Home » » သင်္ကန်းဝတ်တစ်ဦး ညအချိန်မတော်ကျော်နင်းမှုဖြစ်သဖြင့်အရေးယူခံရ

သင်္ကန်းဝတ်တစ်ဦး ညအချိန်မတော်ကျော်နင်းမှုဖြစ်သဖြင့်အရေးယူခံရ

Written By Unknown on Friday, November 22, 2013 | 5:37 AM

ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၊ ကျွန်းသာယာရပ်ကွက်၊ မင်းကြီးညို(၅)လမ်းတွင် (၂၀.၁၁.၂၀၁၃)နေ့ ည (၂း၀၀) အချိန်ခန့်က အိမ်ကျော်နင်းမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မဇာဇာလင်း(၃၄)နှစ်(ဘ)ဦးကျော်လင်း၊ဆေးလိပ် လိပ်သူသည် သားဖြစ်သူ ရန်ကျော်လင်း (၁၂)နှစ်၊ (ဘ)ဦးဝင်းခိုင်နှင့်အတူနေ အိမ်အိပ်ခန်း အတွင်း အိပ်နေစဉ် ၄င်း၏မိန်းမကိုယ်အား ကိုင်တွယ်ပွတ်သတ် နေ၍ အိပ်ယာမှလန့်နှိုးပြီး ကြည့်ရာ အိပ်ခန်း ၀ါးထရံကြားမှ လက်သွင်းပြီး ခြင်ထောင်အတွင်းအိပ်နေသည့် ၄င်း၏မိန်းမကိုယ်အား ကိုင်တွယ်ပွတ်သတ် ကြောင်းသိရှိ၍ အတူနေဖခင်ဖြစ်သူဦးကျော်လင်း(၆၀)နှစ်အားအော်ဟစ် ပြောကြားရာလက်မှာ ခြင်ထောင်အပြင်ဘက်သို့ ထုတ်သွားပြီး နေအိမ်ပေါ် မှဆင်းပြေးရာ မဇာဇာလင်းသည် ထရံပေါက်မှကြည့်ရှုရာ အိမ်နီးချင်း ရဟန်းဘွဲ့ ဥူးပုည၊လူအမည် ကပ္ဂလီ(၂၉)နှစ်၊(ဘ)ဦးကုလားဖြစ်ကြောင်း ”လ”ရောင်ဖြင့် သဲကွဲစွာတွေ့မြင်ရပြီး ကပ္ဂလီမှ သင်္ကန်းဝတ်ဖြင့်၎င်း၏နေအိမ်ပေါ် သို့တက်ပြေးသွားကြောင်းတွေ့ရှိရသဖြင့် ပဲခူးအမှတ်(၃)ရဲစခန်းသို့ မဇာဇာလင်းမှ တရားလိုပြုတိုင်တန်းခဲ့ရာ စခန်းမှကပ္ဂလီအား(ပ)၄၈၃/၂၀၁၃ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆(ညဉ့်အချိန်ပုန်းလျှိုး အိမ်ကျော်နင်းမှု)/၂၉၅-က(ဘာသာ၊သာသနာ အကြည်ညိုပျက်အောင်ပြုလုပ်မှု)တို့ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးလျှက်ရှိ ကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin