Home » » ကမ္ဘာကျော် ချောင်းသာကမ်းခြေ စည်းကမ်းမဲ့သူများကြောင့် ကမ်းခြေအလှများ ပျက်စီး

ကမ္ဘာကျော် ချောင်းသာကမ်းခြေ စည်းကမ်းမဲ့သူများကြောင့် ကမ်းခြေအလှများ ပျက်စီး

Written By Unknown on Friday, November 29, 2013 | 12:47 PM

ပုသိမ်၊ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ပွဲ အတွင်းရှိ မြန်မာနိုင်ငံ၌ သာမက ကမ္ဘာတွင်ပါ ထင်ရှား ကျော်ကြားခဲ့သော ချောင်းသာ အပန်းဖြေကမ်း ခြေသည် ယခုအခါ စည်းကမ်းမဲ့သူ များကြောင့် ကမ်းခြေ၏ ရှုခင်းအလှ တရားများ ပျက်စီးသွားပြီး လာမည့် နှစ်အနည်းငယ်အတွင်း ကမ်းခြေတစ်ခုလုံး ပျက်စီးသွား နိုင်သဖြင့် ကမ်းခြေ ရေရှည်တည် တံ့စေရန် လိုလားကြောင်း ချောင်းသာ ကမ်းခြေ ဒေသခံ များမှ ပြော ဆိုကြသည်။

ကမ္ဘာကျော် ချောင်းသာ ကမ်းခြေသည် ယခုအခါသောင်ပြင် ကမ်းစပ် ရေလှိုင်းရောက် သည့် နေရာ အထိဈေးဆိုင် ခန်းများ ကျူးကျော်ခင်းကျင်း ရောင်းချနေပြီး သောင်စပ်၌ အမှိုက်သရိုက်များ စည်းကမ်း မဲ့စွာစွန့်ပစ်ခြင်း၊ အကြော် အလှော် အနံ့များနှင့် စားကြွင်းစားကျန်များ၏ ပုပ်သိုးနံ့များကြောင့် လေထု ညစ်ညမ်းမှုများဖြစ် ပေါ်လာခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး ကမ်းခြေ၏ အလှတရားများ ကွယ်ပျောက်ကာ လာမည့်နှစ် အနည်းငယ်အတွင်း ကမ်းခြေတစ်ခုလုံးနီးပါး ပျက်စီး သွားနိုင်ကြောင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး သင်တန်းများ တက်ရောက်ထားသူ ချောင်းသာ ဒေသခံ မောင်ပုတို့မှပြောကြား သည်။ …

““သူတို့က ကမ်းစပ်မှာတင် ဆိုင်ဆောက်ပြီး ရောင်းနေကြတာ။ သူတို့အတွက် သက်ဆိုင်ရာက လမ်းမဘေးမှာ ဆိုင်ခန်းတွေ ဆောက်ပေးထားတယ်။ အဲဒီမှာ လာမရောင်းဘဲ ဧည့်သည်တွေနဲ့ နီးကပ်အောင် သောင်ပြင်မှာ လာရောင်းကြတာ၊ ပြီးတော့ ဒေသခံတွေလည်း မဟုတ်ဘူး။ နယ်ပေါင်းစုံက လာကြတာ၊ ကလေးတွေကလည်း ဧည့်သည်တွေကို ၀ိုင်းထားပြီး မ၀ယ်မချင်း မပြန်တော့ ဧည့်သည်တွေ စိတ်ဒုက္ခ ရောက်ရ တယ်။ ကုမ္ပဏီတွေက အပျော်စီး ရေယာဉ် speed board တွေကလည်း သတ်မှတ်နေရာမှာ မရပ်ဘဲ ရေဆော့ နေတဲ့ ဧည့်သည်တွေကြားမှာ အတင်အချလုပ်ပြီးအရှိန်ပျင်းပျင်း နဲ့ဝင်ထွက်မောင်းနှင်နေကြတယ်။ သူတို့ချထားတဲ့ ကျောက်ဆူးနဲ့ ဧည့်သည်တွေရဲ့ ခေါင်းတွေခြေထောက် တွေထိမိပြီး ဒဏ်ရာရတာတွေရှိ တယ်””ဟု ကိုမောင်ပုမှ ဆက်လက် ပြောဆိုသည်။

