Home » » ဖိလစ်ပိုင်တွင် ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

ဖိလစ်ပိုင်တွင် ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

Written By Unknown on Friday, November 8, 2013 | 3:57 PM

ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အတွင်းပိုင်းဒေသ ကျွန်းတွေကို ဒီနေ့ ၀င်ရောက်သွားပြီး  လူသန်းနဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ အမိုးအကာတွေ အောက်မှာ ပြောင်းရွှေ့ခိုလှုံနေရပါတယ်။

တယ်လီဖုန်း လိုင်းတွေ ပြတ်တောက်သွားသွားပြီး လေယာဉ်ခရီးစဉ်တွေနဲ့ ပင်လယ်ရေကြောင်း ခရီးစဉ်တွေ အားလုံး ရပ်ဆိုင်းထားလိုက်ရပါတယ်။

အဆင့် ၅  ဟိုင်ယန်တိုက်ဖုန်း မုန်တိုင်းဟာ ၁ နာရီကို ၁၇၀ မိုင်နှုန်းနဲ့ တိုက်ခတ်တာ ဖြစ်ပြီး လှိုင်းတွေ ၁၂ ပေကနေ ၁၅ ပေအထိ မြင့်တက်သွားပါတယ်။

ဒေသ ၂၀ ကျော်မှာ လူပေါင်း ၁ သန်းလောက်ဟာ ဘေးလွှတ်ရာနေရာတွေမှာ ခိုလှုံနေရပါတယ်။ ဟိုင်ယန် တိုက်ဖုန်း မုန်တိုင်းဟာ လူ ၂ သန်းခွဲလောက် နေထိုင်တဲ့ ဖိလစ်ပိုင်  နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ ဖြစ်တဲ့ စီဘူးမြို့မြောက်ဘက်ပိုင်းကို ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်မိုးလေ၀သဌာနရဲ့ ခန့်မှန်းချက်အရ မုန်တိုင်းဟာ စနေနေ့ နှောင်းပိုင်းကျမှပဲ ဖိလစ်ပိုင်နိုင်ငံကို လွန်မြောက်ပြီး တောင်တရုတ်ပင်လယ်ထဲကို ၀င်ရောက်မယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ် တိုက်ဖုန်းမုန်တိုင်း အလုံး ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။

၂၀၁၁ ခုနှစ်အတွင်း တိုက်ခတ်သွားတဲ့ ၀ါရှိမုန်တိုင်းကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၃ သိန်းလောက် ပြောင်းရွှေ့ခဲ့ရပြီး လူ ၁ သောင်းလောက် အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။

by ဒီဗွီဘီ