Home » » အစားအစာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှု ၃၅ရာခိုင်နှုန်းဝန်းကျင်ရှိနေ

အစားအစာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှု ၃၅ရာခိုင်နှုန်းဝန်းကျင်ရှိနေ

Written By Unknown on Tuesday, November 5, 2013 | 9:14 PM

ရန်ကုန်၊ နိုဝင်ဘာ ၎

ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဖြစ်ရခြင်း အကြောင်းအရင်း များစွာရှိသည့်အနက် အစားအစာ များကြောင့် ကင်ဆာရောဂါဖြစ်ပွားနှုန်းမှာ ပိုမို များပြားကြောင်း ပါမောက္ခဆရာဝန်ကြီး ဒေါက်တာစိုးအောင်က ပြောသည်။

ဓာတုဗေဒပစ္စည်းများဖြင့် ကြာရှည်ခံစေရန် ပြုလုပ်ထားသော အစားအသောက်များကို စား သုံးခြင်း၊ ပို၍ကြီးထွားစေရန် ပြုလုပ် ထားသော အစားအစာများကို စား သုံးခြင်းများမှာ ကင်ဆာရောဂါ ဖြစ် ပွားနိုင်စေကြောင်း၊ ဆိုးဆေးပါသော အစားအစာများ၊ ဆားသိပ်ထားသော အစားအစာများ၊ကျပ်တိုက်ထားသော အစားအစာများနှင့် ယမ်းစိမ်းပါဝင် သော အစားအစာများသည်လည်း ကင်ဆာရောဂါပို၍ဖြစ်ပွားနိုင်ကြောင်း ၄င်းက ပြောသည်။
''လူတွေက မသိတာမဟုတ် ဘူး။ သိရဲ့သားနဲ့ လိုက်မလုပ်နိုင်တာ။ ကမ္ဘာ ပေါ်မှာ အစားအသောက်ကြောင့် ကင်ဆာဖြစ်တာ ၃၅ ရာခိုင်နှုန်းရှိတယ်။ အများဆုံးပဲ''ဟု ၄င်းက ပြောသည်။

ကော်ဖီအသောက်များသောသူများသည် ကော်ဖီထဲတွင် 'အိုစရာတောက်စင်' ပါဝင်မှု ကြောင့် ပန်ကရိယကင်ဆာ၊ ကျောက်ကပ် ကင်ဆာဖြစ်ပွားတတ်သည်။ ထို့အပြင် တိရစ္ဆာန် များမှရရှိသောအဆီနှင့် နီရဲစွာပြုလုပ်ထားသော အသားများကို နှစ်ပေါင်းကြာရှည်စွာ စားသုံးပါ က အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အစာ ဟောင်းအိမ်ကင်ဆာများ ဖြစ်ပွားတတ်ကြောင်း ဒေါက်တာစိုးအောင်က ပြောသည်။

အမျှင် (Fiber)ပါသောအစားအစာများကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာနှင့် အစာ ဟောင်း အိမ်ကင်ဆာများကို ကာကွယ်ပေးသည်။ ဘီတာကယ်ရော်တင် (Beta Carotene)နှင့် ဘီတာမင်အေပါသော အစားအစာများသည် အဆုတ်ကင်ဆာကို ကာကွယ်ပေးပြီး ဗီတာမင် စီပါသော အစားအစာများသည် အစာအိမ် ကင်ဆာနှင့်အခြားကင်ဆာများအတွက် ကောင်း စေကြောင်း ယင်းကပြောဆိုသည်။

''ကန်စွန်းဥဝါတို့၊ ရွှေဖရုံသီးတို့ စတဲ့ အဝါ ရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေး သင့်တယ်''ဟု ¤င်းကပြောသည်။
ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များ စားသုံးပါက အူမကြီးကင်ဆာကို အဖြစ်နည်း စေပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီတွင်ပါသော 'အလိုင်းဆာလဖိုက်'သည် အစာအိမ်ကင်ဆာကို ကာကွယ်ပေးသည်။ ထို့အပြင် ဗီတာမင်ဒီနှင့် ကယ်လ်စီယမ်ဓာတ်ပါသော အစားအစာများ သည် ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာကို အဖြစ်နည်းစေကြောင်း ဒေါက်တာစိုးအောင်က ပြောသည်။

''အသားလျှော့စားရမယ်။ ငါးတော့ စားလို့ ရတယ်။ ငါးက ဘာမှမဖြစ်ဘူး''ဟု ၄င်းက ပြောသည်။
တာရှည်ခံစေရန် ပစ္စည်းများသုံးထားသော အစားအစာများ၊ အဆီများသော အစားအစာများ၊ ကစီဓာတ်များသော အစားအစာများ၊ အစိမ်း ရောင်၊ အဝါရောင်အသီးအရွက်များ၊ အမျှင် (Fibre)များများပါသော အစားအစာများကိုသာ စားသုံးသင့်ကြောင်း ယင်းကပြောသည်။

ကမ္ဘာပေါ်တွင် အစားအသောက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ဗိုင်းရပ်စ်ပိုး၊ လိင်ဆက်ဆံမှု၊လုပ်ငန်း ခွင်အန္တရာယ်၊အရက်၊နေရာဒေသ၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊စက်ရုံစွန့်ပစ်ပစ္စည်းများ၊ဆေးဝါး များနှင့် မျိုးရိုးလိုက်မှုများကြောင့် ကင်ဆာ ရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်းသိရသည်။

လဲ့နန္ဒာကျော် - The Union Daily