Home » » လမ်းလယ်ကျွန်းကြားမှ ဖြတ်ကူးစဉ် ယာဉ်တိုက်မှုဖြစ်

လမ်းလယ်ကျွန်းကြားမှ ဖြတ်ကူးစဉ် ယာဉ်တိုက်မှုဖြစ်

Written By Unknown on Friday, November 22, 2013 | 5:01 AM

နေပြည်တော်၊ နိုဝင်ဘာ ၂၁

၁၉-၁၁-၂၀၁၃ ရက်နေ့ ၁၈၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၂/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းရွာနေ မောင်တိုး(၁၇)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်အောင်(၁၇)နှစ်လိုက်ပါလာသော ၃၀ယ/××××× ဇောင်ချန်း(၁၁၀) ဖြူနက်ကျား ဆိုင်ကယ်သည် လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံများ ကြားမှ ဖြတ်ပြီး တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိစဉ် မန္တလေးမှ နေပြည်တော်သို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာဇံမြို့နယ်၊ ပြည်ကြီးကျက်သရေ ရပ်ကွက်နေ ဝင်းဆန်း(၃၆)နှစ် မောင်းနှင်လာသော ၅င/××××× ဟွန်ဒါဖစ်ခဲရောင် ယာဉ်နှင့် တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် မောင်တိုးတွင် ဝဲချိုစောင်း ဖူးရောင်၊ နောက်ကျော/ ဝဲတင်ပါးပွန်းပဲ့၊ ယာနား/ နှာခေါင်း သွေးထွက် ဒဏ်ရာများနှင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အောင်အောင်တွင် ယာခြေသလုံးကျိုး၊ မျက်နှာပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် သေဆုံးသူအား ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ လည်ကောင်း၊ ဒဏ်ရာရရှိသူအား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ လည်ကောင်း ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မှာ ရှေ့လေကာ မှန်ကွဲ၊ ခေါင်းဝဲဘက်ခြမ်း ပိန်ချိုင့်၊ ဆိုင်ကယ်မှာ ခါးလယ်မှ ကျိုး၊ စုစုပေါင်း တန်ဘိုးငွေကျပ် (၁၁)သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သဖြင့် မောင်တိုးအား ပေပင်လေး အမြန်လမ်း ရဲစခန်း၊ ယာဉ်(ပ)၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar