Home » » အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူက ဘယ်လိုထိန်းသိမ်းကြမှာလဲ

အမျိုးသားယဉ်ကျေးမှုအမွေကို ဘယ်သူက ဘယ်လိုထိန်းသိမ်းကြမှာလဲ

Written By Unknown on Saturday, November 9, 2013 | 9:47 PM

ပုဂံသည် မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်နှင့်ပတ်သက်၍ အကောင်းဆုံး ပြ စရာ ဂုဏ်ယူစရာနေရာ တစ်ခုဖြစ်သည်။  ပုဂံတွင် ဗိသုကာ ပညာ၊ ပန်းပု ပညာ၊ ပန်းတမော့ ပညာ၊ ပန်းချီပညာ၊ ပန်းပဲပညာ စသည့် ပန်း ၁ဝ မျိုးလုံးကို တွေ့မြင်နေရသည်။ ယနေ့ ပုဂံသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာတို့၏ ဂုဏ်ယူဖွယ် ရာ ရှေးဟောင်း ယဉ်ေ ကျးမှု အမွေများ တည်ရှိရာပင်ဖြစ်သည်။ ရှေးဟောင်းအမွေတို့သည် ပုဂံမှာ ချည်းရှိနေသည်မဟုတ်၊ အရပ်တိုင်းတွင် ရှိနေသည်။ ထို ရှေးဟောင်းအမွေ တို့ကို ဖော် ထုတ် ထိန်းသိမ်းရန်သည် သိနေရှိ နေသူတို့၏တာဝန်ဖြစ်သည်။ ပြည်သူတို့ သည် အများစုက မိမိတို့ရပ်ရွာအနီး အနားရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေ တို့ကို တန်ဖိုး ထားရ စကောင်းမှန်း မသိ သလို ထိန်းသိမ်းလိုစိတ် လည်းမရှိကြ သေးချေ။ ငွေရှိလျှင် ဖြိုဖျက်အသစ်လုပ် လိုကြသည်ကသာ များသည်။

ရှေးဟောင်းအမွေကို ကျွန်တော် တို့ ထိန်းသိမ်းပုံ မတတ်သေးဟုလည်းဆို ချင်သည်။ အချို့ စောင့်ရှောက်သူ မရှိ သဖြင့် လူမသိသူမသိ ပျက်စီးသွားခဲ့ပြီ။ အချို့ မသမာသူ တို့ ခိုးယူရောင်းစားသွား ကြပြီ။ အချို့က ရှေးဟောင်းလက်ရာ တို့ကို အသစ်ဖြစ်အောင် ပြင်ဆင်လိုက် သည်များလည်း ရှိသည်။ ထို့ကြောင့် ရှေးဟောင်း လက်ရာများ ပျက်စီးသွားခဲ့ ရသည်။ ထိုသူတို့အား ယဉ်ကျေးမှုကို နားလည်လာအောင် သမိုင်းနှင့်ယှဉ် လျက် မသင်ပေးနိုင်သမျှ ယခုပြဿနာ ပျောက်မသွားနိုင်။ စီးပွားရေးခိုင်ခံ့ အောင် မလုပ်ပေးနိုင်သေးသမျှ  ထို ပြဿနာက ရှိမြဲရှိနေပေမည်ဖြစ်သည်။ ထို့ကြောင့်သမိုင်းနှင့်စီးပွားရေးသည် ထို ပြဿနာ ဖြေရှင်းနိုင်ရေး၏ ပဓာန အ ကြောင်းရင်းဖြစ်သည်။

 ပြည်သူတစ်ရပ်လုံးသည် ရှေး ဟောင်းယဉ်ကျေးမှုအမွေနှင့် ထိုအမွေ ၏အမျိုးသားရေးတန်ဖိုးကို သိရှိထိန်း သိမ်းတတ်ရန် လိုအပ်သည်။ အမျိုးသား ယဉ်ကျေးမှု အမွေတို့ ကို ထိန်းသိမ်းရန် နိုင်ငံတော်အစိုးရ အားနှင့်ချည်း ရနိုင် မည် မဟုတ်ချေ။ ပညာရှင်များအား၊ ပြည်သူတစ်ရပ်လုံးအားများကို ပေါင်း စည်းမိနိုင်အောင် အသိပ ညာပေးပြီး ဝိုင်းဝန်းထိန်းသိမ်းကြရပေမည်။ စနစ် တကျထိန်းသိမ်းနိုင်ဖို့ ဘုရားဒါယကာ သစ်များ လိုအပ်နေသည်။ အဟောင်းကို နောက်ထပ်မပျက်စီးအောင်၊ ရှိနေသည့် အဟောင်း အဆောက်အအုံထဲမှ အနု ပညာပစ္စည်းများ၊ နံရံပန်းချီများ ကောင်း စွာရှိမြဲရှိနေပြီး အများပြည်သူတို့ လေ့ လာနိုင်အောင်၊ နောက်ထပ်မပျက်မစီး ကြာရှည် ခံနိုင်သမျှ ခံအောင် ထိန်းသိမ်း ဖို့ ရှေးဟောင်း သုတေသန ပညာရှင် များ၊ သမိုင်းပညာရှင်များ၏ အကြံဥာဏ် ကိုယူလျက် ယဉ်ကျေးမှုဝန်ကြီးဌာန၏ခွင့်ပြု ချက်ဖြင့် ဝိုင်းဝန်းထိန်း သိမ်း စောင့် ရှောက်ကြရန် ဖြစ်သည်။

ကျတ်ထိုးရွာ ရွှေမြင်းတင်ဘုရားဝင်းအတွင်းရှိ ပြိုကျတော့မည့်ဘုရားအတွင်းမှ နံရံဆေးရေးပန်းချီ(အမိုးမှပန်းဖော်ထားပုံ)

