Home » » သုံးနှစ်အတွင်း ပဲဈေးအမြင့်ဆုံးဖြစ်

သုံးနှစ်အတွင်း ပဲဈေးအမြင့်ဆုံးဖြစ်

Written By Unknown on Friday, November 22, 2013 | 5:02 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၀။

တရုတ်နိုင်ငံမှ ၀ယ်လိုအား မြင့်တက်လာသောကြောင့် သုံးနှစ်အတွင်း မြန်မာ့ပဲမျိုးစုံ ဈေးသည် ယခုနှစ်တွင်
အမြင့်ဆုံးဖြစ်ကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် အိန္ဒိယပဲ အထွက် လျော့နည်းခြင်းနှင့် တရုတ်ကုန်သည်များက
နယ်စပ်မှတဆင့် ၀ယ်ယူမှု များနေသောကြောင့် ပြည်တွင်း၌ ပဲဝယ်လိုအား မြင့်တက်လာပြီး ဈေးအမြင့်ဆုံးနှစ် ဖြစ်နေကြောင်း မန္တလေးမြို့ဝါရင့် ပဲကုန်သည်ကြီး ဦးဥာဏ် ထွန်းက ပြောကြားသည်။

“အခု ပဲတင်ဈေးမြင့်တာ မဟုတ်ဘူး။ နှမ်းကလည်း ဈေးမြင့်တယ်။ မိုးဖျက်လို့ ဒီနှစ် နှမ်းအထွက်လည်း
နည်းတယ်။ ပြီးတော့ ကိုရီးယားနဲ့ဂျပန် အမှုန့်အဖြစ်နဲ့ တင်ပို့တော့ဈေးရတယ်”ဟု ၎င်းကဆိုသည်။

ယခုလတ်တလောတွင် မန္တလေးပဲကုန်စည်ဒိုင်အတွင်း၌ ရန်ကုန်ဝယ်လက်များထက် တရုတ်ဝယ်လက် ကုန်သည်များက ပိုမိုဝယ်ယူနေကြောင်း ပခုက္ကူမြို့ ၀ါရင့်နှမ်းကုန်သည်ကြီး ဦးမင်းသက်ကပြောသည်။

မန္တလေး ပဲကုန်စည်းဒိုင်အတွင်း၌ ပဲဇင်းငုံ ၅၅၀၀၀ကျပ်၊ ဗီတူး ၄၉၀၀၀ကျပ်၊ မတ်ပဲ ၅၃၀၀၀ကျပ်၊ ပဲတီစိမ်း ၉၀၀၀၀ကျပ်နှင့် နှမ်းဖြူနိမ့် ၁၅၀၀၀ ကျပ်မှ အမြင့် ၁၆၀၀၀ကျပ်၊ နှမ်းနက် ၁၇၀၀၀ကျပ်၊ နှမ်းညို ၁၂၅၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရှိရသည်။

ရေးသားသူ-မျိုးပပစန်း
တည်းဖြတ်-ဂျူးဂျူးလှိုင်

People power