အဆိုပါ အပျော်စီး ရေယာဉ်များကြောင့် ရေချိုးသူ များမှာ ကြောက်လန့်နေရကြောင်း၊ ကမ်းခြေသောင် ပြင်၌ ဆိုင်ခန်းများ ပြည့်နှက်နေ၍ သောင်ပြင်ပေါ် လမ်းလျှောက်ရင်း၊ လဲလျောင်းရင်း၊ ပင်လယ် နေ၀င်ချိန်ကို ကြည့်ရှုရသည့် အရသာပျောက် ဆုံးနေရကြောင်း၊ ညှော်နံ့၊ ငါးပုစွန်ပုပ်နံ့၊ အမှိုက်သရှိုက်အညစ် အကြေးနံ့များ၊ အရက်၊ ဘီယာနံ့ များကြောင့် ပင်လယ်ပြင်၏ လတ်ဆတ်သောလေကို မရှူကြရတော့ ကြောင်း ကမ်းခြေအနားယူရန် လာရောက်သူ ဧည့်သည်တစ်ဦးမှ ပြောဆိုသည်။

အပျော်စီး ရေယာဉ်များအား ဧည့်သည်များ ရေကူးရာ ဧရိယာ အတွင်းမ၀င် ရောက်ရန်သတ်မှတ် ပေးထားကြောင်း မကြာမီ(——–) များသတ်မှတ်ပေးရန် စီစဉ်နေကြောင်း၊ သို့မှသာ ဧည့်သည်များကလည်း အဆိုပါ လိုင်းအား ကျော်၍ ရေမကူးစေဘဲ ရေယာဉ်များမှလည်း အတွင်းသို့ ၀င်ရောက်မလာစေရန် တားဆီး နိုင်မည်ဖြစ်ကြောင်း၊ စစ်တပ်နှင့် တောင်သူများ အငြင်းပွားနေဆဲ မြေနေရာများတွင်လည်း တည်းခို ခန်း ဆောက်လုပ်မှုများရှိနေ ကြောင်း၊ အဆိုပါကိစ်္စနှင့် ဆိုင်ခန်း ကိစ္စများကို NGO အဖွဲ့သားဖြစ် သော မိမိတို့အ ဖွဲ့အနေဖြင့် မဖြေ ရှင်းနိုင်ကြောင်း၊ ဒေသအာဏာပိုင် များမှသာ ဖြေရှင်းပေးနိုင်ကြောင်း မိမိတို့တတ်နိုင် သမျှအစည်းအဝေးများ ခေါ်၍ ပညာပေး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရေရှည် ဆက်သွားနေပါက ဒေသပျက်စီး ကျန်ရှိနိုင်ကြောင်း၊ ဟိုတယ်လုပ် ငန်းရှင်များအသင်း (ချောင်းသာ ဇုန်) ဘဏ္ဍာရေးမှူး ဦးကျော်ဟိုးမှ မြန်မာသံတော်ဆင့်သို့ပြောသည်။

““အဲဒီနေရာတွေကို ဒေသခံ အမိန့်ထုတ်ထားတယ်။ ချောင်းသာက မြို့နယ်ခွဲတစ်ခုပါ ပုသိမ်မြို့ရဲ့ စည်ပင်သာယာ နယ်နိမိတ်အတွင်း မှာလည်း မရှိတော့ စည်ပင် ဥပဒေနဲ့လည်း အရေးယူလို့ မရဘူး။ လုံ ခြုံရေး အင်အားကလည်း နည်းတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ စည်ပင်နယ်နိမိတ် အဖြစ် သတ်မှတ် ပေးဖို့တင်ပြ ထားပါတယ်””ဟု ရွှေသောင်ယံ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးမှ ပြောဆိုသည်။

ချောင်းသာ ကမ်းခြေတွင် ယခုအခါ ဟိုတယ်မိုတယ် ၁၆ လုံး –နှင့် တည်းခိုခန်း ၄၀ လုံးရှိပြီး လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ဝင်များမှာ နည်းနေသေးကာ အခန်းတစ်ခုတွင် —– ၁၀ ဦးရှိရ မည်ဟုဖွဲ့စည်းပုံတွင် ပါသော်လည်း အများဆုံး ၃ဦးသာ ထားရှိနိုင် သေးကြောင်း၊ ဒေသတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO များ အားနည်းနေသဖြင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ မရှိကြသေးကြောင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝသယံဇာတ တွေကို အချိန်မီ ထိန်းသိမ်းရန် လိုအပ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးမြင့်အောင်က ပြောကြား သည်။

ရဲရင့်ထွန်း (ပုသိမ်)

Myanmartandawsint Newspaper