အမျိုးသား ယဉ်ကျေးမှုအမွေ ဆိုသည်မှာ လွန်ခဲ့သောအနှစ် ၁ဝဝ မှ အ ထက် ကျသောကာလများက ကျွန်ုပ်တို့ ဘိုးဘွားများ ဆောက်လုပ်အသုံးပြုသွား ခဲ့ကြသော စံပြုထိုက်သည့် အဆောက် အအုံများ၊ ဖန်တီးသွားခဲ့ကြသော အနုပ ညာပစ္စည်းများ၊ ရက်လုပ် ဝတ်ဆင်ခဲ့ကြ သောအဝတ်အထည် အဆင်တန်ဆာ များ၊ အသုံးပြု ခဲ့ကြသော ယာဉ်အမျိုး မျိုးများ၊ ရေးဆွဲသွားခဲ့ကြသော ပန်းချီ များ၊ ထုလုပ်သွားခဲ့ကြသော ဆင်းတု တော်များ၊ ရုပ်တုများ၊ လူ၊နတ်၊ တိရစ္ဆာန် ရုပ်များ စသည်တို့ ပါဝင်သည်။ လွယ် အောင်ဆိုရလျှင် အနှစ်ရာကျော်က လူ သားတို့ လုပ်ဆောင်ရေးသားအသုံးပြု သွားခဲ့ကြသည့် ပစ္စည်းမှန်သမျှသည် အမျိုးသားယဉ်ကျေးမှု အမွေများ ပင် ဖြစ် သည်။ အမျိုးသားယဉ်ကျေးမှုအမွေများသည် ခေတ်တို့၏ သမိုင်းမှတ်တိုင်များ ဖြစ်ကြသည်။ ရှေးကမိမိတို့ ဘိုးဘွားများ သည်ယင်းတို့ခေတ်အတွက် သမိုင်းမှတ် တိုင်များ စိုက် ထူသွားခဲ့ကြသူများ ဖြစ် ကြသည်။ ထိုသို့ စိုက်ထူနိုင်ရန်သည် နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ အသိပညာမြင့်မားမှုတို့ ရှိရန်လိုသကဲ့ သို့ ဦးဆောင် မှုကောင်းခြင်း၊ စည်းလုံးညီ ညွတ်ခြင်းတို့နှင့်လည်း တိုက်ရိုက်သက် ဆိုင်ပေသည်။ သို့မဟုတ်ပါကလည်း သမိုင်းအတွက် အထောက်အကူဖြစ်စေ သည်သာ ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုအမွေတို့ သည် ပညာမျက်စိကိုလည်းဖွင့်ပေး သည်။ အမျိုးသားစိတ်ဓာတ်ကိုလည်း ရင့်ကျက်စေသည်။ မိမိတို့ခေတ်ကိုတည် ဆောက်ရန် စံထားရာ အင်အားလည်း ဖြစ်သည်။ ယဉ်ကျေးမှုအပေါ်မူတည် လျက် ပြည်သူတို့ စည်းလုံးညီညွတ်မှုကို လည်း ဖြစ်ပေါ်စေနိုင်သည်။ တစ်ချိန် က ဥရောပသမိုင်းတွင် ပြန်လည်ဆန်း သစ်ခြင်း (Renaissance Age) မှသည် ခေတ်သစ် (Modern Age) ကို ကူး လာခဲ့ကြောင်း သမိုင်း အထင်အရှားရှိခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေများကို ပြန်လည်
လေ့လာဖော်ထုတ်လာ ခဲ့ရာမှ စတင်ခဲ့ကြောင်း သိရသည်။ မိမိတို့ သည် နယ်ချဲ့ကို အမျိုးသားယဉ် ကျေးမှုအမွေများ အပေါ်အခြေတည် သော အမျိုးသား စိတ်ဓာတ်ဖြင့် ညီ ညွတ်ခြင်းကိုတည်ဆောက်ကာလွတ်လပ် ရေးကို ပြန်လည်ရယူခဲ့သည့် သာဓက ရှိခဲ့သည်။ ထိုအစဉ်အလာကောင်းကို မိမိတို့ ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ရန်လိုပေသည်။

အမျိုးသားယဉ်ကျေး မှုအမွေမှသည် အမျိုးသားရေး စိတ် ဓာတ်ကို မဖော်ဆောင်နိုင်လျှင် စီးပွား ဓနအင်အားကြီးသူတစ်ဦး၊ တစ်နိုင်ငံ၏အောက် ယဉ်ကျေးမှုပါ မကျန် ကျွန်
သပေါက်ဖြစ်သွားနိုင်ပေသည်။ ပခုက္ကူတက္ကသိုလ်မှ သမိုင်း ကထိက ဦးခင်မောင်ဆွေ၏ ပို့ဆောင် ပေးမှုကြောင့် ပခုက္ကူ-မြစ်ခြေလမ်းဘေး ရှေးဟောင်းသာသနိက အေ ဆာက်အအုံများကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က လေ့လာခွင့် ရရှိခဲ့သည်။ ထိုကားလမ်းပေါ်တွင် ကျပ်ပြည့်၊ ကျတ် ထိုးဟူသောရွာများရှိသည်။ ထိုရွာများ သည် မည်မျှ ရှေးကျသည် မသိရသော်  လည်း ကုန်းဘောင်ခေတ်တွင်မူကြီးပွား တိုးတက်နေသည့်သဘော မြင်တွေ့ရ သည်။ ကျတ်ထိုးရွာတွင် ထင်ရှားသော ရွှေမြင်းတင် ဘုရား ရှိသည်။ ပုဂံမြင်းစီးသူ ရဲ ကျန်စစ်သားနှင့် ဆက်မိ စေချင်သဖြင့် ထိုအမည်ဖြစ်ပေါ်လာခဲ့သည်ဟု တွေး ဆရသည်။ ထိုရွှေမြင်းတင်ဘုရားဝင်း အတွင်း စေတီပျက် တစ်ဆူ လည်း ရှိ သည်။ အတွင်း၌ နံရံဆေးရေးများရှိ သည်။ ပန်းချီလက်ရာတို့ ပျက်စီးစပြုနေ ပေပြီ။ စေတီကလည်း အက်ကြောင်း များဖြင့် တွေ့မြင်နေရပြီး  အပေါ်ပိုင်း လည်း  ပြို ကျနေသည်။

