Home » » အ​မျိုး​သား​ပ​ညာ​ရည် ​မြင့်​မား​ရေး​ကြိုး​ပမ်း​ကြ​ဖို့ ​သ​မ္မ​တ​ဦး​သိန်း​စိန် ​တိုက်​တွန်း

အ​မျိုး​သား​ပ​ညာ​ရည် ​မြင့်​မား​ရေး​ကြိုး​ပမ်း​ကြ​ဖို့ ​သ​မ္မ​တ​ဦး​သိန်း​စိန် ​တိုက်​တွန်း

Written By Unknown on Wednesday, November 27, 2013 | 9:24 PM

အ​မျိုး​သား​ပ​ညာ​ရည်​မြင့်​မား​ရေး​အ​တွက် ​စည်း​လုံး​ညီ​ညွတ်​မှု​အင်​အား​ဖြင့်​  ​ကြိုး​ပမ်း ​ဆောင်​ရွက်​သွား​ကြ​ဖို့ ​ဒီ​က​နေ့ ​နိုဝင်​ဘာ​လ ၂၇ ​ရက်​နေ့​မှာ  ​ကျ​ရောက်​တဲ့ ၉၃ ​နှစ်​မြောက် ​အ​မျိုး​သား​နေ့​မှာ ​မြန်​မာ​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​တိုက်​တွန်း​ပြော​ကြား​လိုက်​ပါ​တယ်။

သ​မ္မ​တ ​ဦး​သိန်း​စိန်​က  ​အ​မျိုး​သား​နေ့ ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​ကို​ပေး​ပို့​တဲ့ ​သ၀ဏ်​လွှာ​မှာ ​ခု​လို ​တိုက်​တွန်း​လိုက်​တာ​ဖြစ်​ပါ​တယ်။

ဒီ​သ၀ဏ်​လွှာ​မှာ ​တိုင်း​ပြည်​ရဲ့ ​အ​မျိုး​သား ​ပ​ညာ​ရည်​မြင့်​မား​ရေး​အ​တွက် ​လက်​တွေ့ ​ကျ​တဲ့ ​ပ​ညာ​ရေး ​ပြု​ပြင်​ပြောင်း​လဲ​အ​တွက် ​ပ​ညာ​ရေး ​မြှင့်​တင်​မှု ​အ​ကောင်​အ​ထည်​ဖော်​ရေး ​ကော်​မ​တီ​နဲ့ ​လုပ်​ငန်း ​အ​ဖွဲ့ ၁၈ ​ဖွဲ့​ကို ​ဖွဲ​စည်း​ပြီး ​ရေ​ရှည် ​ဆောင်​ရွက်​မယ့် ​လုပ်​ငန်း​တွေ​ကို ​စီ​မံ​ချက်​တွေ ​ရေး​ဆွဲ​ဆောင်​ရွက်​နေ​တယ်​လို့​လည်း ​ဖော်​ပြ​ထား​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​အန်​အယ်လ်​ဒီ​ပါ​တီ ​က​တော့​  ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ပြင်​ဆင်​ရေး​ကို ​အ​မျိုး​သား​ရေး ​တာဝန်​တ​ရပ်​အ​နေ​နဲ့ ​ပြည်​သူ​လူ​ထု​တစ်​ရပ်​လုံး​ပါဝင် ​ဆောင်​ရွက်​ဖို့ ​တိုက်​တွန်း​ထား​တဲ့ ​အ​ချက် ၄ ​ချက်​ပါ ​အ​မျိုး​သား​နေ့ ​ကြေ​ညာ​စာ​တန်း​ကို ​ထုတ်​ပြန်​ခဲ့​ပါ​တယ်။

ရန်​ကုန်​မြို့ေ​ရွှ​ဂုန်​တိုင်​လမ်း​မှာ​ရှိ​တဲ့ ​ပါ​တီ​ဌာ​န​ချုပ်​မှာ​လည်း ​ယ​နေ့​ခေတ်​လူ​ငယ်​တွေ ​အ​မျိုး​သား​ရေး​စိတ်​ဓာတ်​မြင့် ​မား​လာ​ပြီး​မြန်​မာ​နိုင်​ငံ​ရဲ့ ​နိုင်​ငံ​ရေး​သ​မိုင်း​တွေ​မှာ ​တက်​တက်​ကြွ​ကြွ ​ပါဝင်​လာ​အောင် ​ရည်​ရွယ်​တဲ့ ​အ​မျိုး​သား​အောင်​ပွဲ​နေ့ ​အ​ခမ်း​အ​နား​တ​ခု ​ကျင်း​ပ​သွား​ပါ​တယ်။

အ​ခု​နှစ် ​ကျင်း​ပ​တဲ့ ​အ​မျိုး​သား​အောင်​ပွဲ​နေ့ ​ရည်​ရွယ်​ချက်​နဲ့ ​ပတ်​သက်​ပြီး ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​နာ​ယ​က ​ဦး​တင်​ဦး​က​အ​ခု​လို​ပြော​ပါ​တယ်။

“၁၉၂၀ ​ခု​နှစ်​က ​စ​ပြီး​တော့ ​တ​က္က​သိုလ်​ရဲ့ ​ကျွန်​ပ​ညာ​ရေး​ကို ​တိုက်​ဖျက်​တဲ့​အ​နေ​နဲ့ ​အဲ​ဒီ​တုန်း​က ​တ​က္က​သိုလ်​ကျောင်း​သား​ကြီး​များ​က ​ဦး​ဆောင်​ပြီး​တော့ ​သ​ခင်​ပ​ညာ​ရေး ​ရ​အောင် ​တိုက်​သွား​မယ်​ဆို​တဲ့ ​အောင်​မြင်​ခြင်း​ရ​လဒ်​ရဲ့ ​အ​ထိမ်း​အ​မှတ် ၉၃ ​ကြိမ်​မြောက် ​ဖြစ်​တာ​ကို ၀မ်း​မြောက်ဝမ်း​သာ​အ​နေ​နဲ့ ​အ​မျိုး​သား​အောင်​ပွဲ​နေ့ ​အ​စ​ဉ်​အ​လာ​မ​ပျက် ​ဆက်​လက်​ပြီး ​အ​ထူး​သ​ဖြင့် ​နောင်​လာ​နောင်​သား​တွေ​နဲ့ ​ပတ်​သက်​တာ​အား​လုံး​ပေါ့​။ ​အ​ထူး​သ​ဖြင့် ​အ​ဖွဲ့​ချုပ်​မှာ ​အ​ဖွဲ့​၀င်​ပါ​ကြ​တဲ့ ​ပု​ဂ္ဂိုလ်​တွေ ​အား​လုံး​အ​နေ​နဲ့ ​ပို​ပြီး​တော့ ​တက်​တက်​ကြွ​ကြွ​လှုပ်​ရှား​ရ​အောင်၊ ​ဖက်​စစ်ဝါ​ဒ ​ယောင်​ယောင် ​ဆန်​တဲ့ ၀ါ​ဒ​မျိုး​တွေ​လည်း ​ဘယ်​တော့​မှ ​ဒီ​နိုင်​ငံ​မှာ ​ပြန်​ပြီး​မ​ဖြစ်​ရ​အောင် ​ကျင်း​ပ​တာ​ပေါ့​။”

အန်​အယ်လ်​ဒီ ​ဌာ​န​ချုပ်​မှာ ​ကျင်း​ပ​တဲ့ ​အ​ခမ်း​အ​နား​မှာ ​ယ​နေ့​ခေတ်​လူ​ငယ်​တွေ ​အ​မျိုး​သာ​ရေး ​စိတ်​ဓာတ်​မြင့်​မား​လာ​အောင်​ရည်​ရွယ်​ပြီး​  ​စာ​ပေ​ဟော​ပြော​ပွဲ​တ​ခု​လည်း ​ကျင်း​ပ ​သွား​ရာ​မှာ ​စာ​ရေး ​ဆ​ရာ​မ​နု​နု​ရည်(​အင်း​၀)၊ ​ကာ​တွန်း​ဆ​ရာ ​အော်​ပီ​ကျယ်၊ ​ကို​လေး​(​အင်း​၀​ဂုဏ်​ရည်)​တို့ ​ပါဝင် ​ဟော​ပြော​သွား​ခဲ့​ကြ​ပါ​တယ်။

၈၈ ​မျိုး​ဆက်​ငြိမ်း​ချမ်း​ရေး​နဲ့ ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း​က​တော့​  ​ဒီ​မို​က​ရေ​စီ​စ​နစ်​ကို​သွား​ဖို့ ​ပ​ညာ​ရေး ​အ​ခြေ​ခံ​ကောင်း​ကောင်း​ရှိ​ဖို့ ​လို​တဲ့​အ​ကြောင်း ​အ​မျိုး​သား​နေ့ ​အ​ထိမ်း​အ​မှတ် ​သ၀ဏ်​လွှာ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

၈၈ ​မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ​ကို​ကို​ကြီး​က ​သူ​တို့​ထုတ်​ပြန်​တဲ့ ​သ၀ဏ်​လွှာ​အ​ကြောင်း​ကို ​အ​ခု​လို​ပြော​ပြ​သွား​တာ​ပါ။
“​ကျ​နော်​တို့ ​ဖြတ်​သန်း​ရ​မယ့် ​စိန်​ခေါ်​မှု​တွေ​က ​အ​များ​ကြီး​ရှိ​တယ်။ ​ဥ​ပ​မာ – ​အ​ရပ်​ဖက် ​စစ်​ဖက် ​ဆက်​ဆံ​ရေး​၊ ​လက်​ရှိ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ဆိုင်​ရာ ​အ​ခက်​အ​ခဲ၊ ​တိုင်း​ရင်း​သား​တွေ​နဲ့ ​ငြိမ်း​ချမ်း​ရေး​ရ​ရှိ​ရေး​၊ ​ဖက်​ဒ​ရယ်​ပြည်​ထောင်​စု ​တည်​ဆောက်​ရေး ​အ​စ​ရှိ​သ​ဖြင့် ​စိန်​ခေါ်​ရ​မယ့် ​အ​ခက်​အ​ခဲ ​အ​များ​ကြီး ​ရှိ​တဲ့ ​အ​ထဲ​မှာ ​တ​ဖက်​က​လည်း ​ဒီ​မို​က​ရေ​စီ​ကို ​သွား​ဖို့​ဆို​ရင် ​ပ​ညာ​ရေး​အ​ခြေ​ခံ ​ကောင်း​ကောင်း​ရှိ​ဖို့​လို​တယ်။ ​ကျောင်း​သား​ထု​က ​နိုင်​ငံ​ရေး ​လှုပ်​ရှား​မှု​မှာ ​တောက်​လျှောက်​တက်​တက်​ကြွ​ကြွ ​ပါ​ခဲ့​တဲ့ ​တ​ချိန်​ထဲ​မှာ ​ဒီ​နေ့ ​ဒီ​အ​ချိန်​အ​ခါ​မှာ​တော့ ​အ​မျိုး​သား ​ပ​ညာ​ရေး ​အ​ဆင့်​မြှင့်​တင်​ဖို့ ​ကိ​စ္စ​ကို​လည်း ​အား​လုံး​က​နေ​ပြီး​တော့ ​အ​မျိုး​သား​ရေး ​တာဝန်​တ​ရပ်​အ​ဖြစ် ၀ိုင်း​၀န်း​ကြိုး​ပမ်း​ကြ​ဖို့ ​သ၀ဏ်​လွှာ​မှာ ​နိုး​ဆော်​ထား​ပါ​တယ်။”

၁၉၂၀ ​ပြည့်​နှစ်​က   ​ဗြိ​တိ​သျ​ကို​လို​နီ​နယ်​ချဲ့​ရဲ့ ​ကျွန်​ပ​ညာ​ရေး ​စ​နစ်​ကို  ​ရန်​ကုန်​တ​က္က​သိုလ် ​ကျောင်း​သား​တွေ​က ​ဆန့်​ကျင်​ကန့်​ကွက်​ခဲ့​ကြ​တဲ့ ​တန်​ဆောင်​မုန်း​လ​ပြည့်​ကျော် ၁၀ ​ရက်​နေ့ ​ရောက်​တိုင်း ​မြန်​မာ​နိုင်​ငံ​မှာ ​အ​မျိုး​သား​အောင်​ပွဲ​နေ့​ကို ​နှစ်​စ​ဉ်​ကျင်း​ပ​လေ့​ရှိ​တာ​ဖြစ်​ပါ​တယ်။

By ​မျိုး​ဇော်​လင်း​(ဒီဗွီဘီ)