Home » » ပြည်တွင်းရွှေဈေး ဆက်တိုက်ကျ

ပြည်တွင်းရွှေဈေး ဆက်တိုက်ကျ

Written By Unknown on Friday, November 22, 2013 | 9:40 AM

သောကြာနေ့၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ်

အမေရိကန်၏ ငွေချေးလုပ်ငန်းစနစ် ပြောင်းလဲမည့်သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးထိုးကျလာပြီး ပြည် တွင်းရွှေဈေး တစ်ရက်အတွင်း ၄၀၀၀ ကျပ် ကျဆင်းလာသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

နိုဝင်ဘာ ၂၀ တွင် ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ၆၇၂,၀၀၀ ကျပ်ဈေးရှိရာမှ ၂၁ ရက်တွင် ၆၆၈,၀၀၀ ကျပ်ထိ ကျဆင်းလာသည်။ နိုဝင်ဘာလ ၁၈ တွင် ပြည်တွင်းရွှေဈေး ၆၇၇,၀၀၀ ကျပ်ဈေးရှိနေ ရာ ၂၁ ရက်ဈေးအရ သုံးရက်အတွင်း ၈,၀၀၀ ကျပ်ထိ တောက်လျှောက် ကျဆင်းလာသည်။

တိတ်စိန်ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က “ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းဈေးပါ ထပ်ကျလာတာပါ၊ တစ်ရက်တည်းကို လေးထောင်လောက်ကျသွားတယ်၊ တောက်လျှောက်ကျဦးမယ်လို့ မှန်းနေကြတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၂၇၄ ဒေါ်လာဈေးရှိရာမှ ၂၁ ရက်တွင် ၁,၂၄၆ ဒေါ်လာ ဈေးထိကျဆင်းလာသည်။ ပြည်တွင်းရွှေပေါက်ဈေးသည် သင်္ကြန်ကာလနောက်ပိုင်း အနိမ့်ဆုံး ဈေးဖြစ်သည်။

သီဟကိုကို - Mizzima - News in Burmese