ထိုစေတီကို မည်သည့် ဒကာက မည်သည့်နှစ်ကာလတွင် တည်ခဲ့ကြောင်း အမှတ်အသား မတွေ့ရှိချေ။ အသေ အချာအချိန်ယူလေ့လာလျှင် တွေ့ရှိနိုင် မည်ဟု ယုံကြည် သည်။ နံရံပန်းချီများကို ကြည့်၍ ခေတ်ကို ခွဲခြားဖော်ပြရသော် ကုန်းဘောင်ခေတ်နှောင်းကာလတွင် တည်ခဲ့သည်ဟု ဆိုနိုင်သည်။ ပန်းချီ လက်ရာများနှင့် စာအရေး အသားတို့က ကုန်းဘောင်ခေတ်ဖြစ်ကြောင်း ပြနေပါ သည်။ ထိပ်ပိုင်းပြိုကျနေသကဲ့သို့ အ လယ်မှအက်ကြောင်းကြီး ဖြစ်နေသည် ကိုလည်း တွေ့မြင်နေရသည်။ ထိုအခြေ အနေတို့ကို ကြည့်၍ ဆက်လက်မထိန်း သိမ်းနိုင်လျှင် နောင်သုံးလေးမိုးလောက် ဆိုလျှင် ရေများစိမ့်ဝင်ပြီး ပြိုကျတော့ မည်မှာ သေချာပေသည်။ ကယ်တင်နိုင် မည့် ဘုရား ဒါယကာ လိုအပ်နေပေ သည်။

လိုဏ်ထဲဝင်သည့် တစ်ခုတည်း သော အပေါက်တွင် ပြိုကျသောမြေစာ များ အုတ်ကျိုးများဖြင့် ပြန့်ကျဲနေ သည်။ အတွင်းပိုင်းတွင်လည်း ပြိုကျ ထားသော အုတ် များဖြင့် ပြ ည့်နှက်နေ သည်။ အောက်ခံကြမ်းခင်းကိုပင် မမြင် ရတော့ချေ။ အချိန်မရွေးပြိုကျနိုင်သော အနေအထားရှိသည်။ အလင်းရောင် လည်း အတွင်း၌ နည်းလေ သည်။ အ ပေါ် မှ ရေများယိုကျသဖြင့် နံရံပန်းချီ များ ပျက်စီးနေသည်များကိုလည်း တွေ့ ရသည်။

