေကို အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးလိုက် ပေမယ့် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန် လည်ခန့်ထားတာမျိုး၊ တာဝန် ထမ်းဆောင်စေတာမျိုးတော့ မရှိ ပါဘူး''ဟု ကျန်းမာရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာမင်းသန်းညွန့်က ပြောသည်။

ယင်းအပြင်ြူခေုငျအ ပြု လုပ်ခံရသည့်သူများထဲမှ လျော် ကြေးငွေပေးရသည့်ဆရာဝန်များ အနေဖြင့် ဌာနမှကင်းကွာနေပြီး တာဝန်ထမ်းဆောင်မှုကာလ ပြည့် မီခြင်းမရှိသူများ၊ ပြည်တွင်း/ ပြင်ပ ဝန်ထမ်းစည်းကမ်းချက်များအရ တာဝန်ထမ်းဆောင်မှုကာလ ပြည့် မီခြင်းမရှိသူများဖြစ်ပြီး ယင်းတို့ အား လျော်ကြေးငွေပေးဆောင် စေခြင်းအပြင် ဆရာဝန်လိုင်စင် သိမ်းဆည်းခြင်းတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

တခိျု့သောဆရာဝန်များ မှာမူ ဆရာဝန်ဘွဲ့ရထားပြီးဖြစ် သော်လည်း ကျန်းမာရေးစောင့် ရှောက်မှုပေးသည့် ကုသမှု၊ ကာ ကွယ်မှု၊ ကျန်းမာရေးမြှင့်တင်မှု၊ ပြန်လည်ထူထောင်မှုလုပ်ငန်းများ တွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြု ဘဲ တခြားသော လုပ်ငန်း များတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် မိမိ၏ဝင်ငွေနှင့် နိုင်ငံတော်၏ဝင် ငွေကိုဖြုန်းတီးရာရောက်ကြောင်း ကျန်းမာရေးစီမံကိန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာ ဘုန်းမြင့် က ပြောသည်။

''ဆရာဝန်ဘွဲ့ယူထားပြီး ဆရာဝန်နဲ့မသက်ဆိုင်တဲ့အလုပ် ကိုလုပ်နေတဲ့သူတွေက ဘာလို့ ဆေးကျောင်းကို လာတက်လဲ။သူလဲ ပိုက်ဆံကုန်တယ်။ တိုင်းပြည် လဲ ပိုက်ဆံကုန်တယ်။ အဲဒီလို လုပ်တာဟာ ဘာအဓိပ္ပာယ်မှမရှိ ဘူး။ ဆေးမကု ပေမယ့် လဲ ပြည်သူ တွေအတွက် ကျန်းမာရေးစောင့် ရှောက်မှုကို တခြားနည်းလမ်းတွေ နဲ့ ပေးတယ်ဆိုရင် တော်သေး တယ်''ဟု ဆိုသည်။

ကျန်းမာရေးဦးစီးဌာန၊ ဆေး သုတေသနဦးစီးဌာန၊ ကျန်းမာရေး စီမံကိန်းဦးစီးဌာန၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာ နတို့တွင်ဆောင်ရွက်နေသည့် ပြည်သူ့ဆရာဝန်များမှာမူ လုပ် ငန်းလုပ်ကိုင်ဆောင်ရွက်သည့်အ ချိန်အတွင်း ဆေးကုသ ခြင်း မပြု သော်လည်း ပြည်သူတို့၏ ကျန်း မာရေးကို တစ်ဖက်တစ်လမ်းမှ  စောင့်ရှောက်နေခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဆရာဝန်ဘွဲ့ရရှိထားသော အနုပညာရှင်တစ်ဦးဖြစ်သူ The Best of Melody World 2012 မှ ပထမဆုရှင် ဖြိုးပြည့်စုံက ''ဆရာ ဝန်ဘွဲ့ကိုယူခဲ့တာက ဝါသနာအ ရင်းခံကြောင့် မဟုတ်ဘူး။ မိဘ တွေရဲ့ ဂုဏ်ယူချင် တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးချင်လို့ ခြောက် နှစ်ပညာဆည်းပူးပြီး ဆေးဘွဲ့ယူ ခဲ့တာ။ ဆေးတက္ကသိုလ်ဘွဲ့ရပြီး ကျောင်းပြီးပြီးချင်းတော့ GP ထိုင် ဖြစ်သေးတယ်။ တစ်နှစ်လောက် ထိုင်ပြီးတော့ မိသားစုကျန်းမာရေး အတိုင်ပင် ခံ ဆရာဝန်ဒီပလိုမာ သင်တန်းကို တက်တယ်။ ကျွန် တော့်အနေနဲ့ Inservice လို့ အဆင်မပြေဘူး။ Inservice ဝင်ရင် Office Hour နဲ့ လုပ်ရ တယ်။ ရန်ကုန်မှာလဲ မရဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူနာတွေဆီ ကို သွားနေရမယ်။ ဝါသနာ ကို အရင်းခံပြီး လုပ်ခဲ့တာမဟုတ်တဲ့ အတွက် ဆရာဝန် ဆက်မလုပ်ဖြစ် တော့ဘူး။ ဝါသနာကို အရင်းခံ တဲ့ အနုပညာအလုပ်ကိုပဲ ဆက် လုပ် ဖြစ်နေတယ်''ဟု ပြောသည်။ မြန်မာနိုင်ငံတွင် Black List ပြုလုပ်ထားသည့်ဆရာဝန် ၁၆၁၅ ဦးရှိပြီး အဆိုပါ ဆရာဝန်များအ နက်Black List   ဖြေလျှော့ပြီး ဆရာဝန်မှာ ၁၀၆၀ ရှိကြောင်း သိရသည်။-

[နွေဦးလင်း ၊ရန်ကုန် ၊နိုဝင်ဘာ ၁၈]

Yangon Media Group