Home » » အရှေ့အလယ်ပိုင်း ဒေသသို့ အလုပ်သမား သံအရာရှိ လွှတ်ရန် စီစဉ်လျက်ရှိ

အရှေ့အလယ်ပိုင်း ဒေသသို့ အလုပ်သမား သံအရာရှိ လွှတ်ရန် စီစဉ်လျက်ရှိ

Written By Unknown on Monday, November 18, 2013 | 11:58 AM

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ အရှေ့ အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ ကူဝိတ်၊ ယူအေအီး စတဲ့ နိုင်ငံတွေသို့ အလုပ်သမား သံအရာရှိ စေလွှတ်ဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

အခုလို စီစဉ်ရာ မှာလည်း အခက်အခဲ အနေနဲ့ အဆိုပါ နိုင်ငံတွေရဲ့ စရိတ်ကြီးမှုကြောင့် ငွေကြေးပိုင်း ဆိုင်ရာတွေကို ထည့်သွင်း စဉ်းစား လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အလုပ်သမား သံအရာရှိ ထားရှိမှုတွေကို ကိုရီးယား၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အလုပ်သမား သံအရာရှိ များကိုထားရှိပြီး ပြည်ပနိုင်ငံရောက် အလုပ်သမားတွေရဲ့ လုံခြုံမှုပိုင်း ဆိုင်ရာတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားသို့ ပြန်လည် စေလွှတ် ခွင့်ပြုပြီး နောက်ပိုင်း ပုံမှန် Pre deparature  သင်တန်းတွေ ကိုလည်း ပို့ချပေး လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်း ယာယီ နိုင်ငံကူး လက်မှတ်နဲ့ လုပ်ကိုင် လျက်ရှိနေတဲ့ ပြည်တွင်းမှ သွားရောက် လုပ်ကိုင်တဲ့ လုပ်သားများကို သက်တမ်း ပြည့်ပါက ပုံမှန် ပတ်စ်ပို့ အနီရောင်နဲ့ လဲလှယ် နိုင်ဖို့ကိုလည်း ပြည်တွင်းရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4