ဘုရားအတွင်း လိုဏ်အမိုးတွင် အလယ်၌ စက်ဝန်းကိုထားကာအပြင်မှ ခိုနန်းချိုးပါစတုရန်း ကွက်များဖြင့် လှပ စွာရေးဆွဲထားသည်။ အဝန်းအဝိုင်း (စက်ဝန်း)ကို ကြာပန်း ကြာဖတ်များဖြင့် တန်ဆာဆင်ထားသည်။ နံရံအထက် ပိုင်း ပတ်လည်တွင် နှစ်ကျိပ်ရှစ်ဆူပုံကို ရေးဆွဲတတ်ကြသည်။ ဂေါတမ အ လောင်းတော်သည် ဘုရားဆုကို ပန် ဆင်ခဲ့သည်။ ထို့အောက်မှ ဗုဒ္ဓဝင်ခန်း များကိုရေးဆွဲသည်။ အချိန်ယူ၍မလေ့လာနိုင်သဖြင့် အသေးစိတ်မပြောပြနိုင်ပါ။ အမိုးက အချိန်မရွေး ပြိုကျနိုင်သကဲ့သို့ အောက် ကြမ်းပြင်ရှိ အုတ်ကျိုးအုတ်ပဲ့ပုံအတွင်းမှ အဆိပ်ရှိသတ္တဝါတို့လည်း ထွက်လာနိုင် သောကြောင့် အတွင်းတွင် ကြာကြာမ နေရဲပေ။ ထို့ကြောင့် ရနိုင်ကောင်းရာ အချို့ကိုသာ ရိုက်ကူး မှတ်တမ်းတင် နိုင်ခဲ့ပါသည်။ အမိုးမှစီးကျလာသော မိုးရေများကြောင့်ပျက်စီးနေသည့် အနေ အထားကိုလည်း ပုံထဲတွင် တွေ့မြင်နေရ သည်။ ပုံများတွင် မန္တလေး မဟာမုနိ ဘုရားအတွင်းမှ ဖန်ပွတ်လုံးများကဲ့သို့ သော ပွတ်လုံးများ တပ်ဆင်ထားသည်ကို တွေ့ရသောကြောင့် ရတနာပုံခေတ် ထက် မစောကြောင်းပြောနိုင်ပေ သည်။ အောက်မှ တစ်ပုံတွင်လည်း ထိုသို့သော ပွတ်လုံးများတွေ့ရသဖြင့် ပွတ်လုံးသည် ကြီးကျယ်သော အဆောက်အအုံ ဆောက်လုပ်ရာတွင် ခေတ်စားနေသော ပစ္စည်း တစ်မျိုးဖြစ်ပြီး လူကြိုက်များနေ သည်ကို ခန့်မှန်းရပေသည်။ ထိုအချက် က ခေတ်ကိုပြောပြနေသည်ဟု ဆိုလို ခြင်းဖြစ်သည်။

ဘုရားဖြစ်ပြီး ရာဇဂြိုဟ်ပြည်သို့ ကြွလာသောအခန်းတစ်ခန်းကို ပုံဖော် ထားခြင်းဖြစ်သည်။ အပေါ်မှ ရေများ စိမ့်ယိုစီးကျခဲ့သည့်အတွက် ပျက်စီးစ ပြုနေသည် ကိုတွေ့ရ သည်။ စာများဖတ် နိုင်လောက်အောင် ကျန်ရှိ နေပေသေး သည်။ သို့သော် မဖတ်နိုင်မကူးနိုင်ခဲ့ပါ။ အထဲတွင် ကြာကြာမနေရဲသောကြောင့် ဖြစ်ပါသည်။ မိုးရေစီးကြောင်း များကို ခေတ်သစ်နည်းများဖြင့်ဖယ်ရှားပြီး ထိန်း သိမ်းနိုင်လောက်မည်လည်း မှန်းဆရ သည်။ ထိန်းသိမ်းနိုင်လျှင် ထိုကုန်း ဘောင်ခေတ် လက်ရာများသည် လွန် ခဲ့သော အနှစ် ၁ဝဝ ကျော်ကပညာရှင်တို့ အတွက် သမိုင်းမှတ်တမ်းကောင်းများ အ ဖြစ် ဆက်လက်ထားရစ်ခဲ့နိုင်ပါမည်။ စိတ်ဝင်စားစရာအကောင်းဆုံးမှာ ဆင်း တုေ တ်ာကြီး၏ေ ဘး လက်ဝဲဘက်တွင် ရေးဆွဲထားသော သူငယ်တော် ရုပ်ပင် ဖြစ်သည်။ မျက်နှာအနေ အထားက ရွှင်ပြုံးနေသည်။ လက်ချောင်း သွယ် သွယ် ပေါ်ေ အာင်ရေး ဆွဲထား သဖြင့် လက်ရာလည်း မြောက်လှပေသည်။ လက်ချောင်းတို့အနေအထားသည် ကြိုး တပ် တူရိယာတစ်မျိုးကို တီးခတ်နေဟန် လည်း ရှိသည်။ အောက် တွင် ပြို ကျေ န သော အုတ်ပုံကြီးကြောင့် ရုပ်လုံးပေါ် အောင် ဓာတ်ပုံမှတ်တမ်း မတင်နိုင် တော့ချေ။

ဗုဒ္ဓဝင်ခန်းအပြင် ဇာတ်တော်ကြီး ဆယ်ဘွဲ့မှ တစ်ဇာတ်ကိုလည်းအနည်း ဆုံး ရေးဆွဲတတ်ကြသည် ကိုတွေ့ရ သည်။ ယခုဘုရားတွင် မဟာဇနက္က ဇာတ်ကိုရေးဆွဲသည်။ ပုံ စာတွင် ဘုရား အလောင်း မဟာဇနက္က မင်းသားက သင်္ဘောဖြင့် ကုန်ကူးခွင့်ပြုရန်တောင်း ပန်ပြီး သင်္ဘောထွက်ခန်းအကြောင်းရေး ဆွဲထားခြင်း ဖြစ်သည်။ ထိုဇာတ်ကို ဘုရား ဒကာက ကုန်ကူးသန်းခြင်း၊ ဝီရိယကောင်းခြင်း၊ အောင်မြင်ခြင်းဟူ သော အကျိုးရလဒ်များကို ကြိုက်သော ကြောင့် ထိုဇာတ်လမ်းကိုရေး သားစေသ လော ဟု တွေး ဆမိသည်။ မင်းတုန်းမင်း လက်ထက်တော်ကာလသည် မည်သည့် အရင်ခေတ်များနှင့်မှမတူသော ထက် အောက်ကုန်သွယ်ရေး ခေတ်နှင့်တိုက် ဆိုင်နေ သည်။ မြန် မာတို့ လယ်ယာမှ သည် သမားရိုးကျ ဝမ်းရေးအတွက် ရောင်းနေကြသော အရောင်းအဝယ်မှ သည် စီးပွားဖြစ် အကြီးအကျယ်ကုန် သွယ် ရောင်းဝ ယ်နေသောေ ခတ်ေ ရာက် လာခဲ့သဖြင့် မြန်မာတို့ ကုန်သွယ်မှုလုပ် ငန်းနယ်ပယ်တွင်း ဝင်ရောက်လာနေ သောအဖြစ်ကို ပုံဖော်လေသလောဟု တွေးမြင်မိပေသည်။

ထိုမျှရည်ရွယ်ချက်လည်းကောင်း၊ အနုပညာလက်ရာလည်းကောင်းသော ဘိုးဘွားတို့ယဉ်ကျေးမှု အမွေများကို ကျွန်တော်တို့မထိန်းနိုင်ကြသည်မှာ ရှက် စရာကောင်းပါ သည်။ ယဉ်ကျေးမှုအမွေ မရှိလျှင်၊ မသိလျှင် အမျိုးသားစိတ်ဓာတ် မည်သို့ရှိနိုင်ပါမည်နည်း။ တန်ဖိုးမထား တတ်လျှင် ပြည်ထောင်စုစိတ်ဓာတ် ဆို သည်ရော မွေး၍ ရနိုင် ပါဦးမည်လား။ မေးခွန်းထုတ်သင့်ပါသည်။  အမျိုးသား သမိုင်းနှင့် အမျိုးသား ယဉ်ကျေးမှုမရှိ တော့လျှင် ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှု ကရော ရရှိနိုင် ပါဦးမည် တဲ့လား၊ မေးစ ရာ၊ တွေးစရာ။အချို့သော ပုံများသည် စောင့် ရှောက်မည့်သူမရှိသည့်အပြင် ကျေး လက်ပြည်သူတို့က ဘုရားထဲတွင် ထုံး များ ပုံထားခြင်း၊ သီးနှံများ ထည့် ထားခြင်း၊ အမှိုက်သရိုက်များ သိုလှောင်ခြင်းတို့ကို ပြုလုပ်ကြသောကြောင့် ပျက်စီးသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်အချို့ဇာတ်ကွက်များကို ကွဲ ကွဲ ပြာြး ပားပင် မမြင်ရတော့ချေ။ အခြေအ နေ များစွာဆိုးနေပြီကို သတိထားမိ နိုင်သည်။ ထိုပန်းချီတို့သည် အသေး စိတ် လေ့လာနိုင်ခွင့်ရလျှင် ခေတ်သမိုင်း ကို ထို ထက် များစွာ ပိုမိုပြောနိုင်ဦးမည့်အခွင့်အလမ်းရှိပေသည်။ ထို့အတူ ပန်း ချီဆွဲသည့်ရက်စွဲကိုလည်း သိနိုင်ကောင်း ပါသည်။ အကြောင်းမှာ အလှူ့ရှင်က နံရံတွင် မင်စာ မှတ်တမ်း သို့မဟုတ် ကျောက်စာရေးထိုးစိုက်ထူ ထားနိုင်ခဲ့ သောကြောင့် ဖြစ်သည်။

ယခုအခါ ထိုဘုရားသည် ပြိုတော့ မည့် အနေအထားတွင်ရှိသည်။ ထိန်း သိမ်းနိုင်လျှင် ရနိုင်လောက် သေးသည့် နံရံပန်းချီများကလည်း ကုန်းဘောင် ခေတ် လက်ရာ များ ဖြစ်သောကြောင့် သမိုင်းဝင်ပန်းချီများ ဖြစ်ပါသည်။ အ နည်းဆုံးအားဖြင့် အသေးစိတ်လေ့လာ မှတ်တမ်းတင်ထားနိုင်လျှင် သမိုင်း အထောက် အထားအဖြစ် အ သုံးပြုနိုင် သည်။ ထို့ကြောင့် ထိန်းသိမ်းပြုပြင်ပေး နိုင်မည့် ဘုရားဒကာ၊ အမျိုးသားအမွေ အဖြစ် ထိန်းသိမ်းစောင့်ရှောက်မည့် စေတနာ စွမ်းအားရှင် လိုပါသည်။ သ မိုင်းပြု စုရေးသားနိုင်မည့် သမိုင်းပညာ ရှင်လည်း လိုအပ်နေပါသည်။ ထိန်း သိမ်းသည်ဆိုရာတွင် အသစ်ပြန်လည် တည်ဆောက်ရန်မဟုတ် ပါ။ ရှေး ဟောင်းသုတေ သနပညာရှ င်တို့၏ အကြံ ဥာဏ်ကိုယူလျက်ယင်းတို့ညွှန်ကြား ချက်နှင့်အညီ-

(၁)ဆက်မယိုယွင်းနိုင်အောင်ပြု ပြင် စောင့်ရှောက်ခြင်း၊ (၂) ပန်းချီများကို မပျက်စီးအောင် လုံခြုံစွာထားရှိခြင်း၊ (၃) ဖျက်ဆီးမည့်သူ၊ ခိုးယူသည့် သူတို့ ရန်မှ သတိရှိရှိဖြင့် ကာကွယ်ပေးခြင်းနှင့်(၄) ပုံများကိုမှတ်တမ်းယူထားခြင်း တို့ ဖြစ်ပါသည်။ ထိုသို့ပြုလုပ်စောင့်ရှောက် နိုင်ခဲ့ပါလျှင် မိမိတို့ရပ်ရွာပြည်သူတို့၏ ဂုဏ်သတင်းလည်း ထုံသင်း လာမည်ဖြစ် ပါသည်။

တိုးလှ

Popular Myanmar News Journal